• Food & Recipe
    ဖက်ထုပ်ပြုတ် ပူပူစပ်စပ်လေး စားကြမယ်
Thiha Htun
[Unicode Version]

တရုတ်လို Wonton လို့ခေါ်တဲ့ ဖက်ထုပ်ပြုတ်ဟာ တရုတ်ပြည်မကြီးမှာတော့ လူကြိုက်များတဲ့ လမ်းဘေးစာတစ်မျိုး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖက်ထုပ်ပြုတ်ကို ပူပူစပ်စပ်လေး ပြုလုပ်ဖန်တီးထားတဲ့ ဟင်းချက်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ ဖက်ထုပ်ချစ်သူတွေ ကိုယ်တိုင်လုပ်စားနိုင်အောင် လိုက်ဖတ်ကြည့်ပေးပါဦး။

ပါဝင်ပစ္စည်းများ

maxresdefault.jpg 

ရယ်ဒီမိတ် ဖက်ထုပ်ဂျုံပြား (၂၄) ချပ်၊ ဝက်သား (၈) အောင်စ၊ ပဲငံပြာရည် (အကြည်) (၂) ဇွန်း+ (၆) ဇွန်း၊ ကြက်ဥ (၁) လုံး၊ နှမ်းဆီ၊ နံနံပင်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် (၁) ပင်၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့်၊ ပြောင်းဖူးကော်မှုန့် (၁) ဇွန်း၊ ငရုပ်သီးအဆီ (၂) ဇွန်း၊ ရှာလကာရည်အမဲ (၁) ဇွန်း၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

maxresdefault2.jpg 

အရင်ဆုံး ဝက်သား (၈) အောင်စကို အသားလှီးဓားနဲ့ နုတ်နုတ်စင်းပြီး ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ အသားပန်းကန်ထဲကို ပဲငံပြာရည် (အကြည်) (၂) ဇွန်းရယ်၊

ဆားနည်းနည်းရယ်၊ ငရုပ်ကောင်းမှုန့်နည်းနည်းရယ်၊ သကြားနည်းနည်းရယ်ကို ရောထည့်ပေးလိုက်ပါ။ ပြောင်းဖူးကော်မှုန့် (၁) ဇွန်းကို ရေဆတူရောပြီး ရလာတဲ့ ကော်ရည်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ကြက်ဥ (၁) လုံးကို ဇွန်းနဲ့ခလောက်ပြီး အသားပန်းကန်ထဲ ထည့်ပေးပါ။ အသားမနယ်ခင်မှာ နှမ်းဆီ (၁) ဇွန်း၊ နံနံပင် နုတ်နုတ်စင်းထားတာ (၁) ဇွန်းနဲ့ မုန်လာဥနီ နုတ်နုတ်စင်းထားတာ (၁) ဇွန်းတို့ကိုလည်း ရောထည့်ပေးဖို့ မမေ့ပါနဲ့ဦး။ ပြီးရင်တော့ လက်နဲ့ပဲ သမအောင်ရောနယ်ပြီး ဘေးခနဖယ်ထားလိုက်ပါ။

e5c3379053f334d1c72ba3f5aba3c1fb.jpg

ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည် (၆) ဇွန်းရယ်၊ ငရုပ်သီးအဆီ (၂) ဇွန်းရယ်၊ ရှာလကာရည်အမဲ (၁) ဇွန်းရယ်၊ ငရုပ်သီးမှုန့် (၁) ဇွန်းရယ်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းရယ်၊ သကြား ဇွန်းဝက်ရယ်၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်ကို နောက်ထပ်ပန်းကန်လုံး တစ်လုံးထဲမှာ ရောထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ သူ့ကိုလည်း ဘေးခနဖယ်ထားလိုက်ပါ။

ဖက်ထုပ်ထုပ်ဖို့ အချိန်ကျပါပြီ။ ရယ်ဒီမိတ် ဖက်ထုပ်ဂျုံပြားလေးတွေနဲ့ အသားပန်းကန်ကို သစ်သားဘုတ်ပြားတစ်ချပ်နားကို ယူလိုက်ပါ။ ပြီးရင် ဖက်ထုပ်ဂျုံပြား အလည်မှာ အသားလိုသလောက်ထည့်ပြီး ဖက်ထုပ်ထုပ်ပေးလိုက်ပါ။ ရယ်ဒီမိတ်ဂျုံပြားလေးတွေ ကုန်သည်အထိ ဖက်ထုပ်ထုပ်ပေးလိုက်ပါ။

maxresdefault3.jpg 

ဒယ်အိုးတစ်လုံးထဲမှာ ရေနွေးပွက်ပွက်ဆူအောင် အရင်တည်လိုက်ပါ။ ရေနွေးဆူရင် အိုးထဲကို နှမ်းဆီနည်းနည်းနဲ့ ဆားနည်းနည်းကို ထည့်လိုက်ပါ။ ပြီးရင်တော့ ဖက်ထုပ်တွေကို ထည့်ပြုတ်နိုင်ပါပြီ။ (၅) မိနစ် တစ်ခါလောက် ရေရောပေးတာမျိုး (၃) ကြိမ်လောက် လုပ်ပေးပါ။ ပြီးရင်တော့ ဖက်ထုပ်ကျက်လောက်ပြီထင်ရင် ဆယ်ထုတ်ပြီး ဇကာတစ်လုံးထဲမှာ ရေစစ်ထားပေးလိုက်ပါ။

ပြီးရင် ဖက်ထုပ်လေးတွေကို ပန်းကန်လုံးလေးတွေထဲမှာ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ ဆော့စ်ဆမ်းပေးလိုက်ပါ။ ကြက်သွန်မြိတ်နည်းနည်းကိုလည်း ကပ်ကြေးနဲ့ ကိုက်ထည့်ပေးလိုက်ပါဦး။ ပြီးရင်တော့ ဝက်သားဖက်ထုပ် ပူပူစပ်စပ်လေးတွေကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: CiCiLi

[Zawgyi Version]

တ႐ုတ္လို Wonton လို႔ေခၚတဲ့ ဖက္ထုပ္ျပဳတ္ဟာ တ႐ုတ္ျပည္မႀကီးမွာေတာ့ လူႀကိဳက္မ်ားတဲ့ လမ္းေဘးစာတစ္မ်ိဳး ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဖက္ထုပ္ျပဳတ္ကို ပူပူစပ္စပ္ေလး ျပဳလုပ္ဖန္တီးထားတဲ့ ဟင္းခ်က္နည္းေလးကို ေဖာ္ျပေပးသြားမွာပါ။ ဖက္ထုပ္ခ်စ္သူေတြ ကုိုယ္တိုင္လုပ္စားႏိုင္ေအာင္ လိုက္ဖတ္ၾကည့္ေပးပါဦး။

ပါဝင္ပစၥည္းမ်ား

maxresdefault.jpg 

ရယ္ဒီမိတ္ ဖက္ထုပ္ဂ်ံဳျပား (၂၄) ခ်ပ္၊ ဝက္သား (၈) ေအာင္စ၊ ပဲငံျပာရည္ (အၾကည္) (၂) ဇြန္း+ (၆) ဇြန္း၊ ၾကက္ဥ (၁) လံုး၊ ႏွမ္းဆီ၊ နံနံပင္၊ မုန္လာဥနီ၊ ၾကက္သြန္ၿမိတ္ (၁) ပင္၊ ဆား၊ သၾကား၊ င႐ုပ္ေကာင္းမႈန္႔၊ ေျပာင္းဖူးေကာ္မႈန္႔ (၁) ဇြန္း၊ င႐ုပ္သီးအဆီ (၂) ဇြန္း၊ ႐ွာလကာရည္အမဲ (၁) ဇြန္း၊ င႐ုပ္သီးမႈန္႔ (၁) ဇြန္း၊ ၾကက္သြန္ျဖဴေထာင္း (၁) ဇြန္းတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

maxresdefault2.jpg 

အရင္ဆံုး ဝက္သား (၈) ေအာင္စကို အသားလွီးဓားနဲ႔ ႏုတ္ႏုတ္စင္းၿပီး ပန္းကန္လံုးအႀကီး တစ္လံုးထဲမွာ ထည့္ထားလိုက္ပါ။ အသားပန္းကန္ထဲကို ပဲငံျပာရည္ (အၾကည္) (၂) ဇြန္းရယ္၊

ဆားနည္းနည္းရယ္၊ င႐ုပ္ေကာင္းမႈန္႔နည္းနည္းရယ္၊ သၾကားနည္းနည္းရယ္ကို ေရာထည့္ေပးလိုက္ပါ။ ေျပာင္းဖူးေကာ္မႈန္႔ (၁) ဇြန္းကို ေရဆတူေရာၿပီး ရလာတဲ့ ေကာ္ရည္ကိုလည္း ေရာထည့္ေပးလိုက္ပါ။ ၾကက္ဥ (၁) လံုးကို ဇြန္းနဲ႔ခေလာက္ၿပီး အသားပန္းကန္ထဲ ထည့္ေပးပါ။ အသားမနယ္ခင္မွာ ႏွမ္းဆီ (၁) ဇြန္း၊ နံနံပင္ ႏုတ္ႏုတ္စင္းထားတာ (၁) ဇြန္းနဲ႔ မုန္လာဥနီ ႏုတ္ႏုတ္စင္းထားတာ (၁) ဇြန္းတို႔ကိုလည္း ေရာထည့္ေပးဖို႔ မေမ့ပါနဲ႔ဦး။ ၿပီးရင္ေတာ့ လက္နဲ႔ပဲ သမေအာင္ေရာနယ္ၿပီး ေဘးခနဖယ္ထားလိုက္ပါ။

ေဆာ့စ္ျပဳလုပ္ဖို႔အတြက္ ပဲငံျပာရည္ (၆) ဇြန္းရယ္၊ င႐ုပ္သီးအဆီ (၂) ဇြန္းရယ္၊ ႐ွာလကာရည္အမဲ (၁) ဇြန္းရယ္၊ င႐ုပ္သီးမႈန္႔ (၁) ဇြန္းရယ္၊ ၾကက္သြန္ျဖဴေထာင္း (၁) ဇြန္းရယ္၊ သၾကား ဇြန္းဝက္ရယ္၊ င႐ုပ္ေကာင္းမႈန္႔ နည္းနည္းရယ္ကို ေနာက္ထပ္ပန္းကန္လံုး တစ္လံုးထဲမွာ ေရာထည့္ၿပီး သမေအာင္ေမႊေပးလိုက္ပါ။ သူ႔ကိုလည္း ေဘးခနဖယ္ထားလိုက္ပါ။

ဖက္ထုပ္ထုပ္ဖို႔ အခ်ိန္က်ပါၿပီ။ ရယ္ဒီမိတ္ ဖက္ထုပ္ဂ်ံဳျပားေလးေတြနဲ႔ အသားပန္းကန္ကို သစ္သားဘုတ္ျပားတစ္ခ်ပ္နားကို ယူလိုက္ပါ။ ၿပီးရင္ ဖက္ထုပ္ဂ်ံဳျပား အလည္မွာ အသားလိုသေလာက္ထည့္ၿပီး ဖက္ထုပ္ထုပ္ေပးလိုက္ပါ။ ရယ္ဒီမိတ္ဂ်ံဳျပားေလးေတြ ကုန္သည္အထိ ဖက္ထုပ္ထုပ္ေပးလိုက္ပါ။

ဒယ္အိုးတစ္လံုးထဲမွာ ေရေႏြးပြက္ပြက္ဆူေအာင္ အရင္တည္လိုက္ပါ။ ေရေႏြးဆူရင္ အိုးထဲကို ႏွမ္းဆီနည္းနည္းနဲ႔ ဆားနည္းနည္းကို ထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ဖက္ထုပ္ေတြကို ထည့္ျပဳတ္ႏိုင္ပါၿပီ။ (၅) မိနစ္ တစ္ခါေလာက္ ေရေရာေပးတာမ်ိဳး (၃) ႀကိမ္ေလာက္ လုပ္ေပးပါ။ ၿပီးရင္ေတာ့ ဖက္ထုပ္က်က္ေလာက္ၿပီထင္ရင္ ဆယ္ထုတ္ၿပီး ဇကာတစ္လံုးထဲမွာ ေရစစ္ထားေပးလိုက္ပါ။

ၿပီးရင္ ဖက္ထုပ္ေလးေတြကို ပန္းကန္လံုးေလးေတြထဲမွာ ေျပာင္းထည့္ေပးလိုက္ပါ။ ၿပီးမွ အေပၚကေန ေဆာ့စ္ဆမ္းေပးလိုက္ပါ။ ၾကက္သြန္ၿမိတ္နည္းနည္းကိုလည္း ကပ္ေၾကးနဲ႔ ကိုက္ထည့္ေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ ဝက္သားဖက္ထုပ္ ပူပူစပ္စပ္ေလးေတြကို အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Source: CiCiLi


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs