ကြက်ကြော်ဆိုင်တွေမှာ ရောင်းတတ်တဲ့ ကြက်သားနဲ့ ပြောင်းဖူးမှုန့်ကို ရောကြော်ထားတဲ့ popcorn chicken (ပြောင်းဖူးကြက်သားလုံးကြော်) လေးကို ကြိုက်ကြလား။

ကြက်ကြော်ဆိုင်တွေမှာ ရောင်းတတ်တဲ့ ကြက်သားနဲ့ ပြောင်းဖူးမှုန့်ကို ရောကြော်ထားတဲ့ popcorn chicken (ပြောင်းဖူးကြက်သားလုံးကြော်) လေးကို ကြိုက်ကြလား။ ဝါးလို့ကောင်းပြီး တစ်ကိုက်စာ အသားတုံးလေးတွေဆိုတော့ ကြက်ကြော်တွေလို အလုပ်မရှုပ်ဘူးပေါ့။ ပြောင်းဖူးကြက်ကြော်လုံးလေးတွေကို အိမ်မှာကြော်စားချင်သူတွေအတွက် ချက်ပြုတ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပါဝင်ပစ္စည်းများ

sous-vide-chicken-thigh-directions-image-1.jpg 

အရင်ဆုံး မုန့်နှစ်အတွက် အရိုးထုတ်ပြီးသား ကြက်ပေါင်သား (၄၀၀) ဂရမ်၊ ထောပတ်ရည် (၁) ခွက်၊ နုတ်နုတ်စင်းပြီးသား ကြက်သွန်ဖြူ (၁) ဇွန်း၊ တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ပင်စိမ်းရွက်ခြောက် (၁) ဇွန်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြောင်းဖူးကြက်သားလုံးကြော် အချို လုပ်ဖို့အတွက် အာလူးကြော်ကို ချေမွထားတာ (၂) ခွက်ခွဲ၊ တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ကြက်သွန်နီမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်း၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။ အစပ်ဗားရှင်းကို ပြုလုပ်ဖို့ အတွက်ကတော့ အာလူးကြော်ကို ချေမွထားတာ (၂) ခွက်ခွဲ၊ တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ကြက်သွန်နီမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်း၊ ပန်းငရုပ်မှုန့် (အရောင်တင်မှုန့်) (၁) ဇွန်း၊ သကြားမှုန့် (၁) ဇွန်းခွဲနဲ့ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

KFC-Style-Baked-Popcorn-Chicken-Two-Ways-1.jpg 

အရင်ဆုံး ထောပတ်ရည် (၁) ခွက်၊ နုတ်နုတ်စင်းပြီးသား ကြက်သွန်ဖြူ (၁) ဇွန်း၊ တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ပင်စိမ်းရွက်ခြောက် (၁) ဇွန်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး မွှေလိုက်ပါ။ အရိုးထုတ်ပြီးသား ကြက်သားကိုတော့ (၁) လက်မအရွယ် အတုံးလေးတွေ တုံးတစ်ပြီး ထောပတ်ရည်အနှစ်ထဲမှာ (၁) နာရီ နဲ့ (၂) နာရီကြား စိမ်ထားပေးလိုက်ပါ။

ဒီနေရာမှာ ပြောင်းဖူးကြက်သားလုံးကြော်နည်းကို အချို နဲ့အစပ် (၂) မျိုး ခွဲဖော်ပြထားတဲ့အတွက် မိမိနှစ်သက်ရာ တစ်မျိုးကို ရွေးချယ်နိုင်သလို နှစ်မျိုးစလုံးကို ကြော်လို့လည်းရပါတယ်။

 

ပြီးရင်တော့ Oven မီးဖိုကို အပူချိန် (၂၀၀) ဒီဂရီ စင်တီဂရိတ်ခန့် အပူပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်လင်ပန်းတစ်ချပ်ပေါ်မှာ မုန့်ဖုတ်စက္ကူ (ဆီစိမ်စက္ကူ) ကို တင်လိုက်ပြီး အပေါ်ကနေ ဆီနည်းနည်း စွတ်ထားပေးလိုက်ပါ။

ပြီးရင်တော့ အချိုနဲ့အစပ် coating လုပ်ဖို့အတွက် ပြင်ဆင်ရပါမယ်။ အာလူးကြော်ကို ကြေမွနေအောင် သေချာခြေပေးပြီး တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ကြက်သွန်နီမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်း၊ ဆားအနည်းငယ်တို့နဲ့ ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ။

 

တခြားပန်းကန်လုံး တစ်လုံးထဲမှာတော့ အာလူးကြော်ကို ချေမွထားတာ (၂) ခွက်ခွဲ၊ တောရုံးရွက်ခြောက် (Oregano) (၁) ဇွန်း၊ ကြက်သွန်နီမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်း၊ ပန်းငရုပ်မှုန့် (အရောင်တင်မှုန့်) (၁) ဇွန်း၊ သကြားမှုန့် (၁) ဇွန်းခွဲနဲ့ ဆားအနည်းငယ်တို့ကို ရောမွှေပေးထားလိုက်ပါ။

ထောပတ်ရည်အနှစ် စိမ်ထားတဲ့ တစ်ကိုက်စာ ကြက်သားတုံးလေးတွေကိုတော့ အချို coating အစပ် coating မိမိနှစ်သက်ရာ ပန်းကန်ထဲမှာ လူးပေးလိုက်ပါ။ ကြက်သားတုံးတစ်တုံးလုံး နှံ့စပ်အောင် လူးပြီးရင်တော့ လင်ပန်းပေါ်မှာ အစီအရီ တင်ပေးလိုက်ပါ။ လင်ပန်းပြည့်သွားရင် အပေါ်ကနေ ဟင်းချက်ဆီလေးကို ဘရပ်ရှ်နဲ့ လိုက်သုတ်ပေးလိုက်ပါ။

ပြီးရင်တော့ oven ထဲမှာ မိနစ် (၂၀) ခန့်ကြာအောင် ထားပေးလိုက်ပါ။ (၁၀) မိနစ်လောက်ကြာရင် ထက်အောက်လှန်ပေးလိုက်ပါဦး။ ပြီးရင်တော့ မိမိနှစ်သက်ရာ ဆော့စ်တစ်ခုခုနဲ့ တို့ပြီး သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က