မန်ကျည်းသီးပေါ်ချိန်တောင် ရောက်တော့မယ်ဆိုတော့ ပုစွန်လေးကို မန်ကျည်းသီးလေးနဲ့ရောပြီး ချက်စားကြည့်ကြရအောင်။

ဆောင်းကုန်လို့ နွေကူးခါနီးပြီဆိုတော့ မန်ကျည်းသီးပေါ်ချိန်လည်း ရောက်ခါနီးပါပြီ။ ဒီတော့ မန်ကျည်းသီးမှည့်နဲ့ ပုစွန်ကိုရောပြီး မလေးရှားစတိုင်လ် ချက်ထားတဲ့ မန်ကျည်းပုစွန်ချက်လေးကို ချက်စားကြရင် မကောင်းဘူးလား။ မွှေးပျံ့တဲ့ရနံ့၊ ဆွဲဆောင်မှုရှိတဲ့ အရသာနဲ့ ထမင်းမြိန်စေမယ့် ဟင်းပွဲလေးပါနော်။ ဟင်းချက်နည်းကိုတော့ အောက်မှာဆက်ဖတ်ပေးကြပါဦး။

ပါဝင်ပစ္စည်းများ

fresh-shrimp.jpg 

လူ (၄) ယောက်စာ ဟင်းပွဲ (၁) ပွဲအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မန်ကျည်သီးမှည့်အနှစ် (၁) ဇွန်းခန့်၊ အကြေးခွံခွာပြီးသား ပုစွန် (၁) ပေါင်ခန့်၊ သကြား (၁) ဇွန်း၊ ပဲငံပြာရည်အနောက် ဇွန်းဝက်ခန့်၊ ဟင်းချက်ဆီ (၂) ဇွန်းခန့်၊ ရေနွေး (၁/၄) ခွက်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

IMG_2347.JPG 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ မန်ကျည်းသီးမှည့်နဲ့ ရေနွေးကို ရောထည့်ပေးလိုက်ပါ။ (၁၅) မိနစ်ခန့် ရေနွေးစိမ်ပြီး ဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ရင်တော့ မန်ကျည်းသီးရည်ကို ရရှိမှာဖြစ်ပါတယ်။

 

ရလာတဲ့ မန်ကျည်သီးရည်ကို အကြေးခွံခွာပြီးသား ပုစွန်ပန်းကန်ထဲကို လောင်းထည့်ပေးလိုက်ပါ။ သကြားနည်းနည်းနဲ့ ပဲငံပြာရည်အနောက်ကိုလည်း ရောထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ (၁၅) မိနစ်ခန့် စိမ်ပြီးရင်တော့ ပုစွန်လေးတွေကို မန်ကျည်းရည်ထဲက ဆယ်ထုတ်ပေးလိုက်ပါ။

 

ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး မီးပြင်းပြင်းနဲ့ အပူပေးလိုက်ပါ။ ပြီးရင် ဟင်းချက်ဆီနည်းနည်းထည့်ပြီး ဆီပူပေးထားလိုက်ပါ။ ဆီပူပြီဆိုရင် ပုစွန်ဆိတ်လေးတွေကို ဒယ်အိုးထဲ ထည့်ပေးလိုက်ပါ။ ထည့်ပြီးပြီးချင်း စက္ကန့် (၃၀) လောက် ဘာမှမလုပ်ဘဲ ဒီတိုင်းပဲ ဆီပူထိုးပေးလိုက်ပါ။ ပြီးရင်တော့ သစ်သားယောက်မလေးနဲ့ ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပါ။

 

ခနကြာရင် ခုနက မန်ကျည်းရည်ကို ဒယ်အိုးထဲကို လောင်းထည့်ပေးလိုက်ပါ။ အရည်စပ်စပ်လေး စားချင်ရင်တော့ ရေနည်းနည်းပါ ထပ်ရောပေးလိုက်ပေါ့။ မိနစ်အနည်းငယ် ချက်ပြုတ်ပြီးမှ ပုစွန်ဖတ်လေးတွေ အညိုရောင်သမ်းလာပြီဆိုရင် ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းထည့်နိုင်ပါပြီ။ ထမင်းပူပူလေးနဲ့ရောပြီး လွေးလိုက်ရင်တော့ ဗိုက်ကားနေအောင် တွယ်လို့ရပါပြီနော်။

Source: Sidechef


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က