• Food & Recipe
    ပန်းသီးလက်ဖက်ရည်အေး ပြုလုပ်နည်း
Thiha Htun
[Unicode Version]

အားလပ်ရက်ဟာ တစ်ပတ်လုံးဒေါင်းထားတဲ့ ရုပ်ရှင်ကားတွေကို တစ်ထိုင်တည်းကြည့်ဖို့ အချိန်ကောင်းပါပဲ။ ရုပ်ရှင်ကို ဇိမ်ရှိရှိကြည့်နိုင်ဖို့ နေကြာစေ့တို့၊ ထောပတ်ပေါက်ပေါက်တို့လို သွားရည်စာတွေကို လိုအပ်သလို ရေငတ်ရင်သောက်ဖို့ သောက်စရာ အဖျော်ယမကာ ကောင်းကောင်းလေးတစ်ခွက်ကိုလည်း လိုအပ်တာ အမှန်ပါပဲ။

a-rendezvous-with-tea-recipe.1024x1024-2.jpg 

ရုပ်ရှင်ကြည့်ရင်း သောက်လို့ကောင်းတဲ့ ပန်းသီးလက်ဖက်ရည်အေး မွှေးမွှေးလေး ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သစ်ကြံပိုးခေါက်တို့၊ ဖာလာစေ့တို့လို ဟင်းခတ်အမွှေးအကြိုင်တွေ ပါဝင်မှုကို လက်ဖက်ရည်ကို တမူထူးခြားတဲ့ အနံ့အရသာနဲ့ အာနိသင်ကို ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

a-rendezvous-with-tea-recipe.1024x1024.jpg 

ရေ (၃) ခွက်၊ သစ်ကြံပိုးခေါက်ချောင်း (၁) ချောင်း၊ ဖာလာစေ့ (၄) စေ့၊ လေးညှင်းပွင့် (၄) (၅) ပွင့်ခန့်၊ သကြား (၃) ဇွန်း၊ လက်ဖက်ခြောက်ထုပ် (၂) ထုပ်၊ ပန်းသီးဖျော်ရည် (၁) ခွက်၊ ပန်းသီးတစ်လုံး တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ဒယ်အိုးတစ်လုံးထဲမှာ ရေရယ်၊ သစ်ကြံပိုးခေါက်ရယ်၊ ဖာလာစေ့ရယ်၊ လေးညှင်းပွင့်နဲ့ သကြားရယ်ကိုထည့်ပြီး မွှေပေးလိုက်ပါ။ မီးပျော့ပျော့နဲ့ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် အပူပေးလိုက်ရင်တော့ သကြားတွေအရည်ပျော်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေလည်း ရေထဲမှာ ကောင်းကောင်းရောသွားပါလိမ့်မယ်။

ဒါဆိုရင် မီးခနပိတ်ပြီး လက်ဖက်ခြောက်ထုပ် (၂) ထုပ်ကို ထည့်စိမ်လိုက်ပါ။ (၃) (၄) မိနစ်လောက် စိမ်ပြီးရင်တော့ လက်ဖက်ခြောက်ထုပ်တွေကို ပြန်ထုတ်နိုင်ပါပြီ။

a-rendezvous-with-tea-recipe.1024x1024-1.jpg 

ပန်းသီးဖျော်ရည် မထည့်ခင် လက်ဖက်ရည်ကို အရင်ဆုံး အအေးခံလိုက်ပါဦး။ လက်ဖက်ရည် အေးပြီဆိုမှ ပန်းသီးဖျော်ရည်ကို ထည့်လိုက်ပါ။ ပန်းသီးဖျော်ရည်ကို လိုအပ်သလောက် ချိန်ထည့်ပြီးရင် ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ်ကြာ ထည့်သိမ်းထားလိုက်ပါ။

ပြီးရင်တော့ ဖန်ခွက်ရှည်တစ်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်မှာ ပန်းသီးစိတ်လေးတွေ တင်ပေးလိုက်ပါ။ ပူစီနံရွက်လေးတွေကတော့ အနံ့အရသာ ကောင်းမွန်စေဖို့ အပေါ်ကနေ အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ပန်းသီးလက်ဖက်ရည်အေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory

[Zawgyi Version]

အားလပ္ရက္ဟာ တစ္ပတ္လံုးေဒါင္းထားတဲ့ ႐ုပ္႐ွင္ကားေတြကို တစ္ထုိင္တည္းၾကည့္ဖို႔ အခ်ိန္ေကာင္းပါပဲ။ ႐ုပ္႐ွင္ကို ဇိမ္႐ွိ႐ွိၾကည့္ႏိုင္ဖို႔ ေနၾကာေစ့တို႔၊ ေထာပတ္ေပါက္ေပါက္တို႔လို သြားရည္စာေတြကို လိုအပ္သလို ေရငတ္ရင္ေသာက္ဖို႔ ေသာက္စရာ အေဖ်ာ္ယမကာ ေကာင္းေကာင္းေလးတစ္ခြက္ကိုလည္း လိုအပ္တာ အမွန္ပါပဲ။

 

႐ုပ္႐ွင္ၾကည့္ရင္း ေသာက္လို႔ေကာင္းတဲ့ ပန္းသီးလက္ဖက္ရည္ေအး ေမႊးေမႊးေလး ျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ သစ္ၾကံပိုးေခါက္တို႔၊ ဖာလာေစ့တို႔လို ဟင္းခတ္အေမႊးအႀကိဳင္ေတြ ပါဝင္မႈကို လက္ဖက္ရည္ကို တမူထူးျခားတဲ့ အနံ႔အရသာနဲ႔ အာနိသင္ကို ေပးစြမ္းႏိုင္မွာပါ။

ပါဝင္ပစၥည္းမ်ား

 

ေရ (၃) ခြက္၊ သစ္ၾကံပိုးေခါက္ေခ်ာင္း (၁) ေခ်ာင္း၊ ဖာလာေစ့ (၄) ေစ့၊ ေလးညွင္းပြင့္ (၄) (၅) ပြင့္ခန္႔၊ သၾကား (၃) ဇြန္း၊ လက္ဖက္ေျခာက္ထုပ္ (၂) ထုပ္၊ ပန္းသီးေဖ်ာ္ရည္ (၁) ခြက္၊ ပန္းသီးတစ္လံုး တို႔ကို လို္အပ္ပါတယ္။

ျပဳလုပ္နည္း

ဒယ္အိုးတစ္လံုးထဲမွာ ေရရယ္၊ သစ္ၾကံပိုးေခါက္ရယ္၊ ဖာလာေစ့ရယ္၊ ေလးညွင္းပြင့္နဲ႔ သၾကားရယ္ကိုထည့္ၿပီး ေမႊေပးလိုက္ပါ။ မီးေပ်ာ့ေပ်ာ့နဲ႔ (၁၀) မိနစ္၊ (၁၅) မိနစ္ခန္႔ အပူေပးလိုက္ရင္ေတာ့ သၾကားေတြအရည္ေပ်ာ္ၿပီး ဟင္းခတ္အေမႊးအႀကိဳင္ေတြလည္း ေရထဲမွာ ေကာင္းေကာင္းေရာသြားပါလိမ့္မယ္။

ဒါဆိုရင္ မီးခနပိတ္ၿပီး လက္ဖက္ေျခာက္ထုပ္ (၂) ထုပ္ကို ထည့္စိမ္လိုက္ပါ။ (၃) (၄) မိနစ္ေလာက္ စိမ္ၿပီးရင္ေတာ့ လက္ဖက္ေျခာက္ထုပ္ေတြကို ျပန္ထုတ္ႏုိင္ပါၿပီ။

 

ပန္းသီးေဖ်ာ္ရည္ မထည့္ခင္ လက္ဖက္ရည္ကို အရင္ဆံုး အေအးခံလိုက္ပါဦး။ လက္ဖက္ရည္ ေအးၿပီဆိုမွ ပန္းသီးေဖ်ာ္ရည္ကို ထည့္လိုက္ပါ။ ပန္းသီးေဖ်ာ္ရည္ကို လိုအပ္သေလာက္ ခ်ိန္ထည့္ၿပီးရင္ ေရခဲေသတၱာထဲမွာ နာရီအနည္းငယ္ၾကာ ထည့္သိမ္းထားလိုက္ပါ။

ၿပီးရင္ေတာ့ ဖန္ခြက္႐ွည္တစ္ခြက္ထဲ ေျပာင္းထည့္ၿပီး အေပၚမွာ ပန္းသီးစိတ္ေလးေတြ တင္ေပးလိုက္ပါ။ ပူစီနံ႐ြက္ေလးေတြကေတာ့ အနံ႔အရသာ ေကာင္းမြန္ေစဖို႔ အေပၚကေန အုပ္ေပးလိုက္ပါ။ ဒါဆိုရင္ ပန္းသီးလက္ဖက္ရည္ေအးေလးကို အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Source: Myfoodstory


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs