• Food & Recipe
    ပူပူစပ်စပ် တရုတ်ခေါက်ဆွဲပြုတ်
Thiha Htun
[Unicode Version]

ရုံးပိတ်ရက်မှာ ဆန်းဆန်းပြားပြား လုပ်စားချင်သူတွေအတွက် ချဉ်စပ်ရာမင် ခေါက်ဆွဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအစားအစာလေးက တရုတ်အစားအစာဖြစ်ပြီး အဓိကလျှို့ဝှက်ချက်က စွပ်ပြုတ်ရည်ထဲမှာ ပါပါတယ်။ ဒီနေ့ဖော်ပြပေးမှာကတော့ သက်သတ်လွတ် version ဖြစ်ပြီး သက်သတ်လွတ်မစားချင်ရင်တော့ ဝက်သားပြားလေးတွေ ရောထည့်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

aid3199958-v4-728px-Make-Ready-Made-Noodles-Step-3-Version-2.jpg 

ဟင်းချက်ဆီ (၂) ဇွန်း၊ ငရုပ်သီးခြောက် (၂) တောင့်၊ ဂျင်းထောင်း (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်း၊ တရုတ်နံနံကြီး (၁/၂) ခွက်၊ မုန်လာဥနီ (၁) ခွက်၊ မှိုခြောက်ပန်းခြောက် (၃) ခွက်၊ ပဲငံပြာရည်အနောက် (၂) ဇွန်း၊ ပဲငံပြာရည်အကြည် (၂) ဇွန်း၊ ပါးပါးလှီးပြီးသား တို့ဟူး (၁) ခွက်၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်းခွဲ၊ ရာမင်ခေါက်ဆွဲခြောက် (၁) ထုပ်၊ ကြက်ဥ (၁) လုံး၊ ရှာလကာရည် (၂) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်း၊ ဆား (၁/၂) ဇွန်း၊ နှမ်းဆီ (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Chinese-Hot-and-Soup-Soup-with-Ramen-1.jpg 

အရင်ဆုံး မှိုခြောက်ပန်းခြောက်တွေကို ရေနွေးပူထဲမှာ (၁၅) မိနစ်ခန့် စိမ်ပေးလိုက်ပါ။ စိမ်ရည်ကိုတော့ နောက်ပိုင်းမှာ စွပ်ပြုတ်ရည်ထဲမှာ ပြန်ထည့်သုံးဖို့အတွက် ဖယ်ထားလိုက်ပါ။ မှိုဖတ်လေးတွေကို ပါးပါးလှီးပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး ငရုပ်သီးတောင့်ကို ဂျင်းကို ဆီသတ်လိုက်ပါ။ ဂျင်းဖတ်လေးတွေ အရောင်ပြောင်းလာရင် ကြက်သွန်ဖြူကို ရောထည့်ပေးပါ။ မိနစ်အနည်းငယ် ကြာရင်တော့ တရုတ်နံနံနဲ့ မုန်လာဥနီကိုပါ ထည့်ပေးလိုက်ပါ။ မုန်လာဥနီလေးတွေ အကျက်ညီစေဖို့ (၂) မိနစ်ခန့် မွှေပေးပြီးရင်တော့ မှိုခြောက်ပန်းခြောက်တွေကိုပါ ဒယ်အိုးထဲ ထည့်နိုင်ပါပြီ။

Chinese-Hot-and-Soup-Soup-with-Ramen-4.jpg 

ပြီးရင် တို့ဟူးရယ်၊ ပဲငံပြာရည် (အကြည်နဲ့အနောက်) ရယ်၊ ရေ (၅) ခွက်စာရယ်ကိုလည်း ရောထည့်လိုက်ပါ။ ခုနက ဖယ်ထားတဲ့ မှိုခြောက်ပန်းခြောက်စိမ်ရည်ကိုပါ ရောထည့်လိုက်ပါဦး။ ပြီးရင် အဖုံးပိတ်ပြီး မီးပြင်းပြင်းနဲ့ (၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၅) မိနစ်ပြည့်ရင်တော့ ရာမင်ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်ထည့်နိုင်ပါပြီ။

Chinese-Hot-and-Soup-Soup-with-Ramen-2.jpg 

ခေါက်ဆွဲထည့်ပြီး (၁) မိနစ်လောက်ကြာရင် ပြောင်းဖူးကော်မှုန့်ကို ရေ (၁/၄) ခွက်နဲ့ရောပြီး စွပ်ပြုတ်အိုးထဲကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ စွပ်ပြုတ်ဟင်းရည်လေး ပျစ်သွားပြီဆိုရင် ကြက်ဥ တစ်လုံးဖောက်ထည့်လိုက်ပါ။ ပြီးမှ အပေါ်ကနေ ရှာလကာရည်၊ ငရုပ်ကောင်းမှုန့်၊ ဆားနဲ့ နှမ်းဆီတို့ကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်ပြီး ပန်းကန်တစ်လံးထဲကို လှယ်ထည့်နိုင်ပါပြီ။ ခေါက်ဆွဲပန်းကန်ထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ကြက်သွန်မြိတ်လေးလည်း အုပ်ပေးလိုက်ပါဦး။

Source: Myfoodstory

[Zawgyi Version]

႐ံုးပိတ္ရက္မွာ ဆန္းဆန္းျပားျပား လုပ္စားခ်င္သူေတြအတြက္ ခ်ဥ္စပ္ရာမင္ ေခါက္ဆြဲလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ဒီအစားအစာေလးက တ႐ုတ္အစားအစာျဖစ္ၿပီး အဓိကလွ်ိဳ႕ဝွက္ခ်က္က စြပ္ျပဳတ္ရည္ထဲမွာ ပါပါတယ္။ ဒီေန႔ေဖာ္ျပေပးမွာကေတာ့ သက္သတ္လြတ္ version ျဖစ္ၿပီး သက္သတ္လြတ္မစားခ်င္ရင္ေတာ့ ဝက္သားျပားေလးေတြ ေရာထည့္စားလို႔ရပါတယ္။

ပါဝင္ပစၥည္းမ်ား

aid3199958-v4-728px-Make-Ready-Made-Noodles-Step-3-Version-2.jpg 

ဟင္းခ်က္ဆီ (၂) ဇြန္း၊ င႐ုပ္သီးေျခာက္ (၂) ေတာင့္၊ ဂ်င္းေထာင္း (၁) ဇြန္း၊ ၾကက္သြန္ျဖဴေထာင္း (၁) ဇြန္း၊ တ႐ုတ္နံနံႀကီး (၁/၂) ခြက္၊ မုန္လာဥနီ (၁) ခြက္၊ မႈိေျခာက္ပန္းေျခာက္ (၃) ခြက္၊ ပဲငံျပာရည္အေနာက္ (၂) ဇြန္း၊ ပဲငံျပာရည္အၾကည္ (၂) ဇြန္း၊ ပါးပါးလွီးၿပီးသား တို႔ဟူး (၁) ခြက္၊ ေျပာင္းဖူးေကာ္မႈန္႔ (၂) ဇြန္းခြဲ၊ ရာမင္ေခါက္ဆြဲေျခာက္ (၁) ထုပ္၊ ၾကက္ဥ (၁) လံုး၊ ႐ွာလကာရည္ (၂) ဇြန္း၊ င႐ုပ္ေကာင္းမႈန္႔ (၁/၄) ဇြန္း၊ ဆား (၁/၂) ဇြန္း၊ ႏွမ္းဆီ (၁) ဇြန္းတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Chinese-Hot-and-Soup-Soup-with-Ramen-1.jpg 

အရင္ဆံုး မႈိေျခာက္ပန္းေျခာက္ေတြကို ေရေႏြးပူထဲမွာ (၁၅) မိနစ္ခန္႔ စိမ္ေပးလိုက္ပါ။ စိမ္ရည္ကိုေတာ့ ေနာက္ပိုင္းမွာ စြပ္ျပဳတ္ရည္ထဲမွာ ျပန္ထည့္သံုးဖို႔အတြက္ ဖယ္ထားလိုက္ပါ။ မႈိဖတ္ေလးေတြကို ပါးပါးလွီးၿပီးရင္ေတာ့ ေဘးခနဖယ္ထားလိုက္ပါ။

ဒယ္အိုးျပားတစ္လံုးထဲမွာ ဆီကိုအပူေပးၿပီး င႐ုပ္သီးေတာင့္ကို ဂ်င္းကို ဆီသတ္လိုက္ပါ။ ဂ်င္းဖတ္ေလးေတြ အေရာင္ေျပာင္းလာရင္ ၾကက္သြန္ျဖဴကို ေရာထည့္ေပးပါ။ မိနစ္အနည္းငယ္ ၾကာရင္ေတာ့ တ႐ုတ္နံနံနဲ႔ မုန္လာဥနီကိုပါ ထည့္ေပးလိုက္ပါ။ မုန္လာဥနီေလးေတြ အက်က္ညီေစဖို႔ (၂) မိနစ္ခန္႔ ေမႊေပးၿပီးရင္ေတာ့ မႈိေျခာက္ပန္းေျခာက္ေတြကိုပါ ဒယ္အိုးထဲ ထည့္ႏိုင္ပါၿပီ။

ၿပီးရင္ တို႔ဟူးရယ္၊ ပဲငံျပာရည္ (အၾကည္နဲ႔အေနာက္) ရယ္၊ ေရ (၅) ခြက္စာရယ္ကိုလည္း ေရာထည့္လိုက္ပါ။ ခုနက ဖယ္ထားတဲ့ မႈိေျခာက္ပန္းေျခာက္စိမ္ရည္ကိုပါ ေရာထည့္လိုက္ပါဦး။ ၿပီးရင္ အဖံုးပိတ္ၿပီး မီးျပင္္းျပင္းနဲ႔ (၅) မိနစ္ခန္႔ ခ်က္ျပဳတ္ေပးလိုက္ပါ။ (၅) မိနစ္ျပည့္ရင္ေတာ့ ရာမင္ေခါက္ဆြဲေျခာက္ထုပ္ကို ေဖာက္ထည့္ႏိုင္ပါၿပီ။

ေခါက္ဆြဲထည့္ၿပီး (၁) မိနစ္ေလာက္ၾကာရင္ ေျပာင္းဖူးေကာ္မႈန္႔ကို ေရ (၁/၄) ခြက္နဲ႔ေရာၿပီး စြပ္ျပဳတ္အိုးထဲကို ေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ စြပ္ျပဳတ္ဟင္းရည္ေလး ပ်စ္သြားၿပီဆိုရင္ ၾကက္ဥ တစ္လံုးေဖာက္ထည့္လိုက္ပါ။ ၿပီးမွ အေပၚကေန ႐ွာလကာရည္၊ င႐ုပ္ေကာင္းမႈန္႔၊ ဆားနဲ႔ ႏွမ္းဆီတို႔ကို ထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မီးပိတ္ၿပီး ပန္းကန္တစ္လံးထဲကို လွယ္ထည့္ႏိုင္ပါၿပီ။ ေခါက္ဆြဲပန္းကန္ထဲကို ၾကက္ဥတစ္လံုးေဖာက္ထည့္ၿပီး ၾကက္သြန္ၿမိတ္ေလးလည္း အုပ္ေပးလိုက္ပါဦး။

Source: Myfoodstory


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs