လေ့လာချက်တွေရဲ့အဆိုအရဆိုရင် ကမ္ဘာတဝှမ်းလုံးမှာ တစ်နေ့ကို ကော်ဖီခွက်ရေပေါင်း (၂.၂) ဘီလျံဝန်းကျင်ထိ သောက်သုံးနေကြပါတယ်တဲ့။

လေ့လာချက်တွေရဲ့အဆိုအရဆိုရင် ကမ္ဘာတဝှမ်းလုံးမှာ တစ်နေ့ကို ကော်ဖီခွက်ရေပေါင်း (၂.၂) ဘီလျံဝန်းကျင်ထိ သောက်သုံးနေကြပါတယ်တဲ့။ ဒါဟာ ကော်ဖီကို ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာ အဖျော်ယမကာတစ်မျိုး ဖြစ်စေပါတယ်။ ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို တော်တော်များများ သိကြပြီးဖြစ်ပေမဲ့ လူသိပ်မသိသေးတဲ့ ကော်ဖီရဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...



၁။ ကော်ဖီက ဦးနှောက်ရဲ့စွမ်းအားကို လှုံ့ဆော်ပေးတယ်

coffee-2354885_640.jpg 

ကဖင်းနဲ့ ဂလူးကို့စ် ပေါင်းစည်းမှုက ဦးနှောက်ထဲမှာ ရုတ်တရက်နိုးကြားမှုကို ဖြစ်ပေါ်စေပါတယ်။ ကော်ဖီတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်က အာရုံကြောမကြီး ဗဟိုစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ်။ အဲဒီလို ဦးနှောက် နိုးကြားလာရာမှ adrealine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက်လာပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ် နှစ်မျိုးလုံးကို နိုးကြားစေပါတယ်။ နှလုံးခုန်မြန်လာမယ်။ သွေးဖိအား တက်လာမယ်။ အသက်ရှူနှုန်း ပိုမြန်လာမယ် စတာတွေက သွေးကြောထဲကို အောက်ဆီဂျင် ပိုရောက်စေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုပါ တိုးတက်စေနိုင်ပါတယ်။

၂။ သွေးဖိအားကို တက်စေနိုင်တယ်

တကယ်လို့ သင့်မှာ သွေးတိုးရောဂါ ရှိတယ်ဆိုရင် မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ ကော်ဖီသောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီသောက်ခြင်းက သွေးဖိအားကို တိုးတက်စေနိုင်လို့ပါပဲ။ ကော်ဖီအပြင် တခြားကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ သွေးတိုးရာကနေ လေဖြတ်တဲ့ထိ ဖြစ်သွားစေနိုင်လို့ သတိထားသင့်ပါတယ်။

၃။ ကော်ဖီက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

coffee-stock-photo-0e8b300f42157b6f.jpg 

ကော်ဖီဟာ ခွန်အားတိုးစေတဲ့ ကဖင်းဓာတ်ပါဝင်မှုကြောင့် နာမည်ကျော်ကြားပါတယ်။ ကော်ဖီထဲမှာ အာဟာရဓာတ်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓာတုပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ နိုင်ငံအသီးသီးက သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ကော်ဖီက အရွယ်မတိုင်ခင် သေဆုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ပါပဲတဲ့။

၄။ ကော်ဖီက ခေါင်းကိုက်ပျောက်စေတယ်

ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အမှန်တော့ ကဖင်းဓာတ်ဟာ ခေါင်းကိုက်ပျောက်ဆေး တော်တော်များများမှာလည်း ထည့်သွင်းရတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ဆေးသောက်ပြီး ခေါင်းကိုက်ပျောက်တာထက် ကော်ဖီသောက်လို့ ခေါင်းကိုက်ပျောက်တာက ဘေးထွက်ဆိုးကျိုး ပိုနည်းပါတယ်တဲ့။

၅။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

7.jpg

ကော်ဖီဟာ စိတ်ခံစားမှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေတဲ့ ဒိုပါမင်း (dopamine) နဲ့ ဆာရာတိုနင် (serotonin) ဆိုတဲ့ ဟော်မုန်းတွေကို ထွက်လာစေနိုင်လို့ပါပဲ။ ကော်ဖီနံ့လေး ရလိုက်တာနဲ့၊ ကော်ဖီလေးတစ်ခွက် သောက်လိုက်ရုံနဲ့ စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပြီး စိတ်ကျရောဂါကိုလည်း တိုက်ဖျက်နိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၄) ခွက်ကြား သောက်ပေးခြင်းက အမျိုးသား၊ အမျိုးသမီးတွေမှာ သတ်သေနှုန်းကို (၅၀) ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ပါတယ်။

Source: Brightside


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က