• Food & Recipe
    ကိုရီးယား ကြက်ကောင်လုံးကင် လုပ်နည်း
Thiha Htun
[Unicode Version]

ကြက်သားကို ဆီပြန်ဟင်းချည်းပဲ ချက်စားလိုက်၊ အာလူးနဲ့ချောပြီး ချက်စားလိုက်၊ ပြုတ်ကြော်လုပ်စားလိုက်ပဲ စားနေရတာ ပျင်းဖို့ကောင်းပါတယ်။ ဗမာကြက်တစ်ကောင်လောက် ဝယ်ပြီး ကိုရီးယားကြက်ကောင်လုံးကင် လုပ်စားကြည့်ကြရအောင်။ ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားတဲ့အတွက် လိုက်လုပ်ရတာ လွယ်ကူမှာပါ။

ပါဝင်ပစ္စည်းများ

tongdakgui-finished-620x349.jpg 

ကြက်တစ်ကောင်၊ သံလွင်ဆီ (၂) ဇွန်း၊ ဆား (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၆) တောင့်၊ ဟင်းချက်ဆီ (၁) ဇွန်း၊ ထောပတ် (၂) ဇွန်း၊ ခရင်မ်ဆော့စ်အတွက် အစေ့လွတ် သခွားသီး (၂) အောင်စ၊ ဆား (၁/၂) ဇွန်း၊ ချိစ်ခရင်မ် (၄) အောင်စ၊ မရိုးနိစ် (၁/၃) ခွက်၊ ပျားရည် (၁) ဇွန်း၊ သံပရိုသီး (၁) ခြမ်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အူတွင်းကလီစာနဲ့ အညစ်အကြေး ထုတ်ပြီးသား ကြက်တစ်ကောင်ကို ရေနွေးနဲ့ အတွင်းရော၊ အပြင်ပါဆေးကြောပေးလိုက်ပါ။ ပြီးမှ ရေအေးနဲ့ တစ်ထပ် ထပ်ဆေးပေးလိုက်ပါ။ ပြီးရင် သစ်သားဘုတ်ပြားပေါ်တင်ပြီး မလိုအပ်တဲ့ အဆီတွေကို ဖြတ်ထုတ်လိုက်ပါ။

သံလွင်ဆီ၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူထောင်းတို့ကို ပန်းကန်လုံးအသေး တစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

seasoned-chicken-620x349.jpg 

Oven မီးဖိုကို (၃၅၀) ဒီဂရီ ဖာရင်ဟိုက် အပူချိန်ခန့်နဲ့ ကြိုတင်အပူပေးထားလိုက်ပါ။ ဟင်းချက်ဆီကိုတော့ အကင်ဒယ်အိုးပေါ်မှာ တင်မဲ့ rack ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ဒါမှသာ ကြက်ကင်တဲ့အချိန်မှာ ကြက်သားက ဒယ်အိုးနဲ့ ကပ်မနေမှာပါ။

ခုနက ကြက်သွန်ဖြူနဲ့ သံလွင်ဆီအရောကို ကြက်တစ်ကောင်လုံးရဲ့ အတွင်းရော၊ အပြင်ပါ နှံ့စပ်အောင် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ကြက်ခြေထောက်တွေကို ပိုးကြိုးတစ်ချောင်းနဲ့ ချည်နှောင်ပြီး ကြက်ကောင်လုံးကိုတော့ ဆီသုတ်ထားတဲ့ rack ပေါ်မှာ တင်ပေးလိုက်ပါ။ ပြီးရင်တော့ oven မီးဖိုထဲထည့်ပြီး (၁) နာရီခန့် ကင်ပေးလိုက်ပါ။

