အသက်အရွယ် နည်းနည်းရလာရင် စိတ်ဖိစီးမှုဒဏ်တွေ၊ အစားအသောက် အနေအထိုင် အသွားအလာ မဆင်ခြင်မှုတွေကြောင့် အရေပြားပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်တာ သဘာဝပါ။

အသက်အရွယ် နည်းနည်းရလာရင် စိတ်ဖိစီးမှုဒဏ်တွေ၊ အစားအသောက် အနေအထိုင် အသွားအလာ မဆင်ခြင်မှုတွေကြောင့် အရေပြားပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်တာ သဘာဝပါ။ တချို့ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သလို ထင်ရပြီး ပတ်ဝန်းကျင်ကလူတွေက ရှိရင်းစွဲအသက်ကို ပိုကြီးတယ်လို့ မြင်တာကိုပဲ ခံရတတ်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ဖြေရှင်းနည်းလေးကတော့ လွယ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းပေးလိုက်ရုံပါပဲ။



၁။ ဘယ်ရီသီး

oat-and-berry-acai-bowl-104111-1.jpeg 

အရွယ်တင် နုပျိုစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ အထဲမှာ ဘယ်ရီသီးက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး စတဲ့ ဘယ်ရီသီးတွေထဲမှာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ antioxidant တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆဲလ်ပျက်ဆီးမှုကို အမြင့်မားဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေကိုလည်း ကျန်းမာစေပြီး အရွယ်တင် နုပျိုစေပါတယ်။

၂။ ကြက်သွန်နီ

DSC_7141.JPG 

ကိုယ်တွင်းကလီစာတွေနဲ့ အစာအိမ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး အစားအသောက်ကတော့ ကြက်သွန်နီပါပဲ။ အသက်အရွယ် ရလာချိန်မှာ အစာအိမ်နဲ့ ကိုယ်တွင်းကလီစာ ကျန်းမာဖို့က အရေးကြီးလာပါတယ်။ ကြက်သွန်နီထဲမှာ အစာခြေစနစ်ကို အထူးကောင်းမွန်စေတဲ့ agent တွေ ပါဝင်တဲ့အတွက် အရွယ်တင်ခြင်းကိုလည်း အားပေးမှာပါနော်။

၃။ ငါး

baked-salmon-with-a-slice-of-lemon-and-some-dill-157505475-5835f7cc3df78c6f6ad3d072.jpg 

အသက်ကြီးချိန်မှာ နှလုံးကျန်းမာရေးသည်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ နှလုံးကျန်းမာရေးက ဇီဝကမ္မစနစ်၊ စွမ်းအင်လယ်ဗယ်၊ လှုပ်ရှားနိုင်စွမ်း၊ သက်လုံနဲ့ တခြားအချက်တွေကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဆယ်လ်မွန်ငါးတို့၊ တူနာငါးတို့လိုမျိုး အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ ငါးတွေဟာ ခန္ဓာကိုယ်ထဲမှာ ကိုလက်စ်ထရော ထိန်းသိမ်းပေးနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးနိုင်ပါတယ်။

၄။ ပဲစေ့များ

16JPEASTER2-articleLarge.jpg 

ပဲစေ့တွေထဲမှာ အမျှင်ဓာတ်နဲ့ သတ္ထုဓာတ် ကြွယ်ဝစွာပါဝင်ပြီး အဲဒီ (၂) မျိုးစလုံးဟာ အထွေထွေကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ပဲစေ့တွေဟာ အာဟာရဖြည့်တင်းမှုကို မြှင့်တင်ပေးနိုင်သလို ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲ ဆိုတဲ့အတိုင်း ဝမ်းဗိုက်ကျန်းမာရေး ကောင်းမွန်နေတော့ သွေးသားမှန်ကန်ပြီး အရွယ်တင် နုပျိုနေပါလိမ့်မယ်။

၅။ ချောကလက်အမဲ

1280-lowers-cholestoral.jpg 

နို့ပါဝင်မှု မရှိသလောက်နည်းပါးပြီး ကိုကိုးမှုန့်နဲ့ အဓိကပြုလုပ်ထားတဲ့ ချောကလက်အမဲဟာ အရေပြားဆဲလ်တွေကို ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ တကယ်တော့ အရေပြားပေါ်ကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့စေခြင်းဟာ လူကိုအိုမင်းရင့်ရော်စေပါတယ်။ ချောကလက်အမဲထဲမှာ ပါဝင်တဲ့ ဖလာဗိုနွိုက် (flavonoid) ကတော့ ဆဲလ်ရောင်ရမ်းခြင်းနဲ့ ဆဲလ်ပျက်ဆီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က