ဒီဆောင်းပါး ဖတ်နေတဲ့သူထဲမှာ အသီးအနှံတွေကို နှစ်သက်သူတွေများ ပါပါသလား။ ပါတယ်ဆိုရင်တော့ အားလုံးအတွက် အစားအစာ အဆန်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ သီးစုံပီဇာပဲ ဖြစ်ပါတယ်။ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး အစရှိတဲ့ သစ်သီးတွေကို အုန်းနို့ခရင်မ်နဲ့ရောပြီး ပီဇာပုံစံ ပုံဖော်ထားတာပါ။ အထူးသဖြင့် ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေမှာ တည်ခင်းဧည့်ခံရန် သင့်တော်ပါတယ်။
ပါဝင်ပစ္စည်းအဖြစ် ဖရဲသီး (၁) လုံး၊ အုန်းနို့ခရင်မ် (၈) အောင်စ၊ စတော်ဘယ်ရီ (၄) လုံး၊ ကီဝီသီး (၃) လုံး၊ တရုတ်ဆီးသီး (၃) လုံး၊ ဘလူးဘယ်ရီသီး (၁၀) လုံးခန့်၊ အုန်းသီးဖတ်လေးတွေ၊ ပူစီနံရွက် အနည်းငယ်တို့ကို လိုအပ်ပါတယ်။
ဖရဲသီးမှည့်တစ်လုံးကို (၁) လက်မအရွယ် အဝိုင်းပြားပုံစံတွေဖြစ်အောင် လှီးဖြတ်ပေးလိုက်ပါ။ အုန်းနို့ခရင်မ်ကို ပန်းကန်လုံးတစ်လုံးထဲကို ကော်ထည့်လိုက်ပါ။ ကြက်ဥခလောက်တံကိုသုံးပြီး အုန်းနို့ခရင်မ် ပျော့ပြောင်းသွားသည်အထိ ခလောက်ပေးလိုက်ပါဦး။
စတော်ဘယ်ရီသီး (၄) လုံးခန့်ကိုတော့ အပြားပါးပါးလေးတွေ လှီးပြီး ဘေးခနဖယ်ထားလိုက်ပါ။ ကီဝီသီး (၂) လုံး၊ (၃) လုံးခန့်ကိုလည်း အခွံခွာပြီး အပြားလေးတွေ လှီးပေးလိုက်ပါ။
တရုတ်ဆီးသီးကိုတော့ အစေ့ထုတ်၊ ရိုးတံထုတ်ပြီး အပြားလေးတွေဖြစ်အောင် လှီးပေးလိုက်ပါဦး။ ဒီသစ်သီးတွေကိုလည်း ပန်းကန်လုံးလေးတွေထဲမှာ ထည့်ထားလိုက်ပါ။
ဖရဲသီးအဝိုင်းပြား တစ်ချပ်ပေါ်မှာ အုန်းနို့ခရင်မ်လေးတွေကို သုတ်လိမ်းပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ စတော်ဘယ်ရီသီးစိတ်လေးတွေ၊ ကီဝီသီးစိတ်လေးတွေ၊ တရုတ်ဆီးသီးစိတ်လေးတွေကို လိုက်တင်ပေးလိုက်ပါ။ ပြီးမှ ဘလူးဘယ်ရီသီး၊ အုန်းသီးဖတ်လေးတွေကိုလည်း ဖြူးပေးလိုက်ပါဦး။
ပြီးမှ ပူစီနံရွက်လေးတွေကို အဆုံးသတ်အဖြစ် ဖုံးပေးလိုက်ပါ။ ပြီးရင် ပီဇာလိုမျိုး ဓားနဲ့စိတ်ပြီး သုံးဆောင်နိုင်ပါပြီ။
Source: Tasty