1st-butter-620x349.jpg 

တစ်နာရီပြည့်ရင်တော့ ကြက်ကောင်လုံးကင်ကို oven ထဲကထုတ်ပြီး ထောပတ်ဆီနည်းနည်း လိမ်းကျံပေးလိုက်ပါ။ ထောပတ်ဆီ လိမ်းကျံရာမှာ ကြက်ကောင်လုံးကင်ကို ထက်အောက်လှန်ပြီး သေချာသုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ် (၃၀) ခန့် ပြန်ကင်ပေးလိုက်ပါဦး။

chicken-cut-620x349.jpg 

ပြီးရင် Oven ထဲက ပြန်ထုတ်ပြီး ထောပတ်ဆီ နောက်တစ်ကြိမ် သုတ်လိမ်းပေးလိုက်ပါ။ နောက်ထပ် မိနစ် (၃၀) မီးကင်ပေးလိုက်ပါဦး။ ပြီးမှ ကျန်နေသေးတဲ့ ထောပတ်တွေ အကုန်သုတ်ပြီး (၂) မိနစ်ခန့် အပြီးသတ် မီးကင်ပေးလိုက်ပါ။

cream-cheese-dipping-620x349.jpg 

ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ လှယ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ကြက်ကင်နဲ့ တို့စားဖို့အတွက် ခရင်မ်ဆော့စ် လုပ်နည်းကတော့ - အစေ့လွတ်သခွားသီးကို ပါးပါးလှီးပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် ဆားနည်းနည်းနဲ့ရောပြီး (၁၀) မိနစ်ခန့် နှပ်ထားလိုက်ပါ။ သခွားသီးပန်းကန်ထဲကို ခရင်မ်ချိစ်ရယ်၊ မရိုးနိစ်ရယ်၊ ပျားရည်ရယ်၊ သံပရိုရည်ရယ် ရောထည့်လိုက်ပါ။ ပြီးရင်တော့ ဇွန်းတစ်ချောင်းနဲ့ ရောမွှေပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခနအအေးခံပြီး ကြက်ကောင်လုံးကင်နဲ့ တို့စားနိုင်ပါပြီ။

Source: Maangchi

[Zawgyi Version]

ၾကက္သားကို ဆီျပန္ဟင္းခ်ည္းပဲ ခ်က္စားလိုက္၊ အာလူးနဲ႔ေခ်ာၿပီး ခ်က္စားလိုက္၊ ျပဳတ္ေၾကာ္လုပ္စားလိုက္ပဲ စားေနရတာ ပ်င္းဖို႔ေကာင္းပါတယ္။ ဗမာၾကက္တစ္ေကာင္ေလာက္ ဝယ္ၿပီး ကိုရီးယားၾကက္ေကာင္လံုးကင္ လုပ္စားၾကည့္ၾကရေအာင္။ ျပဳလုပ္ပံုအဆင့္ဆင့္ကို ႐ွင္း႐ွင္းလင္းလင္း ေဖာ္ျပေပးထားတဲ့အတြက္ လိုက္လုပ္ရတာ လြယ္ကူမွာပါ။

ပါဝင္ပစၥည္းမ်ား

tongdakgui-finished-620x349.jpg 

ၾကက္တစ္ေကာင္၊ သံလြင္ဆီ (၂) ဇြန္း၊ ဆား (၁) ဇြန္း၊ င႐ုပ္ေကာင္းမႈန္႔ (၁/၂) ဇြန္း၊ ၾကက္သြန္ျဖဴ (၆) ေတာင့္၊ ဟင္းခ်က္ဆီ (၁) ဇြန္း၊ ေထာပတ္ (၂) ဇြြန္း၊ ခရင္မ္ေဆာ့စ္အတြက္ အေစ့လြတ္ သခြားသီး (၂) ေအာင္စ၊ ဆား (၁/၂) ဇြန္း၊ ခ်ိစ္ခရင္မ္ (၄) ေအာင္စ၊ မ႐ိုးနိစ္ (၁/၃) ခြက္၊ ပ်ားရည္ (၁) ဇြန္း၊ သံပ႐ိုသီး (၁) ျခမ္းတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

အူတြင္းကလီစာနဲ႔ အညစ္အေၾကး ထုတ္ၿပီးသား ၾကက္တစ္ေကာင္ကုိ ေရေႏြးနဲ႔ အတြင္းေရာ၊ အျပင္ပါေဆးေၾကာေပးလိုက္ပါ။ ၿပီးမွ ေရေအးနဲ႔ တစ္ထပ္ ထပ္ေဆးေပးလိုက္ပါ။ ၿပီးရင္ သစ္သားဘုတ္ျပားေပၚတင္ၿပီး မလိုအပ္တဲ့ အဆီေတြကို ျဖတ္ထုတ္လိုက္ပါ။

သံလြင္ဆီ၊ ဆား၊ င႐ုပ္ေကာင္းမႈန္႔၊ ၾကက္သြန္ျဖဴေထာင္းတို႔ကို ပန္းကန္လံုးအေသး တစ္လံုးထဲမွာ ေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေဘးခနဖယ္ထားလိုက္ပါ။

Oven မီးဖိုကို (၃၅၀) ဒီဂရီ ဖာရင္ဟိုက္ အပူခ်ိန္ခန္႔နဲ႔ ႀကိဳတင္အပူေပးထားလိုက္ပါ။ ဟင္းခ်က္ဆီကိုေတာ့ အကင္ဒယ္အိုးေပၚမွာ တင္မဲ့ rack ေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ဒါမွသာ ၾကက္ကင္တဲ့အခ်ိန္မွာ ၾကက္သားက ဒယ္အိုးနဲ႔ ကပ္မေနမွာပါ။

ခုနက ၾကက္သြန္ျဖဴနဲ႔ သံလြင္ဆီအေရာကို ၾကက္တစ္ေကာင္လံုးရဲ႕ အတြင္းေရာ၊ အျပင္ပါ ႏွံ႔စပ္ေအာင္ သုတ္လိမ္းေပးလိုက္ပါ။ ၿပီးရင္ ၾကက္ေျခေထာက္ေတြကို ပိုးႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ေႏွာင္ၿပီး ၾကက္ေကာင္လံုးကိုေတာ့ ဆီသုတ္ထားတဲ့ rack ေပၚမွာ တင္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ oven မီးဖိုထဲထည့္ၿပီး (၁) နာရီခန္႔ ကင္ေပးလိုက္ပါ။

တစ္နာရီျပည့္ရင္ေတာ့ ၾကက္ေကာင္လံုးကင္ကို oven ထဲကထုတ္ၿပီး ေထာပတ္ဆီနည္းနည္း လိမ္းက်ံေပးလိုက္ပါ။ ေထာပတ္ဆီ လိမ္းက်ံရာမွာ ၾကက္ေကာင္လံုးကင္ကို ထက္ေအာက္လွန္ၿပီး ေသခ်ာသုတ္လိမ္းေပးလိုက္ပါ။ ၿပီးရင္ မိနစ္ (၃၀) ခန္႔ ျပန္ကင္ေပးလိုက္ပါဦး။

ၿပီးရင္ Oven ထဲက ျပန္ထုတ္ၿပီး ေထာပတ္ဆီ ေနာက္တစ္ႀကိမ္ သုတ္လိမ္းေပးလိုက္ပါ။ ေနာက္ထပ္ မိနစ္ (၃၀) မီးကင္ေပးလိုက္ပါဦး။ ၿပီးမွ က်န္ေနေသးတဲ့ ေထာပတ္ေတြ အကုန္သုတ္ၿပီး (၂) မိနစ္ခန္႔ အၿပီးသတ္ မီးကင္ေပးလိုက္ပါ။

ၿပီးရင္ေတာ့ ပန္းကန္ျပားတစ္ခ်ပ္ထဲ လွယ္ထည့္ၿပီး သံုးေဆာင္ႏိုင္ပါၿပီ။ ၾကက္ကင္နဲ႔ တို႔စားဖို႔အတြက္ ခရင္မ္ေဆာ့စ္ လုပ္နည္းကေတာ့ - အေစ့လြတ္သခြားသီးကို ပါးပါးလွီးၿပီး ပန္းကန္လံုးတစ္လံုးထဲ ထည့္လိုက္ပါ။ ၿပီးရင္ ဆားနည္းနည္းနဲ႔ေရာၿပီး (၁၀) မိနစ္ခန္႔ ႏွပ္ထားလိုက္ပါ။ သခြားသီးပန္းကန္ထဲကို ခရင္မ္ခ်ိစ္ရယ္၊ မ႐ိုးနိစ္ရယ္၊ ပ်ားရည္ရယ္၊ သံပ႐ိုရည္ရယ္ ေရာထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ဇြန္းတစ္ေခ်ာင္းနဲ႔ ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ ေရခဲေသတၱာထဲမွာ ခနအေအးခံၿပီး ၾကက္ေကာင္လံုးကင္နဲ႔ တို႔စားႏုိင္ပါၿပီ။

Source: Maangchi


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs