• Food & Recipe
    ဝက်သားဂေါ်ဖီထုပ် ဟင်းချိုပြုလုပ်နည်း
Thiha Htun
[Unicode Version]

တစ်ခါတလေမှာ ညစာစားခါနီးမှ ဟင်းတွေက ခြောက်ကပ်ကပ်ကြီး ဖြစ်နေလို့ ထမင်းစားလို့မဝင် ဖြစ်ဖူးမှာပါ။ တကယ်တော့ ဟင်းချိုလေးတစ်မျိုးလောက်ပါမှ စားရသောက်ရတာ စိုစိုပြေပြေ ရှိတာပါ။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဟင်းချိုသောက်ပေးခြင်းက အစာခြေလမ်းကြောင်းတလျှောက်မှာ ချောဆီလိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။

maxresdefault.jpg 

မိမိတို့ရဲ့ညစာမှာ ထည့်သွင်းနိုင်ဖို့ ဟင်းချိုတစ်ခွက်ကို အရသာရှိရှိနဲ့ လွယ်လွယ်ကူကူ ချက်ပြုတ်ချင်ရင် လွယ်လွယ်လေးပါ။ အောက်မှာ ဆက်ဖတ်ကြည့်ပေးပါဦးနော်။ လွယ်ကူလျင်မြန်တဲ့ ဝက်သားဂေါ်ဖီထုပ်ဟင်းချို လုပ်နည်းလေးကို ဖော်ပြပေးထားလို့ပါ။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-13 Simple Cabbage Soup.png 

ဝက်သား (၁၅၀) ဂရမ်၊ ဂေါ်ဖီထုပ် (၁) ခြမ်း၊ တရုတ်မုန်လာ (၁) လုံး၊ မုန်လာဥနီ (၁) လုံး၊ ကြက်သွန်နီ (၁) လုံး၊ Sour cream (၁) ဇွန်း၊ ထောပတ် (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ လေးညှင်းပွင့်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

pork-belly-cabbage-soup900x675-900x675.jpg 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ မုန်လာဥနီကို အမြှောင်းအသေးလေးတွေ လှီးထားတာရယ်၊ တရုတ်မုန်လာရယ်၊ ကြက်သွန်နီရယ်ကို ဆီပူထိုးပြီး ကြော်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် ကြော်ပြီးရင်တော့ ပန်းကန်တစ်လုံးထဲ လှယ်ထည့်ပြီး ဘေးခနဖယ်ထားပေးလိုက်ပါ။

ပန်းကန်အကြီး တစ်လုံးထဲမှာတော့ ဝက်သားတုံးလေးတွေကို ပါးပါးလှီးပြီး ရလာတဲ့ ဝက်သားပြားလေးတွေကို ရေမှာစိမ်ပေးလိုက်ပါ။ ဂေါ်ဖီထုပ်ကိုလည်း အတုံးသေးသေးလေးတွေ တုံးတစ်ပြီး ဝက်သားပြားတွေနဲ့အတူ ရေမှာရောစိမ်ပေးလိုက်ပါ။

DSC06285.JPG 

ဒယ်အိုးပြားထဲမှာ ဝက်သားပြားရယ်၊ ဂေါ်ဖီထုပ်ရယ်၊ မုန်လာဥနီကြော်ရယ်ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ဝက်သားစိမ်ထားတဲ့ စိမ်ရည်ကိုပါ ရောထည့်လိုက်ပါ။ အပေါ့၊ အငန်ချိန်ဆပြီး ကြက်သားမှုန့်နဲ့ ဆားကိုလည်း စိတ်ကြိုက်ထည့်ပါ။ ပြီးရင်တော့ အထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအားလုံး ကျက်သွားသည်အထိ သေချာချက်ပြုတ်ပေးလိုက်ပါ။ အရသာအတွက် အပေါ်ကနေ လေးညှင်းပွင့် အုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲ လှယ်ထည့်ပြီး ဟင်းချိုအဖြစ် တခြားဟင်းတွေနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source: Sidechef

[Zawgyi Version]

တစ္ခါတေလမွာ ညစာစားခါနီးမွ ဟင္းေတြက ေျခာက္ကပ္ကပ္ႀကီး ျဖစ္ေနလို႔ ထမင္းစားလို႔မဝင္ ျဖစ္ဖူးမွာပါ။ တကယ္ေတာ့ ဟင္းခ်ိဳေလးတစ္မ်ိဳးေလာက္ပါမွ စားရေသာက္ရတာ စိုစိုေျပေျပ ႐ွိတာပါ။ က်န္းမာေရး ႐ႈေထာင့္က ၾကည့္မယ္ဆိုရင္လည္း ဟင္းခ်ိဳေသာက္ေပးျခင္းက အစာေျခလမ္းေၾကာင္းတေလွ်ာက္မွာ ေခ်ာဆီလိုမ်ိဳး လုပ္ေဆာင္ေပးႏိုင္တဲ့အတြက္ အစာေၾကလြယ္ေစႏိုင္ပါတယ္။