ဒီေဆာင္းပါး ဖတ္ေနတဲ့သူထဲမွာ အသီးအႏွံေတြကို ႏွစ္သက္သူေတြမ်ား ပါပါသလား။ ပါတယ္ဆိုရင္ေတာ့ အားလံုးအတြက္ အစားအစာ အဆန္းေလးတစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အဲဒါကေတာ့ သီးစံုပီဇာပဲ ျဖစ္ပါတယ္။ ဖရဲသီး၊ စေတာ္ဘယ္ရီသီး၊ ကီဝီသီး အစ႐ွိတဲ့ သစ္သီးေတြကို အုန္းႏို႔ခရင္မ္နဲ႔ေရာၿပီး ပီဇာပံုစံ ပံုေဖာ္ထားတာပါ။ အထူးသျဖင့္ ပါတီပြဲေတြ၊ ဧည့္ခံပြဲေတြမွာ တည္ခင္းဧည့္ခံရန္ သင့္ေတာ္ပါတယ္။
ပါဝင္ပစၥည္းအျဖစ္ ဖရဲသီး (၁) လံုး၊ အုန္းႏို႔ခရင္မ္ (၈) ေအာင္စ၊ စေတာ္ဘယ္ရီ (၄) လံုး၊ ကီဝီသီး (၃) လံုး၊ တ႐ုတ္ဆီးသီး (၃) လံုး၊ ဘလူးဘယ္ရီသီး (၁၀) လံုးခန္႔၊ အုန္းသီးဖတ္ေလးေတြ၊ ပူစီနံ႐ြက္ အနည္းငယ္တို႔ကို လိုအပ္ပါတယ္။
ဖရဲသီးမွည့္တစ္လံုးကို (၁) လက္မအ႐ြယ္ အဝိုင္းျပားပံုစံေတြျဖစ္ေအာင္ လွီးျဖတ္ေပးလိုက္ပါ။ အုန္းႏို႔ခရင္မ္ကို ပန္းကန္လံုးတစ္လံုးထဲကို ေကာ္ထည့္လိုက္ပါ။ ၾကက္ဥခေလာက္တံကိုသံုးၿပီး အုန္းႏို႔ခရင္မ္ ေပ်ာ့ေျပာင္းသြားသည္အထိ ခေလာက္ေပးလိုက္ပါဦး။
စေတာ္ဘယ္ရီသီး (၄) လံုးခန္႔ကိုေတာ့ အျပားပါးပါးေလးေတြ လွီးၿပီး ေဘးခနဖယ္ထားလိုက္ပါ။ ကီဝီသီး (၂) လံုး၊ (၃) လံုးခန္႔ကိုလည္း အခြံခြာၿပီး အျပားေလးေတြ လွီးေပးလိုက္ပါ။
တ႐ုတ္ဆီးသီးကိုေတာ့ အေစ့ထုတ္၊ ႐ိုးတံထုတ္ၿပီး အျပားေလးေတြျဖစ္ေအာင္ လွီးေပးလိုက္ပါဦး။ ဒီသစ္သီးေတြကိုလည္း ပန္းကန္လံုးေလးေတြထဲမွာ ထည့္ထားလိုက္ပါ။
ဖရဲသီးအဝိုင္းျပား တစ္ခ်ပ္ေပၚမွာ အုန္းႏို႔ခရင္မ္ေလးေတြကို သုတ္လိမ္းေပးလိုက္ပါ။ ၿပီးမွ အေပၚကေန စေတာ္ဘယ္ရီသီးစိတ္ေလးေတြ၊ ကီဝီသီးစိတ္ေလးေတြ၊ တ႐ုတ္ဆီးသီးစိတ္ေလးေတြကို လိုက္တင္ေပးလိုက္ပါ။ ၿပီးမွ ဘလူးဘယ္ရီသီး၊ အုန္းသီးဖတ္ေလးေတြကိုလည္း ျဖဴးေပးလိုက္ပါဦး။
ၿပီးမွ ပူစီနံ႐ြက္ေလးေတြကို အဆံုးသတ္အျဖစ္ ဖံုးေပးလိုက္ပါ။ ၿပီးရင္ ပီဇာလိုမ်ိဳး ဓားနဲ႔စိတ္ၿပီး သံုးေဆာင္ႏိုင္ပါၿပီ။
Source: Tasty
See stories of the future in your inbox each morning.
Copyright © 2018 Duwun.