• Food & Recipe
    အိန္ဒိယစတိုင်လ် ခရမ်းသီးနှပ်
Thiha Htun
[Unicode Version]

ခရမ်းသီးဟာ အိန္ဒိယတိုက်ငယ်မှာ ပေါပေါများများ တွေ့ရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာ ဟင်းချက်နည်းအမျိုးမျိုးနဲ့ ချက်ပြုတ်စားသုံးကြပါတယ်။ အင်္ဂလန်မှာတော့ ခရမ်းသီးကို "aubergine" လို့ခေါ်ပါတယ်။

Easy-Baingan-Bharta-Smoky-eggplant-stir-fry-1.jpg 

အရောင်အဆင်းအားဖြင့် ခရမ်းရောင်နဲ့ အနက်ရောင်ကြားမှာရှိတဲ့ ခရမ်းသီးထဲမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်ဘီစစ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်နဲ့ မန်းဂနိစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီနေ့မှာတော့ ခရမ်းသီးကိုမီးဖုတ်ပြီး အိန္ဒိယဟင်းလျာစတိုင်လ် နှပ်ချက်ချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

msledf_0705_basiceggplant_sq.jpg 

ပါဝင်ပစ္စည်းတွေကတော့ ခရမ်းသီးအကြီး (၁) လုံး၊ ကြက်သွန်ဖြူ (၃) တောင့်၊ ဆီ (၃) ဇွန်း၊ စမုန်နက်စေ့ (၁) ဇွန်း၊ ကြက်သွန်ဖြူ (၆) တောင့်၊ ဂျင်းမှုန့် (၁) ဇွန်း၊ ငရုပ်သီးစိမ်း (၁) တောင့်၊ ကြက်သွန်နီ အရွယ်တော် (၁) လုံး၊ ခရမ်းချဉ်သီး (၂) လုံး၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ နံနံပင် နုတ်နုတ်စင်းပြီးသား (၁) ဇွန်း၊ နနွင်းမှုန့် (၁/၂) ဇွန်း၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Easy-Baingan-Bharta-Smoky-eggplant-stir-fry-4.jpg 

အရင်ဆုံး ကြက်သွန်ဖြူတောင့်လေးတွေကို အလည်ကနေ ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ခရမ်းသီးပေါ်မှာတော့ ဓားနဲ့ အကွဲကြောင်းလေးတွေပေါ်အောင် လှီးပေးလိုက်ပြီး အကွဲကြောင်းထဲမှာ ကြက်သွန်ဖြူ ခြမ်းကွဲလေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မီးသွေးမီးဖိုပေါ်မှာ (၈) မိနစ်ကနေ (၁၀) မိနစ်ကြား အချိန်ကြာအောင် မီးဖုတ်ပေးလိုက်ပါ။ လေးဖက်လေးတန်စလုံး မီးအပူချိန်မျှအောင် (၁) မိနစ်တစ်ခါ လှည့်ပေးလိုက်ပါဦး။ မီးဖုတ်ပြီးရင်တော့ ခရမ်းသီးမီးဖုတ်ကို ခဲပတ်စက္ကူနဲ့ မိနစ်အနည်းငယ်ကြာ အုပ်ထားပေးလိုက်ပါ။

ခရမ်းသီးမီးဖုတ်ကို အအေးခံပြီးသွားရင် ရေထဲမှာစိမ်ပြီး အခွံချွတ်ပေးလိုက်ပါ။ မီးကျွမ်းနေတဲ့ အစိတ်အပိုင်းတွေကိုလည်း ဖယ်ရှားပေးလိုက်ပါ။ ပြီးရင် ခရမ်းသီးမီးဖုတ်ကို ရေထဲကဆယ်ပြီး ဓားနဲ့လှီးဖြတ်ပေးလိုက်ပါ။

Easy-Baingan-Bharta-Smoky-eggplant-stir-fry-2.jpg 

ဒယ်အိုးပြားတစ်လုံးထဲမှာတော့ ဟင်းချက်ဆီကို အပူပေးပြီး စမုန်နက်စေ့လေးတွေကို မီးပူထိုးပေးလိုက်ပါ။ စက္ကန့် (၃၀) ခန့် ကြာရင်တော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးနဲ့ ကြက်သွန်နီတို့ကိုပါ ရောထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်နီ အရောင်ပြောင်းသွားသည်အထိ ဆီသတ်ပေးပြီးရင် ခရမ်းချဉ်သီး၊ ငရုပ်သီးမှုန့်၊ နံနံပင်မှုန့်၊ နနွင်းမှုန့်နဲ့ ဆားတို့ကိုပါ ထည့်လိုက်ပါ။ သံယောက်မနဲ့ ခနမွှေပေးပြီးရင် အဖုံးအုပ်ထားပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာရင် အဖုံးပြန်ဖွင့်ပြီး ခရမ်းသီးဖုတ်ကို ထည့်ပေးလိုက်ပါ။ အဖုံးပြန်အုပ်ပြီး နောက်ထပ် (၃) (၄) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ကြားထဲမှာလည်း မကြာမကြာ မွှေပေးနေပါ။ ဟင်းကျက်ရင် အပေါ်ကနေ နံနံပင်အုပ်ပေးလိုက်ပါဦး။ ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory

[Zawgyi Version]

ခရမ္းသီးဟာ အိႏၵိယတိုက္ငယ္မွာ ေပါေပါမ်ားမ်ား ေတြ႕ရတဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳး ျဖစ္ၿပီး ကမၻာတဝွမ္းလံုးမွာ ဟင္းခ်က္နည္းအမ်ိဳးမ်ိဳးနဲ႔ ခ်က္ျပဳတ္စားသံုးၾကပါတယ္။ အဂၤလန္မွာေတာ့ ခရမ္းသီးကို "aubergine" လို႔ေခၚပါတယ္။

အေရာင္အဆင္းအားျဖင့္ ခရမ္းေရာင္နဲ႔ အနက္ေရာင္ၾကားမွာ႐ွိတဲ့ ခရမ္းသီးထဲမွာ ဗိုက္တာမင္စီ၊ ဗိုက္တာမင္ေက၊ ဗိုက္တာမင္ဘီစစ္၊ အမွ်င္ဓာတ္၊ ေဖာလစ္အက္ဆစ္၊ ပိုတက္စီယမ္နဲ႔ မန္းဂနိစ္တို႔ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒီေန႔မွာေတာ့ ခရမ္းသီးကိုမီးဖုတ္ၿပီး အိႏၵိယဟင္းလ်ာစတိုင္လ္ ႏွပ္ခ်က္ခ်က္ထားတာပါ။

ပါဝင္ပစၥည္းမ်ား

msledf_0705_basiceggplant_sq.jpg 

ပါဝင္ပစၥည္းေတြကေတာ့ ခရမ္းသီးအႀကီး (၁) လံုး၊ ၾကက္သြန္ျဖဴ (၃) ေတာင့္၊ ဆီ (၃) ဇြန္း၊ စမုန္နက္ေစ့ (၁) ဇြန္း၊ ၾကက္သြန္ျဖဴ (၆) ေတာင့္၊ ဂ်င္းမႈန္႔ (၁) ဇြန္း၊ င႐ုပ္သီးစိမ္း (၁) ေတာင့္၊ ၾကက္သြန္နီ အ႐ြယ္ေတာ္ (၁) လံုး၊ ခရမ္းခ်ဥ္သီး (၂) လံုး၊ င႐ုပ္သီးမႈန္႔ (၁) ဇြန္း၊ နံနံပင္ ႏုတ္ႏုတ္စင္းၿပီးသား (၁) ဇြန္း၊ နႏြင္းမႈန္႔ (၁/၂) ဇြန္း၊ ဆားအနည္းငယ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Easy-Baingan-Bharta-Smoky-eggplant-stir-fry-4.jpg 