မိမိတို႔ရဲ႕ညစာမွာ ထည့္သြင္းႏိုင္ဖို႔ ဟင္းခ်ိဳတစ္ခြက္ကို အရသာ႐ွိ႐ွိနဲ႔ လြယ္လြယ္ကူကူ ခ်က္ျပဳတ္ခ်င္ရင္ လြယ္လြယ္ေလးပါ။ ေအာက္မွာ ဆက္ဖတ္ၾကည့္ေပးပါဦးေနာ္။ လြယ္ကူလ်င္ျမန္တဲ့ ဝက္သားေဂၚဖီထုပ္ဟင္းခ်ိဳ လုပ္နည္းေလးကို ေဖာ္ျပေပးထားလို႔ပါ။

ပါဝင္ပစၥည္းမ်ား

Screenshot-2018-2-13 Simple Cabbage Soup.png 

ဝက္သား (၁၅၀) ဂရမ္၊ ေဂၚဖီထုပ္ (၁) ျခမ္း၊ တ႐ုတ္မုန္လာ (၁) လံုး၊ မုန္လာဥနီ (၁) လံုး၊ ၾကက္သြန္နီ (၁) လံုး၊ Sour cream (၁) ဇြန္း၊ ေထာပတ္ (၁) ဇြန္း၊ င႐ုပ္ေကာင္းမႈန္႔အနည္းငယ္၊ ေလးညွင္းပြင့္အနည္းငယ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

pork-belly-cabbage-soup900x675-900x675.jpg 

အရင္ဆံုး ဒယ္အိုးျပားတစ္လံုးထဲမွာ မုန္လာဥနီကို အေျမွာင္းအေသးေလးေတြ လွီးထားတာရယ္၊ တ႐ုတ္မုန္လာရယ္၊ ၾကက္သြန္နီရယ္ကို ဆီပူထိုးၿပီး ေၾကာ္ေပးလိုက္ပါ။ မိနစ္အနည္းငယ္ၾကာေအာင္ ေၾကာ္ၿပီးရင္ေတာ့ ပန္းကန္တစ္လံုးထဲ လွယ္ထည့္ၿပီး ေဘးခနဖယ္ထားေပးလိုက္ပါ။

ပန္းကန္အႀကီး တစ္လံုးထဲမွာေတာ့ ဝက္သားတံုးေလးေတြကို ပါးပါးလွီးၿပီး ရလာတဲ့ ဝက္သားျပားေလးေတြကို ေရမွာစိမ္ေပးလိုက္ပါ။ ေဂၚဖီထုပ္ကိုလည္း အတံုးေသးေသးေလးေတြ တံုးတစ္ၿပီး ဝက္သားျပားေတြနဲ႔အတူ ေရမွာေရာစိမ္ေပးလိုက္ပါ။

ဒယ္အိုးျပားထဲမွာ ဝက္သားျပားရယ္၊ ေဂၚဖီထုပ္ရယ္၊ မုန္လာဥနီေၾကာ္ရယ္ကို ေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ ဝက္သားစိမ္ထားတဲ့ စိမ္ရည္ကိုပါ ေရာထည့္လိုက္ပါ။ အေပါ့၊ အငန္ခ်ိန္ဆၿပီး ၾကက္သားမႈန္႔နဲ႔ ဆားကိုလည္း စိတ္ႀကိဳက္ထည့္ပါ။ ၿပီးရင္ေတာ့ အထဲမွာပါဝင္တဲ့ ပါဝင္ပစၥည္းအားလံုး က်က္သြားသည္အထိ ေသခ်ာခ်က္ျပဳတ္ေပးလိုက္ပါ။ အရသာအတြက္ အေပၚကေန ေလးညွင္းပြင့္ အုပ္ေပးလိုက္ပါ။

ၿပီးရင္ေတာ့ ပန္းကန္လံုးတစ္လံုးထဲ လွယ္ထည့္ၿပီး ဟင္းခ်ိဳအျဖစ္ တျခားဟင္းေတြနဲ႔ တြဲဖက္သံုးေဆာင္ႏိုင္ပါၿပီ။

Source: Sidechef


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs