• Food & Recipe
    အစပ်အရမ်းကြိုက်သူတွေအတွက် ကြက်သားလုံး ဗျောက်အိုးဆော့စ်
Thiha Htun
[Unicode Version]

ဒီထဲမှာ အစပ်ကြိုက်တတ်သူတွေရှိလား။ စပ်ပေ့ဆိုတဲ့ အစားအစာတွေကိုမှ အပူခံ၊ အစပ်ခံပြီး စားတတ်သူတွေရှိလား။ အဲဒီလို လူတွေအတွက် မက္ကစီကန်စတိုင်လ် အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သားလုံး ဗျောက်အိုးဆော့စ်ပါပဲ။ ဗျောက်အိုးဆော့စ်ဆိုတဲ့အတိုင်း ဗိုက်ထဲမှာ ဗျောက်အိုးပေါက်နေသလို စပ်မှာဆိုတော့ အစပ်ကြိုက်တတ်သူ တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

ပါဝင်ပစ္စည်းများ

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-5.jpg 

ကြက်သား (၁) ကီလိုခန့်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းခွဲခန့်၊ ဆား (၁) ဇွန်းခွဲခန့်၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်း၊ ကြက်ဥ (၂) လုံး၊ ပေါင်မုန့်ခြောက်မှုန့် (၃/၄) ခွက်၊ အီတလီဒိန်ခဲမှုန့် (၁/၃) ခွက်၊ အရောင်တင်မှုန့် (၁) ဇွန်း၊ သံလွင်ဆီအနည်းငယ် တို့ကိုလိုအပ်ပါတယ်။ ဗျောက်အိုးဆော့စ် ပြုလုပ်ဖို့အတွက်ကတော့ Sriracha ဆော့စ် (၁/၄) ခွက်၊ သကြားညို (၁/၂) ခွက်၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ဆား (၁/၄) ဇွန်း၊ ပန်းငရုတ်ပွသီး (၁) လုံး တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-2.jpg 

အရင်ဆုံး မုန့်ဖို (Oven) ကို ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ် အပူချိန်မှာ အပူပေးထားလိုက်ပါ။ လင်ပန်းတစ်ချပ်ကိုတော့ သံလွင်ဆီနည်းနည်းသုတ်ပြီး အသားကင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ကြက်သား (၁) ကီလိုခန့်ကို ကြိတ်စက်ထဲမှာ အမှုန့်ကြိတ်ထားတာရယ်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းခွဲရယ်၊ ဆား (၁) ဇွန်းခွဲရယ်၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်းရယ်၊ ကြက်ဥ (၂) လုံးကို ခလောက်ထားတာရယ်၊ ပေါင်မုန့်ခြောက်မှုန့် (၃/၄) ခွက်ရယ်၊ အီတလီဒိန်ခဲမှုန့် (၁/၃) ခွက်ရယ်၊ အရောင်တင်မှုန့် (၁) ဇွန်းရယ်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ရောထည့်ပြီး ပေါင်းစပ်ရောမွှေ ပေးလိုက်ပါ။ ရောမွှေရာမှာ လက် (၂) ဖက်ကို အသုံးပြုပြီး နယ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ သမအောင်နယ်ပြီးချိန်မှာ အသားလုံးလေးတွေရအောင် ပြန်လုံးပေးလိုက်ပါ။

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-1.jpg

ရလာတဲ့ အသားလုံးလေးတွေကိုတော့ ဆီသုတ်ထားတဲ့ လင်ပန်းပေါ်မှာ တင်ပေးလိုက်ပါ။ အသားလုံးလေးတွေပေါ်ကိုလည်း သံလွင်ဆီသုတ်လိမ်းပေးပြီး မုန့်ဖို (Oven) ထဲမှာ (၂၅) မိနစ်ကြာ ထည့်ဖုတ်ပေးလိုက်ပါ။ အသားလုံး ပြုလုပ်နေချိန်မှာ ဗျောက်အိုးဆော့စ်ကို ပြုလုပ်ရပါမယ်။

Sriracha ဆော့စ် (၁/၄) ခွက်၊ သကြားညို (၁/၂) ခွက်၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ဆား (၁/၄) ဇွန်းတို့ကို ဒယ်အိုးတစ်လုံးထဲ ထည့်ပြီး အပူပေးလိုက်ပါ။ (၈) မိနစ်ခန့်ကြာရင်တော့ အပူချိန်ကို လျှော့ပေးလိုက်ပါ။ ဆော့စ်ပျစ်ပျစ်လေး ရပြီဆိုတော့မှ အပေါ်ကနေ ပန်းငရုပ်ပွသီးကို လှီးထည့်ပေးလိုက်ပါ။

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy.jpg 

အသားလုံးကျက်ပြီဆိုရင် အသားလုံးလေးတွေကို ဗျောက်အိုးဆော့စ်ထဲကို ပစ်ထည့်လိုက်ပြီး သမအောင်ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ပြီး စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory

[Zawgyi Version]

ဒီထဲမွာ အစပ္ႀကိဳက္တတ္သူေတြ႐ွိလား။ စပ္ေပ့ဆိုတဲ့ အစားအစာေတြကိုမွ အပူခံ၊ အစပ္ခံၿပီး စားတတ္သူေတြ႐ွိလား။ အဲဒီလို လူေတြအတြက္ မကၠစီကန္စတိုင္လ္ အစားအစာေလး တစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အဲဒါကေတာ့ ၾကက္သားလံုး ေဗ်ာက္အိုးေဆာ့စ္ပါပဲ။ ေဗ်ာက္အိုးေဆာ့စ္ဆိုတဲ့အတုိင္း ဗိုက္ထဲမွာ ေဗ်ာက္အိုးေပါက္ေနသလို စပ္မွာဆိုေတာ့ အစပ္ႀကိဳက္တတ္သူ ေတြအတြက္ေတာ့ စိန္ေခၚမႈတစ္ခုပါပဲ။

ပါဝင္ပစၥည္းမ်ား

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-5.jpg 

ၾကက္သား (၁) ကီလိုခန္႔၊ ၾကက္သြန္ျဖဴေထာင္း (၁) ဇြန္းခြဲခန္႔၊ ဆား (၁) ဇြန္းခြဲခန္႔၊ င႐ုပ္ေကာင္းမႈန္႔ (၁) ဇြန္း၊ ၾကက္ဥ (၂) လံုး၊ ေပါင္မုန္႔ေျခာက္မႈန္႔ (၃/၄) ခြက္၊ အီတလီဒိန္ခဲမႈန္႔ (၁/၃) ခြက္၊ အေရာင္တင္မႈန္႔ (၁) ဇြန္း၊ သံလြင္ဆီအနည္းငယ္ တို႔ကိုလိုအပ္ပါတယ္။ ေဗ်ာက္အိုးေဆာ့စ္ ျပဳလုပ္ဖို႔အတြက္ကေတာ့ Sriracha ေဆာ့စ္ (၁/၄) ခြက္၊ သၾကားညိဳ (၁/၂) ခြက္၊ ပန္းသီး႐ွာလကာရည္ (၂) ဇြန္း၊ ဆား (၁/၄) ဇြန္း၊ ပန္းင႐ုတ္ပြသီး (၁) လံုး တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Baked-Firecracker-Chicken-Meatballs-Juicy-Spicy-and-Saucy-2.jpg 

အရင္ဆံုး မုန္႔ဖို (Oven) ကို ၂၀၀ ဒီဂရီဆဲလ္စီးယပ္စ္ အပူခ်ိန္မွာ အပူေပးထားလိုက္ပါ။ လင္ပန္းတစ္ခ်ပ္ကိုေတာ့ သံလြင္ဆီနည္းနည္းသုတ္ၿပီး အသားကင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားလိုက္ပါ။

ၾကက္သား (၁) ကီလိုခန္႔ကို ႀကိတ္စက္ထဲမွာ အမႈန္႔ႀကိတ္ထားတာရယ္၊ ၾကက္သြန္ျဖဴေထာင္း (၁) ဇြန္းခြဲရယ္၊ ဆား (၁) ဇြန္းခြဲရယ္၊ င႐ုပ္ေကာင္းမႈန္႔ (၁) ဇြန္းရယ္၊ ၾကက္ဥ (၂) လံုးကို ခေလာက္ထားတာရယ္၊ ေပါင္မုန္႔ေျခာက္မႈန္႔ (၃/၄) ခြက္ရယ္၊ အီတလီဒိန္ခဲမႈန္႔ (၁/၃) ခြက္ရယ္၊ အေရာင္တင္မႈန္႔ (၁) ဇြန္းရယ္ကို ပန္းကန္လံုးအႀကီး တစ္လံုးထဲမွာ ေရာထည့္ၿပီး ေပါင္းစပ္ေရာေမႊ ေပးလိုက္ပါ။ ေရာေမႊရာမွာ လက္ (၂) ဖက္ကို အသံုးျပဳၿပီး နယ္ေပးျခင္းက အေကာင္းဆံုးနည္းလမ္းပါပဲ။ သမေအာင္နယ္ၿပီးခ်ိန္မွာ အသားလံုးေလးေတြရေအာင္ ျပန္လံုးေပးလိုက္ပါ။

ရလာတဲ့ အသားလံုးေလးေတြကိုေတာ့ ဆီသုတ္ထားတ့ဲ လင္ပန္းေပၚမွာ တင္ေပးလိုက္ပါ။ အသားလံုးေလးေတြေပၚကိုလည္း သံလြင္ဆီသုတ္လိမ္းေပးၿပီး မုန္႔ဖို (Oven) ထဲမွာ (၂၅) မိနစ္ၾကာ ထည့္ဖုတ္ေပးလိုက္ပါ။ အသားလံုး ျပဳလုပ္ေနခ်ိန္မွာ ေဗ်ာက္အိုးေဆာ့စ္ကို ျပဳလုပ္ရပါမယ္။

Sriracha ေဆာ့စ္ (၁/၄) ခြက္၊ သၾကားညိဳ (၁/၂) ခြက္၊ ပန္းသီး႐ွာလကာရည္ (၂) ဇြန္း၊ ဆား (၁/၄) ဇြန္းတို႔ကို ဒယ္အိုးတစ္လံုးထဲ ထည့္ၿပီး အပူေပးလိုက္ပါ။ (၈) မိနစ္ခန္႔ၾကာရင္ေတာ့ အပူခ်ိန္ကို ေလွ်ာ့ေပးလိုက္ပါ။ ေဆာ့စ္ပ်စ္ပ်စ္ေလး ရၿပီဆိုေတာ့မွ အေပၚကေန ပန္းင႐ုပ္ပြသီးကို လွီးထည့္ေပးလိုက္ပါ။

အသားလံုးက်က္ၿပီဆိုရင္ အသားလံုးေလးေတြကို ေဗ်ာက္အိုးေဆာ့စ္ထဲကုိ ပစ္ထည့္လိုက္ၿပီး သမေအာင္ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပန္းကန္ျပားတစ္ခ်ပ္ထဲကို လွယ္ထည့္ၿပီး စိတ္တိုင္းက် သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Source: Myfoodstory


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs