• Food & Recipe
    ချိုချိုမွှေးမွှေး ဘဲပေါင်းဆီချက်ခေါက်ဆွဲလေး
Thiha Htun
[Unicode Version]

တရုတ်တန်းဘက်ရောက်ရင် မဖြစ်မနေ သွားစားဖြစ်တဲ့ အစားအစာက ဘဲပေါင်းခေါက်ဆွဲပါ။ သံဈေးနားက ဦးငွေသိန်း ဘဲပေါင်းခေါက်ဆွဲတို့၊ ရွှေငါးစားတော်ဆက်က ဘဲပေါင်းခေါက်ဆွဲတို့က ကျွန်တော်တို့ ငယ်ဘဝရဲ့ အကောင်းဆုံး အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ နူးညံ့ပြီး ချိုရဲနေတဲ့ ဘဲသားပေါင်းကို ဆီချက်ခေါက်ဆွဲနဲ့ တွဲဖက်ပြီး စားသုံးချင်ရင်တော့ ကိုယ်တိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ducksoup.jpeg.size-custom-crop.1086x0.jpg 

ဘဲပေါင်းပြုလုပ်ဖို့အတွက် ဘဲပေါင်ရင်းသား (၄၀) ကျပ်သားခန့်၊ တရုတ်မဆလာ စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် (အကြည်) လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၄) မွှာ၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ဆီချက်ခေါက်ဆွဲ ပြုလုပ်ဖို့အတွက်ကတော့ ခေါက်ဆွဲ (၁၅) ကျပ်သား၊ ကြက်သွန်မြိတ် (၂) စည်း၊ ကြက်သွန်ဖြူ (၆) မွှာ၊ ပဲငံပြာရည် (အကြည်) (၁) ဇွန်း၊ ကြက်သားမှုန့်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

bbq-king-roast-duck-and-noodles.jpg 

ပန်းကန်တစ်လုံးထဲမှာ ဘဲသားကိုထည့်ပြီး နေရာအနှံ့ ခက်ရင်းနဲ့ လိုက်ထိုးပေးလိုက်ပါ။ ဘာဖြစ်လို့ အဲဒီလို လုပ်ပေးရလဲဆိုတော့ ဘဲသားနှပ်ရာမှာ အသားထဲကို အရသာတွေ အလွယ်တကူ စိမ့်ဝင်စေနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးရင်တော့ တရုတ်မဆလာ စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် (အကြည်) လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၄) မွှာ၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း (၁) ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်ပြီး ဘဲသားပေါ်ကို လောင်းထည့်ပေးလိုက်ပါ။ ဘဲသားကို နွေးထွေးတဲ့ တစ်နေရာမှာ နှပ်ထားပေးလိုက်ပါ။

IMG_1268.JPG 

နှပ်ပြီးရင်တော့ ဘဲသားကို ရေ (၃) ခွက်နဲ့အတူ Pressure Cooker (ပေါင်းအိုး) ထဲကိုထည့်ပြီး အဖုံးပိတ်ပြီး မိနစ် (၃၀) ခန့် ပေါင်းပေးလိုက်ပါ။ ဘဲသားနူးအိပြီဆိုရင်တော့ ဆီချက်ခေါက်ဆွဲ တစ်ပွဲစာ အရင်ပြင်ကြည့်ကြပါမယ်။

ပန်းကန်လုံးတစ်လုံးထဲကို ခေါက်ဆွဲဖတ် (တစ်ယောက်စာ)၊ ကြက်သွန်ဖြူကြော် ဆီသတ်၊ ဆီချက် (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ဇွန်းဝက်) တို့ထည့်ပြီး ပြင်ဆင်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို တူနဲ့ပဲ သမအောင် ရောနယ်ပေးလိုက်ပါ။

ပြီးမှ ဆီချက်ခေါက်ဆွဲ အပေါ်ကနေ ဘဲပေါင်းနဲ့ အနှစ်နည်းနည်း ခပ်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ဘဲပေါင်းခေါက်ဆွဲတစ်ပွဲကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: CiCiLi

[Zawgyi Version]

တ႐ုတ္တန္းဘက္ေရာက္ရင္ မျဖစ္မေန သြားစားျဖစ္တဲ့ အစားအစာက ဘဲေပါင္းေခါက္ဆြဲပါ။ သံေစ်းနားက ဦးေငြသိန္း ဘဲေပါင္းေခါက္ဆြဲတို႔၊ ေရႊငါးစားေတာ္ဆက္က ဘဲေပါင္းေခါက္ဆြဲတို႔က ကြ်န္ေတာ္တို႔ ငယ္ဘဝရဲ႕ အေကာင္းဆံုး အစားအစာေတြထဲက တစ္ခုအပါအဝင္ပါ။ ႏူးညံ့ၿပီး ခ်ိဳရဲေနတဲ့ ဘဲသားေပါင္းကို ဆီခ်က္ေခါက္ဆြဲနဲ႔ တြဲဖက္ၿပီး စားသံုးခ်င္ရင္ေတာ့ ကိုယ္တိုင္ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ဘဲေပါင္းျပဳလုပ္ဖို႔အတြက္ ဘဲေပါင္ရင္းသား (၄၀) က်ပ္သားခန္႔၊ တ႐ုတ္မဆလာ စားပြဲတင္ဇြန္းနဲ႔ (၁/၂) ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ပဲငံျပာရည္ (အေနာက္) လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ပဲငံျပာရည္ (အၾကည္) လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ႐ွာလကာရည္ စားပြဲတင္ဇြန္း (၁/၂) ဇြန္း၊ ၾကက္သြန္ျဖဴ (၄) မႊာ၊ ဂ်င္း လက္တစ္ဆစ္ခန္႔၊ ဆန္ဝိုင္ စားပြဲတင္ဇြန္း (၁) ဇြန္းတို႔ကို လိုအပ္ပါတယ္။

ဆီခ်က္ေခါက္ဆြဲ ျပဳလုပ္ဖို႔အတြက္ကေတာ့ ေခါက္ဆြဲ (၁၅) က်ပ္သား၊ ၾကက္သြန္ၿမိတ္ (၂) စည္း၊ ၾကက္သြန္ျဖဴ (၆) မႊာ၊ ပဲငံျပာရည္ (အၾကည္) (၁) ဇြန္း၊ ၾကက္သားမႈန္႔အနည္းငယ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

ပန္းကန္တစ္လံုးထဲမွာ ဘဲသားကိုထည့္ၿပီး ေနရာအႏွံ႔ ခက္ရင္းနဲ႔ လိုက္ထိုးေပးလိုက္ပါ။ ဘာျဖစ္လို႔ အဲဒီလို လုပ္ေပးရလဲဆိုေတာ့ ဘဲသားႏွပ္ရာမွာ အသားထဲကို အရသာေတြ အလြယ္တကူ စိမ့္ဝင္ေစႏိုင္ဖို႔အတြက္ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ တ႐ုတ္မဆလာ စားပြဲတင္ဇြန္းနဲ႔ (၁/၂) ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ပဲငံျပာရည္ (အေနာက္) လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ပဲငံျပာရည္ (အၾကည္) လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ ႐ွာလကာရည္ စားပြဲတင္ဇြန္း (၁/၂) ဇြန္း၊ ၾကက္သြန္ျဖဴ (၄) မႊာ၊ ဂ်င္း လက္တစ္ဆစ္ခန္႔၊ ဆန္ဝိုင္ စားပြဲတင္ဇြန္း (၁) ဇြန္းတို႔ကို ပန္းကန္တစ္လံုးထဲမွာ ေရာထည့္ၿပီး ဘဲသားေပၚကို ေလာင္းထည့္ေပးလိုက္ပါ။ ဘဲသားကို ေႏြးေထြးတဲ့ တစ္ေနရာမွာ ႏွပ္ထားေပးလိုက္ပါ။

 

ႏွပ္ၿပီးရင္ေတာ့ ဘဲသားကို ေရ (၃) ခြက္နဲ႔အတူ Pressure Cooker (ေပါင္းအိုး) ထဲကိုထည့္ၿပီး အဖံုးပိတ္ၿပီး မိနစ္ (၃၀) ခန္႔ ေပါင္းေပးလိုက္ပါ။ ဘဲသားႏူးအိၿပီဆိုရင္ေတာ့ ဆီခ်က္ေခါက္ဆြဲ တစ္ပြဲစာ အရင္ျပင္ၾကည့္ၾကပါမယ္။

ပန္းကန္လံုးတစ္လံုးထဲကို ေခါက္ဆြဲဖတ္ (တစ္ေယာက္စာ)၊ ၾကက္သြန္ျဖဴေၾကာ္ ဆီသတ္၊ ဆီခ်က္ (စားပြဲတင္ဇြန္း (၂) ဇြန္း)၊ ၾကက္သြန္ၿမိတ္ အနည္းငယ္၊ ပဲငံျပာရည္ (လက္ဖက္ရည္ဇြန္း (၁) ဇြန္း)၊ ၾကက္သားမႈန္႔ (လက္ဖက္ရည္ဇြန္း ဇြန္းဝက္) တို႔ထည့္ၿပီး ျပင္ဆင္လိုက္ပါ။ ပါဝင္ပစၥည္းအားလံုးကို တူနဲ႔ပဲ သမေအာင္ ေရာနယ္ေပးလိုက္ပါ။

ၿပီးမွ ဆီခ်က္ေခါက္ဆြဲ အေပၚကေန ဘဲေပါင္းနဲ႔ အႏွစ္နည္းနည္း ခပ္ထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဘဲေပါင္းေခါက္ဆြဲတစ္ပြဲကို အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: CiCiLi


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs