ကီးမားပလာတာက နာမည်ကျော် လမ်းဘေးအစားအစာ တစ်မျိုးဖြစ်ပြီး တကယ်ရောင်းကောင်းတဲ့ဆိုင်ဆိုရင် တန်းစီပြီးကို စောင့်ဝယ်ရတာပါ။

မဆာလာနံ့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ကီးမားပလာတာကို မနှစ်သက်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကီးမားပလာတာက နာမည်ကျော် လမ်းဘေးအစားအစာ တစ်မျိုးဖြစ်ပြီး တကယ်ရောင်းကောင်းတဲ့ဆိုင်ဆိုရင် တန်းစီပြီးကို စောင့်ဝယ်ရတာပါ။ ကီးမားပလာတာလေးကို ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။



ပါဝင်ပစ္စည်းများ

dough-rolling-2.jpg 

ဂျုံမှုန့် (၁) ခွက်၊ ဆီ (၁) ဇွန်း၊ ဆားအနည်းငယ်၊ ဂေါ်ဖီထုပ် (၁) ခြမ်း၊ ကြက်သွန်နီ (၁/၂) ခွက်၊ အာလူး (၂) လုံး၊ နံနံပင် နုတ်နုတ်စင်းပြီးသား (၂) ဇွန်း၊ စမုံစပါး (၁/၂) ဇွန်း၊ မဆလာမှုန့် (၁/၂) ဇွန်း၊ ငရုတ်သီးမှုန့် (၁/၂) ဇွန်း၊ ဆားနည်းနည်း၊ ဇီရာစေ့ (၁/၂) ဇွန်း၊ ဆီ (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Ajwain_Besan_Ka_Paratha_Masala_Paratha.jpg 

အရင်ဆုံး ဂျုံမှုန့်ရယ်၊ ဆားရယ်၊ စမုံစပါးရယ်၊ ရေရယ်ကို ရောပြီး မုန့်နှစ်လေးဖြစ်အောင် လုံးလိုက်ပါ။ မုန့်နှစ်လေးရပြီဆိုရင် အပေါ်မှာ ဆီလေးနည်းနည်းစွတ်ပြီး ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းချက်ဆီနည်းနည်းထည့်ပြီး အပူပေးလိုက်ပါ။ ဇီရာစေ့လေးတွေကိုပါထည့်ပြီး ဆီပူထိုးပေးလိုက်ပါဦး။ ဇီရာစေ့ ဆီပူထိုးနေချိန်မှာ အာလူး (၂) လုံးကိုပြုတ်ပြီး ခက်ရင်းတစ်ချောင်းနဲ့ mashed potato (အာလူးထောင်း) လုပ်ပေးလိုက်ပါ။ ပြီးမှ ဆီအိုးထဲကို ဂေါ်ဖီထုပ်ကို တစ်ကိုက်စာ အတုံးလေးတွေ တုံးတစ်ထားတာရယ်၊ ကြက်သွန်နီရယ်၊ အာလူးထောင်းရယ်ကို ရောထည့်ပြီး ရောမွှေပေးလိုက်ပါ။

 

(၂) မိနစ်ခန့်ကြာရင် အရသာအပေါ့၊ အလေးပေါ်မူတည်ပြီး ဆားနည်းနည်း၊ နံနံပင်နဲ့ တခြားဟင်းခတ် အမွှေးအကြိုင်တွေကို ထည့်ပေးလိုက်ပါ။ ဒယ်အိုးကို အဖုံးမပိတ်ဘဲ ရေခမ်းသွားသည်အထိ ဆက်ချက်ပေးလိုက်ပါ။ ရေခမ်းပြီဆိုရင်တော့ ပန်းကန်တစ်လုံးထဲ လှယ်ထည့်ပြီး အအေးခံပေးလိုက်ပါ။

မုန့်နှစ်လုံးလေးတွေကိုတော့ အလုံးသေးသေးလေးတွေဖြစ်အောင် အညီအမျှ ခွဲထုတ်လိုက်ပါ။ အလုံးသေး တစ်လုံးကို သစ်သားဘုတ်ပြားပေါ် တင်လိုက်ပြီး ဒလိမ့်တုံးနဲ့ လှိမ့်ပေးလိုက်ပါ။ စက်ဝိုင်းပုံ မုန့်ပြားလေးဖြစ်သွားပြီဆိုရင်တော့ အအေးခံထားတဲ့ အာလူးဂေါ်ဖီဟင်း နည်းနည်းကို မုန့်နှစ်ပြားပေါ်မှာ ဖြန့်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ဂျုံမှုန့်နည်းနည်း ဖြူးပေးလိုက်ပြီး ဒလိမ့်တုံးနဲ့ ပြန်လှိမ့်ပေးလိုက်ပါ။ ပလာတာမုန့်နှစ်ရဲ့ အပြင်ဘက်ကို ဟင်းတွေထွက်မသွားအောင် မုန့်အနားသားမှာ ရေလေးနည်းနည်း လိုက်စွတ်ပေးထားနိုင်ပါတယ်။

 

မီးဖိုပေါ်မှာတော့ ဒယ်အိုးပြားတစ်လုံးကို အပူပေးလိုက်ပြီး ဟင်းချက်ဆီနည်းနည်းကို အစက်ချပေးလိုက်ပါ။ ဆီပူရင် ပလာတာမုန့်နှစ်ကို ဒယ်အိုးပြားပေါ်မှာ သံယောက်မလေးနဲ့ တင်ပေးလိုက်ပြီး ကြော်ပေးလိုက်ပါ။ နှစ်ဖက်လုံး အကျက်ညီအောင် ထက်အောက်လှန်ပေးလိုက်ပါဦး။ ကျန်တဲ့မုန့်နှစ်လေးတွေကိုလည်း ပုံပါအတိုင်း ကြော်ပေးလိုက်ပါဦး။

ပြီးရင်တော့ ပလာတာလေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး စားတော်ပဲပြုတ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီနော်။

Source: Food.Ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က