အရင္ဆံုး ၾကက္သြန္ျဖဴေတာင့္ေလးေတြကို အလည္ကေန ထက္ျခမ္းျခမ္းေပးလိုက္ပါ။ ခရမ္းသီးေပၚမွာေတာ့ ဓားနဲ႔ အကြဲေၾကာင္းေလးေတြေပၚေအာင္ လွီးေပးလိုက္ၿပီး အကြဲေၾကာင္းထဲမွာ ၾကက္သြန္ျဖဴ ျခမ္းကြဲေလးေတြကို ထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မီးေသြးမီးဖိုေပၚမွာ (၈) မိနစ္ကေန (၁၀) မိနစ္ၾကား အခ်ိန္ၾကာေအာင္ မီးဖုတ္ေပးလိုက္ပါ။ ေလးဖက္ေလးတန္စလံုး မီးအပူခ်ိန္မွ်ေအာင္ (၁) မိနစ္တစ္ခါ လွည့္ေပးလိုက္ပါဦး။ မီးဖုတ္ၿပီးရင္ေတာ့ ခရမ္းသီးမီးဖုတ္ကို ခဲပတ္စကၠဴနဲ႔ မိနစ္အနည္းငယ္ၾကာ အုပ္ထားေပးလိုက္ပါ။

ခရမ္းသီးမီးဖုတ္ကို အေအးခံၿပီးသြားရင္ ေရထဲမွာစိမ္ၿပီး အခြြံခြ်တ္ေပးလိုက္ပါ။ မီးကြ်မ္းေနတဲ့ အစိတ္အပိုင္းေတြကိုလည္း ဖယ္႐ွားေပးလိုက္ပါ။ ၿပီးရင္ ခရမ္းသီးမီးဖုတ္ကို ေရထဲကဆယ္ၿပီး ဓားနဲ႔လွီးျဖတ္ေပးလိုက္ပါ။

ဒယ္အိုးျပားတစ္လံုးထဲမွာေတာ့ ဟင္းခ်က္ဆီကို အပူေပးၿပီး စမုန္နက္ေစ့ေလးေတြကို မီးပူထိုးေပးလိုက္ပါ။ စကၠန္႔ (၃၀) ခန္႔ ၾကာရင္ေတာ့ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ င႐ုပ္သီးနဲ႔ ၾကက္သြန္နီတို႔ကိုပါ ေရာထည့္ၿပီး ဆီသတ္ေပးလိုက္ပါ။ ၾကက္သြန္နီ အေရာင္ေျပာင္းသြားသည္အထိ ဆီသတ္ေပးၿပီးရင္ ခရမ္းခ်ဥ္သီး၊ င႐ုပ္သီးမႈန္႔၊ နံနံပင္မႈန္႔၊ နႏြင္းမႈန္႔နဲ႔ ဆားတို႔ကိုပါ ထည့္လိုက္ပါ။ သံေယာက္မနဲ႔ ခနေမႊေပးၿပီးရင္ အဖံုးအုပ္ထားေပးလိုက္ပါ။

မိနစ္အနည္းငယ္ၾကာရင္ အဖံုးျပန္ဖြင့္ၿပီး ခရမ္းသီးဖုတ္ကို ထည့္ေပးလိုက္ပါ။ အဖံုးျပန္အုပ္ၿပီး ေနာက္ထပ္ (၃) (၄) မိနစ္ခန္႔ ခ်က္ျပဳတ္ေပးလိုက္ပါ။ ၾကားထဲမွာလည္း မၾကာမၾကာ ေမႊေပးေနပါ။ ဟင္းက်က္ရင္ အေပၚကေန နံနံပင္အုပ္ေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ ပန္းကန္ထဲေျပာင္းထည့္ၿပီး စိတ္တိုင္းက် သံုးေဆာင္ႏိုင္ပါၿပီ။

Source: Myfoodstory


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs