• Food & Recipe
    ကြက်ကချင်ချက် ချက်စားကြမယ်
Thiha Htun
[Unicode Version]

မြန်မာပြည်မြောက်ပိုင်းက ကချင်ပြည်နယ်ဟာ နှင်းဖုံးတောင်တန်းတွေနဲ့အတူ ချမ်းအေးတဲ့ ဒေသတစ်ခုဖြစ်တာနဲ့ လျော်ညီစွာ ကချင်အစားအစာတွေကလည်း ကိုယ်တွင်းအပူဓာတ် (တေဇောဓာတ်) ကို ထုတ်လုပ်နိုင်ဖို့ကို အားပေးပါတယ်။ အဲဒီထဲမှာ ကြက်ကချင်ချက်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။

 26731173_888932434621914_1742107724419554197_n.jpg

ချဉ်ချဉ်စပ်စပ် ဟင်းအနှစ်လေးနဲ့ ထမင်းပူပူလေးထဲမှာ နယ်ဖတ်ပြီး လွေးလိုက်ရရင် ဆွေမျိုးတွေတင်မက ရည်းစားကိုပါ မေ့သွားမှာပါ။ ကဲ... ပြောနေကြာပါတယ်။ ကိုယ်တိုင်ချက်စား ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

sous-vide-chicken-thigh-directions-image-1.jpg

ကြက်သား (ရင်အုံသား၊ ပေါင်သား) (၂၀) သားခန့်၊ မျှစ်ချဉ် (၁) တောင့်၊ ကြက်သွန်ဖြူ (၃) တောင့်၊ ဂျင်း လက်တစ်ဆစ်ခန့်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁/၃) ဇွန်း၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်းနဲ့ (၁) ဇွန်း၊ ငရုတ်သီးစိမ်း (၄) တောင့်၊ နံနံပင် (၁) စည်း၊ ပင်စိမ်း နုတ်နုတ်စင်းထားတာ စားပွဲတင်ဇွန်း (၁) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ကြက်သားမှုန့် စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ ဟင်းချက်ဆီ (၄) ဇွန်း၊ ချဉ်စော်ခါးသီးခြောက် လက်တစ်ဆုပ်စာ၊ ဖက်ဖယ်ရွက် လက်တစ်ဆုပ်စာတို့ကို လိုအပ်ပါတယ်။ Item အနေနဲ့ကတော့ မြေအိုးတစ်လုံး လိုအပ်ပါတယ်။

ပြုလုပ်နည်း

Kachin_Chat7-450x337.jpg

ပထမဦးဆုံး ကြက်သားကို အတုံးလေးတွေဖြစ်အောင် တုံးတစ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တစ်ဝက်) တို့ဖြင့် သမအောင် ရောနယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ကြက်သားနှပ်ထားချိန်မှာ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကိုတော့ ငရုပ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပေးလိုက်ပါ။ ချဉ်စော်ခါးသီး ခြောက်တွေကိုတော့ ရေအေးအေးမှာ (၁၀) မိနစ်ခန့် ရေစိမ်ထားပေးပါ။

ပြီးရင်တော့ ကြက်ကချင်ချက် စတင်ချက်ပြုတ်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပြီဆိုရင် ငရုတ်သီးမှုန့်ထည့်ပြီး ယောက်မနဲ့မွှေပေးလိုက်ပါ။ ပြီးမှ နှပ်ထားတဲ့ ကြက်သားတုံးလေးတွေကို ထည့်ပြီး (၁) မိနစ်ခန့် ရောမွှေပေးလိုက်ပါ။

19145746_818844641624654_5046166996471438715_n.jpg

ချဉ်စော်ခါးသီးခြောက် စိမ်ထားတဲ့ အရည် (စားပွဲတင်ဇွန်း (၄) ဇွန်း)၊ ရေ (၄) ခွက်၊ ပင်စိမ်းရွက်၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) တို့ကိုလည်း ရောထည့်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။ ကြက်သားနူးလောက်သည်အထိ ချိန်ဆပြီး ချက်ပြုတ်ပေးလိုက်ပါ။ ကြက်သားနူးခါနီးပြီ ဆိုရင်တော့ မြေအိုးတစ်လုံးထဲကို ပြောင်းထည့်ပေးပါ။

