အမူးအမော်ပြေစေပြီး သောက်လို့ကောင်းတဲ့ စတော်ဘယ်ရီသံပုရာ လစ်မနစ်ဖျော်ရည်လေးပါ။
Thiha Htun

ခုချိန်က စတော်ဘယ်ရီသီးပေါ်ချိန်ဆိုတော့ ဈေးထဲသွားရင် စတော်ဘယ်ရီသီးတွေကိုတော့ ပေါပေါလောလော မြင်ရမှာပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် စတော်ဘယ်ရီသီးကို ရေဆေးပြီး အစိမ်းစားချင်စား၊ ဒါမှမဟုတ် နို့ဆီနဲ့ ခလောက်ပြီး ဖျော်ရည်လုပ်သောက် တတ်ကြပါတယ်။ ပုံမှန်အတိုင်းကြီးပဲ သွားနေရင် ဘဝက ပျင်းဖို့ကောင်းပါတယ်။

ဒီနေ့မှာ စတော်ဘယ်ရီသီးတွေကို mocktail စတိုင်လ်လေး ဖျော်သောက်ကြရင် ကောင်းမလား။ ချိုချိုချဉ်ချဉ် အရသာကိုမှ နှစ်သက်ပါတယ်ဆိုသူတွေအတွက် စတော်ဘယ်ရီသီးလေးတွေနဲ့ သံပုရာသီးလေးတွေကိုရောပြီး ဖျော်စပ်ထားတဲ့ စတော်ဘယ်ရီသံပုရာ လစ်မနစ်ဖျော်ရည် စပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

strawberry-and-lime-water.jpg

ပါဝင်ပစ္စည်းတွေကတော့ ရှောက်သီး (သို့) သံပရိုသီး (၇) လုံးခန့်၊ သံပုရာသီး (၇) လုံးခန့်၊ စတော်ဘယ်ရီ (၂၄) အောင်စခန့်၊ သကြား (၂) ခွက်ခန့်၊ သံပုရာဖျော်ရည်အဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်၊ ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ရေခဲရေတစ်ဂါလံခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Homemade-Strawberry-Lemon-Lime-Lemonade-5.jpg 

အရင်ဆုံး စတော်ဘယ်ရီသီးလေးတွေကို လှီးစိတ်ပြီး အရွယ်တော်အိုးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် သံပုရာဖျော်ရည်အနှစ် တစ်ဇွန်းရယ်၊ ဗနီလာအနှစ်ရယ်၊ သကြားရယ်ကို စတော်ဘယ်ရီသီးတွေ ထည့်ထားတဲ့ အိုးထဲကို ထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင်နယ်လိုက်ပြီး (၁၅) မိနစ်ခန့် အပူပေးလိုက်ပါ။ အငွေ့ထွက်နိုင်အောင် အိုးအဖုံးကို အလုံမပိတ်ဘဲ နည်းနည်းလေး ဟထားပေးလိုက်ပါဦး။ (၁၅) မိနစ်ပြည့်ရင်တော့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်က ချနိုင်ပါပြီ။

 

သံပရိုသီး (၆) လုံးနဲ့ သံပုရာသီး (၆) လုံးကို အရည်ညှစ်ပြီး ဖန်ရေတကောင်းတစ်လုံးထဲမှာ ထည့်လိုက်ပါ။ အဲဒီအရည်တွေအားလုံး ပေါင်းလိုက်ရင် တစ်ဂါလံခွဲလောက် ရပါလိမ့်မယ်။

 

ခုနက အပူပေးထားတဲ့ စတော်ဘယ်ရီအနှစ်ကိုတော့ ဘယ်ရီသီးဖတ်လေးတွေကော၊ ဖျော်ရည်တွေကိုပါ သံပုရာရည်ထည့်ထားတဲ့ ဖန်ရေတကောင်းထဲကို လောင်းထည့်လိုက်ပါ။ ပြီးရင် ဇွန်းရှည်တစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ရေခဲရေတစ်ဂါလံခန့်ကိုလည်း လောင်းထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ ဒါဆိုရင်တော့ စတော်ဘယ်ရီသံပုရာ လစ်မနစ်ဖျော်ရည်လေးကို အသင့်သောက်သုံးနိုင်ပါပြီ။ ဖန်ခွက်ရှည်လေးတွေထဲကို လောင်းထည့်ပြီး ဖန်ခွက်နှုတ်ခမ်းမှာ သံပုရာသီးစိတ်လေးတွေလှီးပြီး တင်ထားပေးလိုက်ပါဦးနော်။

Source: Willcookforsmile


Author


က္က