• Food & Recipe
    ဗယ်လင်တိုင်းဒေးစပယ်ရှယ် စတော်ဘယ်ရီကျောက်ကျောပူတင်း
Thiha Htun
[Unicode Version]

ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) မှာ ချစ်သူကို ကျွေးချင်လို့ပဲဖြစ်ဖြစ်၊ ချောကလက်ပေးမဲ့သူ မရှိလို့ ကိုယ်တိုင်လုပ်စားချင်ရင် ပဲဖြစ်ဖြစ် အဆင်ပြေနိုင်မဲ့ ကျောက်ကျောပူတင်းလေးတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပြုလုပ်ရ အလွန်လွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် ကိုယ်တိုင်လုပ်စားကြည့်သင့်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

panna-cotta24.jpg 

နွားနို့ (၁) ခွက်၊ ခရင်မ် (၃/၄) ခွက်၊ ကျောက်ကျောမှုန့် (၂) ဇွန်း၊ သကြားမှုန့် (၁/၂) ခွက်၊ ဗနီလာအရည် (၁) ဇွန်း၊ ဆားအနည်းငယ်၊ ရေနွေး (၂) ဇွန်း၊ စတော်ဘယ်ရီသီး အလုံး (၂၀) တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး နွားနို့ (၁) ခွက်နဲ့ ခရင်မ် (၃/၄) ခွက်ကိုရောပြီး ကြက်ဥခလောက်တံနဲ့ မွှေပေးလိုက်ပါ။ ပြီးရင်တော့ နွားနို့နွေးလာသည်အထိ အပူပေးလိုက်ပါ။ (ပွက်ပွက်ဆူအောင်တော့ မကျိုပါနဲ့။) ကျောက်ကျောမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်းကို နွားနို့ထဲထည့်ပြီး ကြက်ဥခလောက်တံနဲ့ မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ (၃) မိနစ်ခန့် ဆက်ပြီး အပူပေးလိုက်ပါ။

 Coconut-panna-cotta-with-berry-hearts-recipe.jpg

သကြားမှုန့် (၁/၂) ခွက်ကိုလည်း ကျောက်ကျောရည်ထဲကို ထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ ခနကြာရင်တော့ ဗနီလာအရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ ဆားအနည်းငယ်ရယ်ကိုလည်း ကျောက်ကျောရည်ထဲမှာ ရောမွှေပေးလိုက်ပါဦး။ ပြီးရင်တော့ မီးပိတ်ပြီး (၁၀) မိနစ်ခန့် အအေးခံပေးလိုက်ပါ။

ပြီးရင် ဖန်ခွက်တစ်လုံး (ပုံမှန်အဝကျယ် ရေခွက်) ကို ပန်းကန်လုံးအသေး တစ်လုံးထဲကို စောင်းပြီးထည့်ထားပေးလိုက်ပါ။ ခွက်ကိုစောင်းထားတဲ့အတွက် ဖန်ခွက်နှုတ်ခမ်းနားထိ အရည်ဖြည့်ပြီးရင် ရပ်တန့်နိုင်ပါတယ်။ ပုံစံတူ နောက်တစ်ခွက်ထဲကို ကျောက်ကျောရည်တွေကို ပြောင်းထည့်နိုင်ပါတယ်။ ကျောက်ကျောရည်ခွက်လေးကို ရေခဲသေတ္တာထဲမှာ (၂) နာရီခန့် အအေးခံပေးလိုက်ပါ။

 strawberry-panna-cotta-recipe-strawberry-panna-cotta-without-gelatin-1-769x1024.jpeg

ရေနွေး လက်ဖက်ရည်ဇွန်း (၂) ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးမှ ကျောက်ကျောမှုန့် (၁) ဇွန်းထည့်ပြီး သမအောင်ရောမွှေ ပေးလိုက်ပါ။ စတော်ဘယ်ရီသီး အလုံး (၂၀) ခန့်ကို Blender (သစ်သီးမွှေစက်) ထဲထည့်ပြီး ရလာတဲ့ စတော်ဘယ်ရီသီးအနှစ်ကို ကျောက်ကျောရည်ထည့်ထားတဲ့ ပန်းကန်လုံးထဲမှာ ရောထည့်ပေးလိုက်ပါ။ ပြီးရင် သမအောင် မွှေပေးလိုက်ပါ။

ခုနက ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ကျောက်ကျောပူတင်းခွက်လေးကို ယူထုတ်လိုက်ပြီး စောင်းထားလို့ လွတ်နေတဲ့ဘက်မှာ စတော်ဘယ်ရီ ကျောက်ကျောအနှစ်လေးကို လောင်းထည့်ပေးလိုက်ပါ။ ဖန်ခွက်နှုတ်ခမ်းကို ထိတဲ့အထိ ပြည့်သွားပြီဆိုရင်တော့ ပိုနေသေးတဲ့ စတော်ဘယ်ရီအရည်တွေကို နောက်တစ်ခွက်စာအတွက် ဖယ်ထားလိုက်ပါ။ သူ့ကိုလည်း ရေခဲသေတ္တာထဲမှာ (၂) နာရီခန့် အအေးခံပေးလိုက်ပါ။ ပြီးရင်တော့ ဗယ်လင်တိုင်းဒေး စပယ်ရှယ် စတော်ဘယ်ရီ ကျောက်ကျောပူတင်းလေးကို သုံးဆောင်နိုင်ပါပြီ။

Source: Hebbars Kitchen

[Zawgyi Version]

ဗယ္လင္တိုင္းေဒး (ခ်စ္သူမ်ားေန႔) မွာ ခ်စ္သူကို ေကြ်းခ်င္လို႔ပဲျဖစ္ျဖစ္၊ ေခ်ာကလက္ေပးမဲ့သူ မ႐ွိလို႔ ကိုယ္တိုင္လုပ္စားခ်င္ရင္ ပဲျဖစ္ျဖစ္ အဆင္ေျပႏိုင္မဲ့ ေက်ာက္ေက်ာပူတင္းေလးတစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ျပဳလုပ္ရ အလြန္လြယ္ကူၿပီး စားလို႔ေကာင္းတဲ့အတြက္ ကိုယ္တိုင္လုပ္စားၾကည့္သင့္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ႏြားႏို႔ (၁) ခြက္၊ ခရင္မ္ (၃/၄) ခြက္၊ ေက်ာက္ေက်ာမႈန္႔ (၂) ဇြန္း၊ သၾကားမႈန္႔ (၁/၂) ခြက္၊ ဗနီလာအရည္ (၁) ဇြန္း၊ ဆားအနည္းငယ္၊ ေရေႏြး (၂) ဇြန္း၊ စေတာ္ဘယ္ရီသီး အလံုး (၂၀) တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး ႏြားႏို႔ (၁) ခြက္နဲ႔ ခရင္မ္ (၃/၄) ခြက္ကိုေရာၿပီး ၾကက္ဥခေလာက္တံနဲ႔ ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ႏြားႏို႔ေႏြးလာသည္အထိ္ အပူေပးလိုက္ပါ။ (ပြက္ပြက္ဆူေအာင္ေတာ့ မက်ိဳပါနဲ႔။) ေက်ာက္ေက်ာမႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ (၁) ဇြန္းကို ႏြားႏို႔ထဲထည့္ၿပီး ၾကက္ဥခေလာက္တံနဲ႔ ေမႊေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ (၃) မိနစ္ခန္႔ ဆက္ၿပီး အပူေပးလိုက္ပါ။

 

သၾကားမႈန္႔ (၁/၂) ခြက္ကိုလည္း ေက်ာက္ေက်ာရည္ထဲကို ထည့္ၿပီး ေရာေမႊေပးလိုက္ပါဦး။ ခနၾကာရင္ေတာ့ ဗနီလာအရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းရယ္၊ ဆားအနည္းငယ္ရယ္ကိုလည္း ေက်ာက္ေက်ာရည္ထဲမွာ ေရာေမႊေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ မီးပိတ္ၿပီး (၁၀) မိနစ္ခန္႔ အေအးခံေပးလိုက္ပါ။

ၿပီးရင္ ဖန္ခြက္တစ္လံုး (ပံုမွန္အဝက်ယ္ ေရခြက္) ကို ပန္းကန္လံုးအေသး တစ္လံုးထဲကို ေစာင္းၿပီးထည့္ထားေပးလိုက္ပါ။ ခြက္ကိုေစာင္းထားတဲ့အတြက္ ဖန္ခြက္ႏႈတ္ခမ္းနားထိ အရည္ျဖည့္ၿပီးရင္ ရပ္တန္႔ႏိုင္ပါတယ္။ ပံုစံတူ ေနာက္တစ္ခြက္ထဲကို ေက်ာက္ေက်ာရည္ေတြကို ေျပာင္းထည့္ႏိုင္ပါတယ္။ ေက်ာက္ေက်ာရည္ခြက္ေလးကို ေရခဲေသတၱာထဲမွာ (၂) နာရီခန္႔ အေအးခံေပးလိုက္ပါ။

 

ေရေႏြး လက္ဖက္ရည္ဇြန္း (၂) ဇြန္းကို ပန္းကန္လံုးတစ္လံုးထဲ ထည့္လိုက္ပါ။ ၿပီးမွ ေက်ာက္ေက်ာမႈန္႔ (၁) ဇြန္းထည့္ၿပီး သမေအာင္ေရာေမႊ ေပးလိုက္ပါ။ စေတာ္ဘယ္ရီသီး အလံုး (၂၀) ခန္႔ကို Blender (သစ္သီးေမႊစက္) ထဲထည့္ၿပီး ရလာတဲ့ စေတာ္ဘယ္ရီသီးအႏွစ္ကို ေက်ာက္ေက်ာရည္ထည့္ထားတဲ့ ပန္းကန္လံုးထဲမွာ ေရာထည့္ေပးလိုက္ပါ။ ၿပီးရင္ သမေအာင္ ေမႊေပးလိုက္ပါ။

ခုနက ေရခဲေသတၱာထဲမွာ အေအးခံထားတဲ့ ေက်ာက္ေက်ာပူတင္းခြက္ေလးကို ယူထုတ္လိုက္ၿပီး ေစာင္းထားလို႔ လြတ္ေနတဲ့ဘက္မွာ စေတာ္ဘယ္ရီ ေက်ာက္ေက်ာအႏွစ္ေလးကို ေလာင္းထည့္ေပးလိုက္ပါ။ ဖန္ခြက္ႏႈတ္ခမ္းကို ထိတဲ့အထိ ျပည့္သြားၿပီဆိုရင္ေတာ့ ပိုေနေသးတဲ့ စေတာ္ဘယ္ရီအရည္ေတြကို ေနာက္တစ္ခြက္စာအတြက္ ဖယ္ထားလိုက္ပါ။ သူ႔ကိုလည္း ေရခဲေသတၱာထဲမွာ (၂) နာရီခန္႔ အေအးခံေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဗယ္လင္တိုင္းေဒး စပယ္႐ွယ္ စေတာ္ဘယ္ရီ ေက်ာက္ေက်ာပူတင္းေလးကို သံုးေဆာင္ႏိုင္ပါၿပီ။

Source: Hebbars Kitchen



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs