နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိထားရင် အထာကျကျ နာနတ်သီးစားလို့ ရတာပေါ့နော။

အပူပိုင်းဒေသ သီးနှံတစ်မျိုးဖြစ်တဲ့ နာနတ်သီးဟာ တမူထူးခြားတဲ့ အရသာနဲ့ အံ့သြဖွယ် ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် နာမည်ကျော်ကြားပါတယ်။ နာနတ်သီးရဲ့ ချိုချိုချဉ်ချဉ် အရသာလေးကြောင့် လူတိုင်းနှစ်သက်ကြပေမယ့် သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ လူတိုင်းသိကြမယ် မထင်ပါဘူး။ ဘာပဲပြောပြော နာနတ်သီးရဲ့ အကျိုးကျေးဇူးတွေကို သိထားရင် အထာကျကျ နာနတ်သီးစားလို့ရတာပေါ့နော။



၁။ အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတယ်

pineapple.jpg 

နာနတ်သီးကို ကျန်းမာရေးနဲ့ ဆက်နွယ်ပြီး အသုံးပြုကြတဲ့ထဲမှာ နာမည်အကြီးဆုံးကတော့ အဆစ်အမြစ်ရောင် ရောဂါကို ကုသဖို့အတွက် အသုံးပြုကြတာပါပဲ။ နာနတ်သီးစားပေးခြင်းက အရိုးအဆက်တွေနဲ့ ကြွက်သားရောင်ရမ်းခြင်း ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နာနတ်သီးထဲမှာ bromelain (ဘရိုမီလိန်း) ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး အဲဒီအင်ဇိုင်းက အဆစ်အမြစ်ရောင်ရမ်းခြင်း ဝေဒနာတွေကို လျှော့ချပေးနိုင်တာပါ။

၂။ ကိုယ်ခံအားကောင်းစေတယ်

956bc219-b586-4719-9be5-1d3c0209d924.jpeg 

နာနတ်သီးတစ်လုံးမှာ လူသားတွေ နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ လိုအပ်ချက် (၁၃၀) ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီအချက်က နာနတ်သီးကို အာဟာရဓာတ်အပြည့်ဝဆုံးနဲ့ အရသာအရှိဆုံး ရင်းမြစ်တစ်ခု ဖြစ်လာစေပါတယ်။ ဗိုက်တာမင်စီဟာ ဖျားနာခြင်းကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အတွက် နာနတ်သီးစားပေးရင် တော်ရုံနဲ့ ဖျားနာစေနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခါ ပီဇာဆိုင်သွားရင် ဟာဝိုင်အီစတိုင်လ်ပီဇာကိုပဲ ရွေးချယ်လိုက်ပေါ့။

၃။ အနာအကျက်မြန်စေတယ်

pineapple_tipping_from_can_178228631_1200.jpg 

နာနတ်သီးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်စီရဲ့ ဂုဏ်သတ္တိတွေထဲမှာ စိတ်ဝင်စားဖွယ် ဂုဏ်သတ္တိတစ်ခု ပါဝင်ပါသေးတယ်။ အဲဒါကတော့ Collagen ဆိုတဲ့ ပရိုတိန်းဓာတ်တစ်မျိုးကို ဖန်တီးပေးနိုင်တာပါပဲ။ အဲဒီဗိုက်တာမင်ဟာ သွေးကြောနံရံတွေ၊ အရေပြားတွေ၊ ကိုယ်တွင်းကလီစာတွေနဲ့ အရိုးဆဲလ်တွေ တည်ဆောက်ရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် နာနတ်သီးစားပေးခြင်းဟာ ဒဏ်ရာတွေကိုလည်း အကျက်မြန်စေပါတယ်။

၄။ ကင်ဆာကာကွယ်နိုင်တယ်

471360608.jpg 

နာနတ်သီးဟာ ခံတွင်း၊ လည်ချောင်းနဲ့ ရင်သားကင်ဆာရောဂါဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာနတ်သီးထဲမှာ ဗိုက်တာမင်တွေ၊ အာဟာရဓာတ်တွေအပြင် antioxidant တွေလည်း ကြွယ်ဝစွာ ပါဝင်နေလို့ပါပဲ။ နာနတ်သီးထဲက ဗိုက်တာမင်အေ၊ ဗီတာ ကာရိုတင်း၊ ဘရိုမီလိန်နဲ့ မန်းဂနိစ်တို့ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါပဲ။

၅။ အစာကြေလွယ်စေပါတယ်

gettyimages-468941379.jpg

ဒီတစ်ချက်ကတော့ ရှင်းပါတယ်။ နာနတ်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုး ဖြစ်တဲ့အတွက် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ လေအောင့်ခြင်း၊ ဝမ်းတွင်းသွေးပါခြင်း အစရှိတဲ့ အစာအိမ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာလမ်းကြောင်းတလျှောက် အစာစီးဆင်းမှုကို ချောမွေ့စေပြီး  နာနတ်သီးထဲက အာဟာရဓာတ်တွေကို လူ့ခန္ဓာကိုယ်မှ အကျိုးရှိရှိ စုပ်ယူနိုင်အောင် ကူညီပေးနိုင်ပါသေးတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က