မြေအိုးထဲကို ကြက်သားဟင်းရောက်ပြီဆိုရင် ပါးပါးလှီးထားတဲ့ မျှစ်ချဉ်ဖတ်လေးတွေထည့်ပြီး နောက်ထပ် (၃) မိနစ်ခန့် တည်ပေးလိုက်ပါ။ ရေလိုရင်တော့ ရေထပ်ထည့်ပေးလိုက်ပါ။ ကြက်သားတုံးပေါ်ရုံလောက်ပဲ ရေကျန်ရင် အရသာ အပေါ့အငန်ကို မြည်းကြည့်လိုက်ပါ။ အပေါ့အငန် အနေတော်ဖြစ်ပြီဆိုရင် အပေါ်က နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းရွက်တို့ အုပ်ပေးပြီး မီးပိတ်လိုက်ပါ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ စားလို့ကောင်းတဲ့ ကြက်ကချင်ချက်လေးကို ထမင်းပူပူလေးနဲ့ ရောပြီး လွေးနိုင်ပါပြီနော်။

Source: Pinterest

[Zawgyi Version]

ျမန္မာျပည္ေျမာက္ပိုင္းက ကခ်င္ျပည္နယ္ဟာ ႏွင္းဖံုးေတာင္တန္းေတြနဲ႔အတူ ခ်မ္းေအးတဲ့ ေဒသတစ္ခုျဖစ္တာနဲ႔ ေလ်ာ္ညီစြာ ကခ်င္အစားအစာေတြကလည္း ကိုယ္တြင္းအပူဓာတ္ (ေတေဇာဓာတ္) ကို ထုတ္လုပ္ႏိုင္ဖို႔ကို အားေပးပါတယ္။ အဲဒီထဲမွာ ၾကက္ကခ်င္ခ်က္ဟာလည္း တစ္ခုအပါအဝင္ပါပဲ။

 

ခ်ဥ္ခ်ဥ္စပ္စပ္ ဟင္းအႏွစ္ေလးနဲ႔ ထမင္းပူပူေလးထဲမွာ နယ္ဖတ္ၿပီး ေလြးလိုက္ရရင္ ေဆြမ်ိဳးေတြတင္မက ရည္းစားကိုပါ ေမ့သြားမွာပါ။ ကဲ... ေျပာေနၾကာပါတယ္။ ကိုယ္တိုင္ခ်က္စား ၾကည့္လိုက္ရေအာင္။

ပါဝင္ပစၥည္းမ်ား

ၾကက္သား (ရင္အုံသား၊ ေပါင္သား) (၂၀) သားခန္႔၊ မွ်စ္ခ်ဥ္ (၁) ေတာင့္၊ ၾကက္သြန္ျဖဴ (၃) ေတာင့္၊ ဂ်င္း လက္တစ္ဆစ္ခန္႔၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ (၁/၃) ဇြန္း၊ င႐ုတ္သီးမႈန္႔ စားပြဲတင္ဇြန္းနဲ႔ (၁) ဇြန္း၊ င႐ုတ္သီးစိမ္း (၄) ေတာင့္၊ နံနံပင္ (၁) စည္း၊ ပင္စိမ္း ႏုတ္ႏုတ္စင္းထားတာ စားပြဲတင္ဇြန္း (၁) ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္းနဲ႔ (၁) ဇြန္း၊ ၾကက္သားမႈန္႔ စားပြဲတင္ဇြန္းနဲ႔ (၁/၂) ဇြန္း၊ ဟင္းခ်က္ဆီ (၄) ဇြန္း၊ ခ်ဥ္ေစာ္ခါးသီးေျခာက္ လက္တစ္ဆုပ္စာ၊ ဖက္ဖယ္႐ြက္ လက္တစ္ဆုပ္စာတုိ႔ကို လိုအပ္ပါတယ္။ Item အေနနဲ႔ကေတာ့ ေျမအိုးတစ္လံုး လိုအပ္ပါတယ္။

