ရုံးပိတ်ရက်မှာ ရုပ်ရှင်လေးဘာလေးကြည့်ရင်း အပန်းဖြေမယ်ဆိုရင် နေကြာစေ့လေးတစ်ထုပ်တော့ ဆောင်သွားတတ်တာပဲ မဟုတ်လား။

ရုံးပိတ်ရက်မှာ ရုပ်ရှင်လေးဘာလေးကြည့်ရင်း အပန်းဖြေမယ်ဆိုရင် နေကြာစေ့လေးတစ်ထုပ်တော့ ဆောင်သွားတတ်တာပဲ မဟုတ်လား။ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့လေး တထောက်ထောက် ဝါးနေရတာကိုက အရသာတစ်ခုလေ။ ဒါပေမယ့် နေကြာစေ့ထဲမှာ လူသိပ်မသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါသေးတယ်။ ဘာပဲပြောပြော ကိုယ်စားမယ့် အစားအစာက ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိစေနိုင်လဲဆိုတာကို သိထားတာ ကောင်းတာပေါ့။



၁။ ဆဲလ်ပျက်ဆီးခြင်းကို ကာကွယ်နိုင်တယ်

1452647571766.jpeg 

နေကြာစေ့တွေဟာ ဗိုက်တာမင်အီးကြွယ်ဝတဲ့ အစေ့အဆန်တွေဖြစ်ပြီး ဗိုက်တာမင်အီးဟာ နေ့စဉ်အာဟာရ လိုအပ်ချက်အတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နေကြာစေ့ထဲမှာ antioxidant ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ free radical ပျံ့ပွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။ Free radical တွေဟာ ခန္ဓာကိုယ်ဆဲလ်တွေ ပျက်ဆီးမှုကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။ နေကြာစေ့စားပေးရင်တော့ အဲဒီလို ဆဲလ်ပျက်ဆီးမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၂။ အစာကြေလွယ်စေတယ်

နေကြာစေ့ထဲမှာ အမျှင်ဓာတ်အထူးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာခြေအင်္ဂါစနစ်ကို အထောက်အကူပြုနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အမျှင်ဓာတ်နည်းပါးနေရင် ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာနဲ့ အညစ်အကြေးစွန့်အင်္ဂါ သွေးကြောရောင်ရမ်းခြင်းတို့လို ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အဲဒီလို အစာခြေစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အဆိပ်သင့်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ကို တစ်နေ့မှာ အမျှင်ဓာတ် (၃၀) ဂရမ် စားပေးသင့်တော့ တီဗီလေးကြည့်ရင်း နေကြာစေ့ဝါးပေးခြင်းက အထောက်အကူ ဖြစ်စေနိုင်မှာပါ။

၃။ ခွန်အားတိုးစေတယ်

201986-3504x2336-sunflower-seeds.jpg 

အားကစားသမားတွေက နေကြာစေ့စားခြင်းကို နှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေကြာစေ့ထဲမှာ ပရိုတိန်းဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်လို့ပါပဲ။ နေကြာစေ့ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဂလိုက်ကိုဂျင် (glycogen) ဆိုတဲ့ ဓာတ်တစ်မျိုးကို သွေးကြောထဲရောက်အောင် အသည်းကစွန့်ထုတ်နိုင်စွမ်းကို အထောက်အကူပေးပါတယ်။ အဲဒီ ဂလိုက်ကိုဂျင် (glycogen) ဆိုတဲ့ ဓာတ်က ခွန်အားကို တိုးစေနိုင်ပါတယ်။

၄။ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေတယ်

Sunflower_Seeds_by_Ai_Weiwei.jpg 

နေကြာစေ့ထဲက သံဓာတ်က ကြွက်သားတွေထဲကို အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်ပြီး ဇင့်ဓာတ်ကတော့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းရာသီလို ကာလမျိုးမှာ နေကြာစေ့စားပေးခြင်းက အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

မဂ္ဂနီစီယမ်ကတော့ အရိုးတွေကို သန်မာစေဖို့နဲ့ ခွန်အားတိုးစေဖို့အတွက် အဓိကလိုအပ်တဲ့ ဓာတ်တစ်မျိုးပါပဲ။ ဒီလိုသတ္ထုဓာတ်တွေက ကြွယ်ဝတဲ့ နေကြာစေ့ကို စားပေးခြင်းဖြင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။

၅။ ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးတယ်

478043325.jpg 

လေ့လာမှုတော်တော်များများမှာ ဖော်ပြနေတာကတော့ နေကြာစေ့ထဲမှာ ဦးနှောက်ကိုတည်ငြိမ်စေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါဟာ နေကြာစေ့ထဲမှာ ပါဝင်တဲ့ tryptophan ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့်ပါပဲတဲ့။ အဲဒီဓာတ်ဟာ ဦးနှောက်ထဲက ဆာရိုတိုနင်ဆိုတဲ့ အာရုံကြောလှုံ့ဆော်ပစ္စည်းကို တိုးပွားစေနိုင်ပါတယ်။ ဆာရိုတိုနင်ကတော့ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေကြာစေ့ စားပေးခြင်းဟာ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က