ချက်ချိန်ပြုတ်ချိန် အကြာကြီးမပေးနိုင်တဲ့အခါ ဒီလိုမုန့်လုပ်နည်းလေးတွေက အသုံးဝင်လာမှာပါ။
Thiha Htun

ဂိမ်းဆော့နေလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေလို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေလို့ပဲဖြစ်ဖြစ်၊ အိပ်မရလို့ပဲဖြစ်ဖြစ် ညကြီးသန်းခေါင် အိပ်မရတဲ့အခါ တစ်ခုခုကို စားချင်ဝါးချင်စိတ် ပေါ်မိကြလားမသိဘူး။ သန်းခေါင်ချိန်ကြီးမှာ ဗိုက်ဆာလာရင် ရှိတဲ့ခေါက်ဆွဲလေးပဲ ပြုတ်စားနေရတာ ပျင်းဖို့ကောင်းပါတယ်။ ဒီတစ်ခါ ကြာချိန် (၂) မိနစ်ဝန်းကျင်ပဲ ပေးရမယ့် ချောကလက်မုန့် ဖုတ်နည်းလေးကို သိရမယ်ဆိုရင်ကော စိတ်ဝင်စားကြလား။ ဒီမုန့်လေးကို ပြုလုပ်ဖို့အတွက် microwave မီးဖိုတစ်လုံး ရှိဖို့တော့လိုပါတယ်။

ပါဝင်ပစ္စည်းများ

iStock-506626011.jpg 

ဘက်စုံသုံးဂျုံမှုန့် (၁/၄) ခွက်၊ မုန့်ဖုတ်ဆိုဒါမှုန့် (၁/၂) ဇွန်း၊ မုန့်ဖုတ်ပေါင်ဒါမှုန့် (၁/၂) ဇွန်း၊ ဆားအနည်းငယ်၊ နို့ချောကလက်ပြား (၁/၄) ခွက်၊ နွားနို့ (၁/၄) ခွက်၊ ပန်းသီးဆော့စ် (၁/၄) ခွက်၊ ဗနီလာအနှစ် (၁/၂) ဇွန်း၊ ကိုကိုးမှုန့် (၂) ဇွန်း၊ ကြက်ဥ (၁) လုံး၊ သကြား (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-8 2 Minute Chocolate Mug Microwave Cake.png 

အရင်ဆုံး ကြွေပန်းကန်အထူ တစ်လုံးထဲမှာ နွားနို့နဲ့ နို့ချောကလက်ပြားလေးတွေကို ရောထည့်လိုက်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်ထဲမှာ (၁) မိနစ်ခန့် အပူပေးပြီး အရည်ပျော်အောင် လုပ်လိုက်ပါ။

 

ရလာမယ့် ချောကလက်အနှစ်ထဲမှာ ဗနီလာအနှစ်ရယ်၊ သကြားရယ်၊ ကိုကိုးမှုန့်ရယ်၊ ပန်းသီးဆော့စ်ရယ်ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဘက်စုံသုံးဂျုံမှုန့်ရယ်၊ မုန့်ဖုတ်ဆိုဒါမှုန့်ရယ်၊ မုန့်ဖုတ်ပေါင်ဒါရယ်ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ကြက်ဥတစ်လုံးကိုလည်း မုန့်နှစ်ခွက်ထဲ ဖောက်ထည့်ပြီး ခလောက်ပေးလိုက်ပါဦး။

 

ပြီးရင်တော့ အဝကျယ်တဲ့ ကြွေမတ်ခွက်အကြီးတစ်လုံးကို ထောပတ်ဆီနည်းနည်း သုတ်လိမ်းလိုက်ပါ။ ပြီးရင် ခုနကရတဲ့ မုန့်နှစ်ကို မတ်ခွက်ထဲလောင်းထည့်လိုက်ပါ။ မတ်ခွက်အောက်မှာ ကြွေပန်းကန်ပြားတစ်ချပ်ခံပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်လိုက်ပါ။

 

Timer ကိုတော့ (၂) မိနစ်ပေးထားလိုက်ပါ။ (၂) မိနစ်ပြည့်လို့ မိုက်ခရိုဝေ့ဖ် မီးဖိုတံခါးကို ဖွင့်လိုက်ချိန်မှာ စားချင့်စဖွယ် ချောကလက်ကိတ်လေးကို တွေ့မြင်ရမှာပါ။ အပေါ်ကနေ ချောကလက် ခရင်မ်လေးဆမ်း၊ ဘယ်ရီသီးလေး (၄) (၅) လုံးလောက်ကို တင်ပေးလိုက်ရင်တော့ ကော်ဖီပူပူလေးနဲ့ သိပ်လိုက်ဖက်တဲ့ ညလယ်စာ ကိတ်လေးတစ်လုံးကို သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef


Author


က္က