ကန်စွန်းဥရဲ့ ချိုမြိန်တဲ့အရသာကို ကြွပ်ရွတဲ့ ကွတ်ကီးမုန့်လေးထဲမှာ ပေါင်းစပ်ထားတဲ့အတွက် စားရတာ အရမ်းအရသာရှိမှာတော့ အသေအချာပါပဲ။

မနက်ရုံးမသွားခင် ကော်ဖီပူပူလေးတစ်ခွက်နဲ့ ကွတ်ကီးလေးတစ်ချပ် တို့စားရတာကို ကြိုက်ကြလား။ ကွတ်ကီးမုန့်ကို နှစ်သက်သူတွေအတွက် ဒီနေ့မှာတော့ ကန်စွန်းဥနဲ့ ကွတ်ကီးမုန့် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကန်စွန်းဥရဲ့ ချိုမြိန်တဲ့အရသာကို ကြွပ်ရွတဲ့ ကွတ်ကီးမုန့်လေးထဲမှာ ပေါင်းစပ်ထားတဲ့အတွက် စားရတာ အရမ်းအရသာရှိမှာတော့ အသေအချာပါပဲ။



ပါဝင်ပစ္စည်းများ

sweet-potato.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကန်စွန်းဥ အရွယ်တော် (၄) တုံးခန့်၊  ဂျုံမှုန့် (၂) ခွက်၊ အုတ်ဂျုံမှုန့် (၁) ခွက်ခွဲခန့်၊ မုန့်ဖုတ်ဆိုဒါ (၁) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ ဇာတိပ္ဖိုလ်သီးမှုန့် (၁/၂) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် (၂) ဇွန်း၊ လေးညှင်းမှုန့် (၁/၂) ဇွန်း၊ ဂျင်းမှုန့်  (၁/၂) ဇွန်း၊ ထောပတ်  (၁/၂) ခွက်၊ သကြားညို  (၁/၂) ခွက်နဲ့ သကြားဖြူ  (၁/၂) ခွက်၊  ကြက်ဥအကြီး (၁) လုံး၊ ဗနီလာအရည် (၁) ဇွန်း၊ ချောကလက် chips မှုန့် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

1474330664930.jpeg 

ကန်စွန်းဥကို အခွံခွာပြီး အတုံးသေးသေးလေးတွေဖြစ်အောင် တုံးတစ်လိုက်ပါ။ ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ကန်စွန်းဥတုံးလေးတွေကို ပြုတ်ပေးလိုက်ပါ။ (၁၅) မိနစ်ခန့်ကြာရင် ရပါပြီ။ ဒါဆိုရင် ရေကိုသွန်ချပြီး ကန်စွန်းဥတုံးတွေကို ခက်ရင်းတစ်ချောင်းနဲ့ ဖိချေပေးလိုက်ပါ။ ပြီးရင် အအေးခံထားပေးလိုက်ပါ။

 

အရွယ်တော်ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် (၂) ခွက်၊ အုတ်ဂျုံမှုန့် (၁) ခွက်ခွဲခန့်၊ မုန့်ဖုတ်ဆိုဒါ (၁) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ ဇာတိပ္ဖိုလ်သီးမှုန့် (၁/၂) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် (၂) ဇွန်း၊ လေးညှင်းမှုန့် (၁/၂) ဇွန်းနဲ့ ဂျင်းမှုန့်  (၁/၂) ဇွန်းတို့ကို ရောထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ မွှေလိုက်ပါ။ ပြီးရင် ဘေးဖယ်ထားလိုက်ပါ။

ထောပတ်  (၁/၂) ခွက်၊ သကြားညို  (၁/၂) ခွက်နဲ့ သကြားဖြူ  (၁/၂) ခွက်တို့ကိုလည်း ချောမွေ့သည်အထိ ရောမွှေပေးလိုက်ပါ။ ပြီးရင် ကြက်ဥအကြီး (၁) လုံးနဲ့ ဗနီလာအရည် (၁) ဇွန်းတို့ကိုလည်း ထည့်ပေးလိုက်ပါ။ အဲဒီအချိန်မှာ ကန်စွန်းဥလည်း အေးလောက်ပြီဆိုတော့ သကြားနဲ့ထောပတ်အရောထဲကို ရောထည့်ပေးလိုက်ပါ။

 

ဂျုံမှုန့်အရောပန်းကန်ကိုလည်း ကန်စွန်းဥပန်းကန်ထဲကို ပေါင်းထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးရင် အပေါ်ကနေ ချောကလက်မုန့်ပြား (၁) ခွက်ခွဲခန့် ရောထည့်ပေးလိုက်ပါ။ အဲဒီအချိန်မှာ မုန့်ဖို (oven) ကို အပူချိန် (၁၇၅) ဒီဂရီစင်တီဂရိတ်ခန့် အပူပေးထားလိုက်ပါဦး။

ကွတ်ကီးမုန့်နှစ်ကိုတော့ ကွတ်ကီးပုံပေါ်အောင် ပုံသွင်းပြီး ဆီစိမ်စက္ကူ (သို့) မုန့်ဖုတ်စက္ကူပေါ်မှာ တင်ပြီးဖုတ်ပေးလိုက်ပါ။ အနည်းဆုံး (၁၀) မိနစ်ကနေ (၁၅) မိနစ်ကြားကြာအောင် ဖုတ်ပြီးရင်တော့ ကွတ်ကီးကျက်လောက်ပါပြီ။ ဒါမှမဟုတ် အပြင်ဘက်မှာ ကြွပ်ရွပုံပေါ်နေရင် ရပ်လို့ရပါပြီ။

 

ကွတ်ကီးလေးတွေကို မုန့်ဖိုထဲကထုတ်ပြီး မုန့်ဗန်းထဲမှာ မိနစ် (၂၀) ခန့် အအေးခံထားပေးလိုက်ပါ။ ပြီးရင်တော့ ကော်ဖီပူပူလေး (သို့) လက်ဖက်ရည်ပူပူလေး တစ်ခွက်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။ ပိုနေရင်လည်း ဘူးလေးတစ်ဘူးထဲ ထည့်သိမ်းထားပြီး နောက်နေ့မှ ဧည့်သည်တွေကို ထုတ်ပြီး ဧည့်ခံပေးလိုက်ပေါ့။

Source: Sidechef


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က