ျပဳလုပ္နည္း

ပထမဦးဆံုး ၾကက္သားကို အတံုးေလးေတြျဖစ္ေအာင္ တံုးတစ္ၿပီး ၾကက္သြန္ျဖဴ၊ ဂ်င္း၊ နႏြင္းမႈန္႔၊ ဆား (လက္ဖက္ရည္ဇြန္း တစ္၀က္)၊ ၾကက္သားမႈန္႔(လက္ဖက္ရည္ဇြန္း တစ္၀က္) တုိ႔ျဖင္႔ သမေအာင္ ေရာနယ္ၿပီး (၁၅) မိနစ္ခန္႔ ႏွပ္ထားေပးလိုက္ပါ။ ၾကက္သားႏွပ္ထားခ်ိန္မွာ နံနံပင္၊ ပင္စိမ္း၊ ငရုတ္သီးစိမ္း၊ ဖက္ဖယ္ရြက္ တုိ႔ကိုေတာ့ င႐ုပ္ဆံုထဲထည့္ၿပီး ညက္ေနေအာင္ ေထာင္းေပးလိုက္ပါ။ ခ်ဥ္ေစာ္ခါးသီး ေျခာက္ေတြကိုေတာ့ ေရေအးေအးမွာ (၁၀) မိနစ္ခန္႔ ေရစိမ္ထားေပးပါ။

ၿပီးရင္ေတာ့ ၾကက္ကခ်င္ခ်က္ စတင္ခ်က္ျပဳတ္ဖို႔အတြက္ ဒယ္အိုးထဲကို ဆီထည့္ၿပီး အပူေပးလိုက္ပါ။ ဆီပူလာၿပီဆိုရင္ ငရုတ္သီးမႈန္႔ထည့္ၿပီး ေယာက္မနဲ႔ေမႊေပးလိုက္ပါ။ ၿပီးမွ ႏွပ္ထားတဲ့ ၾကက္သားတံုးေလးေတြကို ထည္႔ၿပီး (၁) မိနစ္ခန္႔ ေရာေမႊေပးလိုက္ပါ။

ခ်ဥ္ေစာ္ခါးသီးေျခာက္ စိမ္ထားတဲ႔ အရည္ (စားပြဲတင္ဇြန္း (၄) ဇြန္း)၊ ေရ (၄) ခြက္၊ ပင္စိမ္း႐ြက္၊ ဖက္ဖယ္ရြက္၊ ငရုတ္သီးစိမ္း၊ နံနံပင္၊ ဆား (လက္ဖက္ရည္ဇြန္း တစ္၀က္)၊ ၾကက္သားမႈန္႔ (လက္ဖက္ရည္ဇြန္း တစ္ဇြန္း) တုိ႔ကိုလည္း ေရာထည့္ၿပီး အဖံုးအုပ္ထားေပးလိုက္ပါ။ ၾကက္သားႏူးေလာက္သည္အထိ ခ်ိန္ဆၿပီး ခ်က္ျပဳတ္ေပးလိုက္ပါ။ ၾကက္သားႏူးခါနီးၿပီ ဆိုရင္ေတာ့ ေျမအုိးတစ္လံုးထဲကို ေျပာင္းထည္႔ေပးပါ။

ေျမအိုးထဲကို ၾကက္သားဟင္းေရာက္ၿပီဆိုရင္ ပါးပါးလွီးထားတဲ့ မွ်စ္ခ်ဥ္ဖတ္ေလးေတြထည့္ၿပီး ေနာက္ထပ္ (၃) မိနစ္ခန္႔ တည္ေပးလိုက္ပါ။ ေရလိုရင္ေတာ့ ေရထပ္ထည္႔ေပးလိုက္ပါ။ ၾကက္သားတံုးေပၚရုံေလာက္ပဲ ေရက်န္ရင္ အရသာ အေပါ့အငန္ကို ျမည္းၾကည္႔လိုက္ပါ။ အေပါ႔အငန္ အေနေတာ္ျဖစ္ၿပီဆိုရင္ အေပၚက နံနံပင္၊ ဖက္ဖယ္ရြက္၊ ပင္စိမ္း႐ြက္တို႔ အုပ္ေပးၿပီး မီးပိတ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ခ်ဥ္ခ်ဥ္စပ္စပ္ အရသာနဲ႔ စားလို႔ေကာင္းတဲ့ ၾကက္ကခ်င္ခ်က္ေလးကို ထမင္းပူပူေလးနဲ႔ ေရာၿပီး ေလြးႏုိင္ပါၿပီေနာ္။

Source: Pinterest


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs