Thiha Htun

လူဆိုတာ work-life balance လို့ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝကြားမှာ မျှခြေညီအောင် နေထိုင်တတ်မှ လူကောစိတ်ပါ ကျန်းမာနိုင်တာပါ။ အလုပ်ချည်းပဲ ဖိလုပ်နေလို့ အဆင်မပြေနိုင်သလို ဘာအလုပ်လုပ်မှ မလုပ်ဘဲ လူမှုရေးပဲ ထိုင်လုပ်နေလို့လည်း မဖြစ်သေးဘူးလေ။ အဲဒီလိုမျိုး work-life balance မျှတစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သောကြာနေ့လို ညမျိုးမှာ အပေါင်းအသင်းတွေနဲ့အတူ ဘီယာဆိုင် ထိုင်တာပါပဲ။

 

ဘီယာအေးအေးလေး တစ်ခွက်နဲ့အတူ မြည်းလိုု့ကောင်းတဲ့ထဲမှာ ကြက်သွန်နီကွင်းကြော်တို့၊ အာလူးချောင်းကြော်တို့ကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ကြက်သွန်နီကွင်းကြော်ကို အိမ်မှာလုပ်စား ချင်သူတွေအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Onion_Ring2.jpg 

ကြက်သွန်နီ (အလုံးကြီး) (၃) လုံး၊ ဂျုံမှုန့် (၁) ခွက်ခွဲခန့်၊ မုန့်ဖုတ်ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ကြက်ဥ (၁) လုံး၊ နွားနို့ (၁) ခွက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဝက်ခန့်၊ ဆီ (လိုအပ်သလောက်) တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

onion-rings1.jpg

အရင်ဆုံး ကြက်သွန်နီကို အဝိုင်းထူထူ လှီးပေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခွက်ထဲမှာ ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါမှုန့်၊ ဆား၊ ငရုတ်ကောင်း မှုန့်တို့ကို သမအောင် ရောနယ်ပေးပြီး ဘေးခနဖယ်ထားလိုက်ပါ။

ကြက်ဥနဲ့ နွားနို့ကို ရောပြီး ဇွန်းနဲ့ခလောက်လိုက်ပါ။ ခလောက်ထားတဲ့ နွားနို့ခွက်ထဲမှာမှ ကြက်သွန်နီကွင်းတွေကို ထည့်နှစ်ပြီး စိမ်ပေးလိုက်ပါ။ ပြီးမှ ဂျုံခွက်ထဲမှာ ကြက်သွန်နီကွင်းတွေကို ထည့်ပြီး ဂျုံကပ်ပေးလိုက်ပါ။

 

ပိုမိုကြွပ်ရွမှု ရှိစေဖို့အတွက် ဂျုံကပ်ပြီးသား ကြက်သွန်နီကွင်းတွေကို နွားနို့ခွက်ထဲ ပြန်ထည့်ပြီးမှ နောက်တစ်ခါ ဂျုံပြန်ကပ်ပေးလိုက်ပါ။ ကြက်သွန်နီကွင်းတွေအားလုံးကို အထက်ပါ လုပ်ဆောင်မှုအဆင့်ဆင့် အတိုင်းပဲ လုပ်ဆောင်ပေးလိုက်ပါ။

 

ဆီ (၃) လက်မခန့် ထည့်ထားတဲ့ ဆီပူအိုးထဲမှာ ကြက်သွန်နီကွင်းလေးတွေကို ထည့်နှစ်ပြီး ရွှေအိုရောင်သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။ ကြက်သွန်နီကွင်းတွေအားလုံး ကြော်ပြီးပြီဆိုရင်တော့ ပန်းကန်ပြား ကြီးကြီးတစ်ချပ်ထဲမှာ ထည့်သွင်းအလှဆင်ပြီး မိမိနှစ်သက်ရာ အချဉ်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ ကြက်သွန်နီကွင်းကြော်ဟာ မရိုးနိစ်နဲ့ တွဲဖက်ရင် အကောင်းဆုံးပါပဲ။ ဘီယာအေးအေးလေးတစ်လုံးနဲ့ မြည်းမယ်ဆိုရင်တော့ လောကနိဗ္ဗာန်ပဲပေါ့။

Source: MyFoodStory


Author


က္က