• Food & Recipe

    မက္ကစီကန်စတိုင်လ် ပေါင်မုန့် ထောပတ်သီးသုတ် လုပ်စားကြမယ်

Thiha Htun
[Unicode Version]

ကမ္ဘာကျော် The Eagles တီးဝိုင်းရဲ့ "Hotel California" ကို သံစဉ်ယူထားတဲ့ ဂွတ်ထ်မောနင်း ပေါင်မုန့် ကြော်ငြာစာသားလေးကို 90's kids တိုင်း အမှတ်ရနေကြမှာပါ။ "ရင်ခုန်စေတဲ့ ပေါင်မုန့်ထောပတ်လေးပါကွယ်~~~~" ဆိုတဲ့ သီချင်းစာသားလေးလေ။ ငယ်ငယ်တုန်းကတော့ ပေါင်မုန့်ထောပတ်သုတ် ဆိုတာကို ကြော်ငြာကြည့်ပြီးမှ ဝယ်စားချင်ခဲ့ကြတာပါ။

fried-egg-avocado-toast-4.jpg 

ပေါင်မုန့်ထောပတ်သုတ် အကြောင်း ပြောနေလို့ ပေါင်မုန့်ထောပတ်သုတ် လုပ်နည်း ရေးပေးမလို့တော့ မဟုတ်ပါဘူး။ ထောပတ်နေရာမှာ ထောပတ်သီးကို အစားထိုးသုတ်လိမ်း ပေးရမှာပါ။ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာလေးတစ်နပ် ဖြစ်လာစေမှာမို့ ဖတ်ပြီး လုပ်စားကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

small-spicy-avocado-toast-with-egg-6.jpg 

ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးမှည့် တစ်ခြမ်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ကြက်ဥအကြီး (၂) လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပေါင်မုန့်မီးကင် (၂) ချပ်၊ ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အမှုန့်ခြေထားတဲ့ Cotija cheese (ဒိန်ခဲအမာ) လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

small-spicy-avocado-toast-with-egg-1.jpg 

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ထောပတ်သီးအနှစ်ကို ခြစ်ထည့်ပြီး ခက်ရင်းတစ်ချောင်းနဲ့ ညက်ညက်ကြေအောင် ခြေပေးပါ။ အကောင်းဆုံးကတော့ ထောပတ်သီးအနှစ်ကို အရမ်းကြီး ပြဲသွားတဲ့အထိ မခြေဘဲ ထောပတ်သီးဖတ်လေးတွေ ဟိုတစ်စ၊ ဒီတစ်စ ကျန်နေအောင် ခြေပေးသင့်ပါတယ်။

small-spicy-avocado-toast-with-egg-2.jpg 

ပြီးရင် ဒယ်အိုးပြားတစ်ချပ်ထဲမှာ သံလွင်ဆီကို အပူပျော့ပျော့လေးနဲ့ အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်ဥကို ဖောက်ထည့်လိုက်ပြီး အနှစ်မပေါက်အောင် ဟက်ဖ်ရိုက်ကြော်ပေးလိုက်ပါ။ ကျက်လောက်ပြီဆိုရင် ကြက်ဥကြော်လေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပေးလိုက်ပါ။

small-spicy-avocado-toast-with-egg-5.jpg 

ပြီးရင် ပေါင်မုန့် (၂) ချပ်ကို မီးကင်လိုက်ပြီး ပေါင်မုန့်မီးကင်ပေါ်မှာ စောနကခြေထားတဲ့ ထောပတ်သီးအနှစ်ကို ထောပတ်သုတ်သလို သုတ်ပေးလိုက်ပါ။ ပြီးရင်အပေါ်ကနေပြီး ပင်လယ်ဆားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကိုလည်း ဖြူးပေးလိုက်ပါ။ ထောပတ်သီး အနှစ်ပေါ်ကမှ ခုနက ကြော်ပြီးဖယ်ထားတဲ့ ကြက်ဥကြော်ကိုအုပ်ပြီးရင် အပေါ်ကနေ ဆား၊ ငရုပ်သီး၊ ငရုပ်ကောင်းစတာတွေနဲ့ ဖြူးပေးလိုက်ပါဦး။

small-spicy-avocado-toast-with-egg-7.jpg 

Cotija cheese (ဒိန်ခဲအမာ) မှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်လောက်ကိုပဲ ဖြူးပေးလို့ရပါတယ်။ ပြီးရင်တော့ အပေါ်ကနေ နောက်ထပ်ပေါင်မုန့်မီးကင်တစ်ခြမ်းနဲ့ အုပ်ပေးပြီး အရသာရှိတဲ့ ပေါင်မုန့်မီးကင် ထောပတ်သီးအနှစ်သုတ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: FoodDiary

[Zawgyi Version]

ကမၻာေက်ာ္ The Eagles တီးဝိုင္းရဲ႕ "Hotel California" ကို သံစဥ္ယူထားတဲ့ ဂြတ္ထ္ေမာနင္း ေပါင္မုန္႔ ေၾကာ္ျငာစာသားေလးကို 90's kids တိုင္း အမွတ္ရေနၾကမွာပါ။ "ရင္ခုန္ေစတဲ့ ေပါင္မုန္႔ေထာပတ္ေလးပါကြယ္~~~~" ဆိုတဲ့ သီခ်င္းစာသားေလးေလ။ ငယ္ငယ္တုန္းကေတာ့ ေပါင္မုန္႔ေထာပတ္သုတ္ ဆိုတာကို ေၾကာ္ျငာၾကည့္ၿပီးမွ ဝယ္စားခ်င္ခဲ့ၾကတာပါ။

 

ေပါင္မုန္႔ေထာပတ္သုတ္ အေၾကာင္း ေျပာေနလို႔ ေပါင္မုန္႔ေထာပတ္သုတ္ လုပ္နည္း ေရးေပးမလို႔ေတာ့ မဟုတ္ပါဘူး။ ေထာပတ္ေနရာမွာ ေထာပတ္သီးကို အစားထိုးသုတ္လိမ္း ေပးရမွာပါ။ အရသာ႐ွိၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ မနက္စာေလးတစ္နပ္ ျဖစ္လာေစမွာမို႔ ဖတ္ၿပီး လုပ္စားၾကည့္ၾကပါဦး။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ့ ေထာပတ္သီးမွည္႔ တစ္ျခမ္း၊ ဆားအနည္းငယ္၊ ငရုပ္ေကာင္းမႈန္႔ အနည္းငယ္၊ ၾကက္ဥအႀကီး (၂) လံုး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ေပါင္မုန္႔မီးကင္ (၂) ခ်ပ္၊ ငရုပ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း (၁) ဇြန္းနဲ႔ အမႈန္႔ေျခထားတဲ႔ Cotija cheese (ဒိန္ခဲအမာ) လက္ဖက္ရည္ဇြန္း (၂) ဇြန္းတို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး ဇလံုတစ္လံုးထဲမွာ ေထာပတ္သီးအႏွစ္ကို ျခစ္ထည္႔ၿပီး ခက္ရင္းတစ္ေခ်ာင္းနဲ႔ ညက္ညက္ေၾကေအာင္ ေျခေပးပါ။ အေကာင္းဆံုးကေတာ႔ ေထာပတ္သီးအႏွစ္ကို အရမ္းႀကီး ျပဲသြားတဲ႔အထိ မေျခဘဲ ေထာပတ္သီးဖတ္ေလးေတြ ဟိုတစ္စ၊ ဒီတစ္စ က်န္ေနေအာင္ ေျခေပးသင္႔ပါတယ္။

 

ၿပီးရင္ ဒယ္အိုးျပားတစ္ခ်ပ္ထဲမွာ သံလြင္ဆီကို အပူေပ်ာ႔ေပ်ာ႔ေလးနဲ႔ အပူေပးလိုက္ပါ။ ဆီပူၿပီဆိုရင္ ၾကက္ဥကို ေဖာက္ထည္႔လိုက္ၿပီး အႏွစ္မေပါက္ေအာင္ ဟက္ဖ္ရိုက္ေၾကာ္ေပးလိုက္ပါ။ က်က္ေလာက္ၿပီဆိုရင္ ၾကက္ဥေၾကာ္ေလးေတြကို ပန္းကန္ျပားတစ္ခ်ပ္ထဲ ထည္႔ထားေပးလိုက္ပါ။

 

ၿပီးရင္ ေပါင္မုန္႔ (၂) ခ်ပ္ကို မီးကင္လိုက္ၿပီး ေပါင္မုန္႔မီးကင္ေပၚမွာ ေစာနကေျခထားတဲ႔ ေထာပတ္သီးအႏွစ္ကို ေထာပတ္သုတ္သလို သုတ္ေပးလိုက္ပါ။ ၿပီးရင္အေပၚကေနၿပီး ပင္လယ္ဆားရယ္၊ ငရုပ္ေကာင္းမႈန္႔ရယ္ကိုလည္း ျဖဴးေပးလိုက္ပါ။ ေထာပတ္သီး အႏွစ္ေပၚကမွ ခုနက ေၾကာ္ၿပီးဖယ္ထားတဲ႔ ၾကက္ဥေၾကာ္ကိုအုပ္ၿပီးရင္ အေပၚကေန ဆား၊ ငရုပ္သီး၊ ငရုပ္ေကာင္းစတာေတြနဲ႔ ျဖဴးေပးလိုက္ပါဦး။

 

Cotija cheese (ဒိန္ခဲအမာ) မႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ တစ္ဝက္ေလာက္ကိုပဲ ျဖဴးေပးလို႔ရပါတယ္။ ၿပီးရင္ေတာ႔ အေပၚကေန ေနာက္ထပ္ေပါင္မုန္႔မီးကင္တစ္ျခမ္းနဲ႔ အုပ္ေပးၿပီး အရသာရွိတဲ႔ ေပါင္မုန္႔မီးကင္ ေထာပတ္သီးအႏွစ္သုတ္ စပ္စပ္ေလးကို သံုးေဆာင္ႏိုင္ပါၿပီ။

Source: FoodDiary



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs