ပြုလုပ်ရလွယ်ကူပြီး ထမင်းမြိန်စေမဲ့ ဟင်းလျာလေးပါနော်။

ပိတ်ရက်မှာ ဟင်းကောင်းကောင်းလည်း ချက်စားချင်တယ်။ အုန်းစားမဲ့ ချက်ပြုတ်နည်းတွေလည်း မလုပ်ချင်ဘူး ဆိုသူတွေအတွက် ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်းလေး တစ်မျိုးနဲ့ မိတ်ဆက်ပေး ပါရစေ။


 

အဲဒါကတော့ ကြက်သား ကညွတ်ချိုချဉ်ပါပဲ။ ကြက်သားရော၊ ကညွတ်ရောက သဘာဝအချိုဓာတ် ပါဝင်ပြီး သံပရိုသီးရဲ့ အချဉ်ဓာတ် စွက်နေတာကြောင့် စားရတာ ခံတွင်းမြိန်စေမှာပါ။ ကဲ... ဘာပဲပြောပြော စမ်းလုပ်ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

sous-vide-chicken-thigh-directions-image-1.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဟင်းချက်ဆီ (၁) ဇွန်း၊ ဂျင်းထောင်း (၁) ဇွန်း၊ ကြက်သွန်ဖြူ (၃) တောင့်၊ ကြက်ရင်အုံသား (၃) တုံး၊ ကညွတ် (၁) စည်း၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ ဆော့စ် ပြုလုပ်ဖို့အတွက်ကတော့ ပဲငံပြာရည် (၂) ဇွန်း၊ ငရုပ်ဆော့စ်အချို (၁) ဇွန်း၊ ငရုပ်သီးခြမ်းကွဲမှုန့် (၁) ဇွန်း၊ သံပရိုသီး (၁) ခြမ်း၊ သံပုရာရည် (၁) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်း၊ ရေ (၁) ခွက်ခွဲတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Lemon-Ginger-Chicken-Asparagus-Stir-Fry-3.jpg 

ပဲငံပြာရည် (၂) ဇွန်း၊ ငရုပ်ဆော့စ်အချို (၁) ဇွန်း၊ ငရုပ်သီးခြမ်းကွဲမှုန့် (၁) ဇွန်း၊ သံပရိုသီး (၁) ခြမ်း၊ သံပုရာရည် (၁) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်း၊ ရေ (၁) ခွက်ခွဲတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီးရောမွှေပေးလိုက်ပါ။ ပြီးရင် ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဆီပူပေးပြီး ဂျင်းနဲ့ ကြက်သွန်ဖြူထောင်းတို့ကို ဆီသတ်ပေးလိုက်ပါ။ တစ်မိနစ်ခန့်ကြာရင် ကြက်ရင်အုံသားကို အတုံးလေးတွေတုံးပြီး ဆီချက်ထဲမှာ ထည့်မွှေပေးလိုက်ပါ။

 

ကြက်သားတုံးလေးတွေကို ရွှေအိုရောင်သမ်းသည်အထိ (၅) မိနစ်ခန့် မီးပျော့ပျော့နဲ့ ချက်ပြုတ်ပေးလိုက်ပါ။ ကညွတ်ကို (၂) လက်မအရှည် အတုံးလေးတွေတုံးပြီး ဒယ်အိုးထဲမှာ (၃) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။

ပြောင်းဖူးကော်မှုန့်လေးတွေ ပျော်ဝင်သွားအောင် ဆော့စ်ကို သေချာမွှေပြီး ဒယ်အိုးထဲကို ရောထည့်ပေးလိုက်ပါ။ ဟင်းရည်နဲ့ ကြက်သား သမသွားပြီး အမြှုပ်ထလာသည်အထိ ယောက်မနဲ့မွှေပေးနေလိုက်ပါ။ ကြက်သားနဲ့ ကညွတ် အကျက်ညီသွားပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဆီနည်းနည်း ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး စိတ်တိုင်းကျ ဆွဲနိုင်ပါပြီ။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က