ဆိုင်မှာဝယ်သောက်ရင် သုံးထောင်ဝန်းကျင်ပေးရမဲ့ mocha ကော်ဖီကို အိမ်မှာ ဖျော်သောက်ကြရအောင်။

ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် ဆိုတဲ့ သီချင်းစာသားကို ကြားဖူးကြမှာပါ။ ဆောင်းနှင်းဖွေးဖွေးလေးတွေ ကျဆင်းနေချိန်မှာ ချစ်သူလေးရဲ့ ရင်ငွေ့ကို ခိုလှုံရင်း ကော်ဖီပူပူလေး တစ်ခွက်သောက်ရတဲ့ ဖီးလ်က တော်တော်မိုက်မှာပါ။ ဒီ လော့ဂျစ်က ရည်းစားမရှိသေးတဲ့ အက်ဖ်အေတွေအတွက်လည်း မှန်ပါတယ်။ ဆောင်းတွင်းဘက် မနက်ခင်းတွေနဲ့ ညဘက်တွေမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်နေတုန်း ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရရင် မတော်လိုက်ရတဲ့ ရည်းစားလေးကို လွမ်းလို့ကောင်းသွားပါပြီ။



 

ကော်ဖီဖျော်ရင် လူအများစုကတော့ သကြားနဲ့ ဒီတိုင်းပဲ အမေရိကာနို စတိုင်လ်ဖျော်ရင်ဖျော်၊ မဖျော်ရင် နို့မှုန့်၊ နို့ဆီပါရောပြီး ရိုးရိုးကော်ဖီပဲ ဖျော်ကြမှာပါ။ ကော်ဖီဆိုင်တွေမှာ ရောင်းတဲ့ အီတလီကော်ဖီတွေဖြစ်တဲ့ ကာပူချီနို (Cappuccino) ကော်ဖီတို့၊ အက်စ်ပရက်စို (Espresso) ကော်ဖီတို့၊ မိုခါ့ (Mocha) ကော်ဖီတို့ကို အိမ်မှာဖျော်သောက်ဖို့ စိတ်တောင်ကူးမိကြမှာ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ ဆိုင်မှာရောင်းရင် (၃၀၀၀) ပတ်ချာလည်ပေးရတဲ့ မိုခါ့ (Mocha) ကော်ဖီတစ်ခွက်ကို အိမ်မှာကိုယ်တိုင် ဖျော်သောက်နိုင်ဖို့အတွက် နည်းလမ်းလေးကို ဖော်ပြပေးသွားမှာပါ။

ပါဝင်ပစ္စည်းများ

Dairy-Free-Cafe-Mocha-@Vegetarianmamma.com-Gluten-Free.jpg 

Mocha (မိုခါ့) ကော်ဖီဖျော်ဖို့ ဘလက်ခ်ကော်ဖီ (၁) ခွက်၊ နွားနို့ (၁) ခွက်၊ ချောကလက်ခရင်မ် (၁/၂) ခွက်ဝက်၊ ကိုကိုးမှုန့် (၂) ဇွန်း၊ နို့ပါဝင်မှုနည်းတဲ့ whipped cream (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Dairy-Free-Cafe-Mocha-@Vegetarianmamma.com_.jpg

အရင်ဆုံး ကော်ဖီအရင်ကျိုရပါမယ်။ ကော်ဖီအိုးတစ်အိုးထဲမှာ ကော်ဖီမှုန့်ချည်းပဲထည့်ပြီး ရေလိုအပ်သလောက်ထည့်ပြီး ကျိုလိုက်ပါ။ ပြီးရင် ရလာတဲ့ ကော်ဖီနှပ်ရည်ကို အိုးတစ်လုံးထဲ ပြောင်းထည့်လိုက်ပါ။ အဲဒီအိုးထဲကို နွားနို့ရယ်၊ ချောကလက်ခရင်မ်ရယ်ကိုပါ ရောထည့်လိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်မှာ medium setting လောက်ထားပြီး အပူပေးလိုက်ပါ။

 

ကော်ဖီအိုး ပွက်ပွက်ဆူလာသည်အထိ အပူပေးလိုက်ပါ။ အပူပေးနေရင်းလည်း ဇွန်းတစ်ချောင်းနဲ့ တောက်လျှောက်မွှေပေး နေလိုက်ပါ။ အဲဒီလို မွှေပေးခြင်းက အမြှုပ်ထစေ လာပါလိမ့်မယ်။

အမြှုပ်ထလာတဲ့ ကော်ဖီကို ခွက်အကြီး (၂) ခွက်ထဲ ခွဲထည့်ပြီး အပေါ်ကနေ whipped cream လေး အုပ်ပေးလိုက်ပါ။ အဲဒီအပေါ်ကမှ ကိုကိုးမှုန့်လေး ဖြူးပေးပြီးရင် မိမိချစ်သူနဲ့အတူ ရုပ်ရှင်ကြည့်ရင်း သုံးဆောင်နိုင်ပါပြီ။

Source: vegetarianmamma


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က