• Food & Recipe
    စားချင့်စဖွယ် ရေသူမတော်ဖီလေး
Thiha Htun
[Unicode Version]

ကလေးဆိုတဲ့ အမျိုးက အာဟာရရှိတဲ့ အစားအစာတွေထက် မုန့်ပဲသွားရည်စာတွေကို ပိုပြီးခုံမင်တတ်ကြတဲ့ အမျိုးပါ။ ကျောင်းနားမှာရောင်းတဲ့ မုန့်ပဲသွားရည်စာတွေက ဓာတုပစ္စည်းတွေ၊ ဆေးသကြားတွေများလို့ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက်လည်း စားချင့်စဖွယ်ဖြစ်မဲ့၊ အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ နို့တော်ဖီ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါကတော့ ရေသူမ တော်ဖီပါပဲ။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (4).png 

ရေသူမတော်ဖီ ပြုလုပ်ဖို့အတွက် နို့ဆီ (၂၄) အောင်စ၊ နို့ချောကလက် (၂) ပေါင်၊ ပက်ပါးမင့်ဆီ (၂) ဇွန်း၊ Food Coloring အစိမ်းပုပ်ရောင် (၁) ပုလင်း၊ Food Coloring စိမ်းပြာရောင် (၁) ပုလင်း၊ Food Coloring မိုးပြာရောင် (၁) ပုလင်း၊ Food Coloring ပုလဲဖြူရောင် (၁) ပုလင်း၊ စားလို့ရတဲ့ ငွေမှုန်လေးတွေကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (3).png 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ နို့ဆီ (၁၄) အောင်စနဲ့ အဖြူရောင်နို့ချောကလက်တို့ကို ရောထည့်လိုက်ပါ။ ပြီးရင် မီးပျော့ပျော့နဲ့ အရည်ပျော်အောင် မီးတိုက်လိုက်ပြီး ပက်ပါးမင့်အဆီကို ရောထည့်ပေးလိုက်ပါ။ ခနလောက်မွှေပေးပြီးရင် မုန့်ဖုတ်စက္ကူခံထားတဲ့ ကြွေလင်ပန်း (သို့) ကျောက်ကျောလင်ပန်းထဲမှာ ပြောင်းထည့်ပေးလိုက်ပါ။ Food Coloring အစိမ်းပုပ်ရောင်၊ Food Coloring စိမ်းပြာရောင်၊ Food Coloring မိုးပြာရောင်တို့ကို (၂) စက် (၃) စက်စီ ထည့်ပေးလိုက်ပါ။

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (2).png 

ပြီးရင်တော့ သစ်သားယောက်မတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပါ။ မွှေပေးပြီးရင် လင်ပန်းကို ရေခဲသေတ္တာ အအေးခန်းထဲမှာ (၄၅) မိနစ်ခန့်ထည့်ပြီး အအေးခံထားပေးလိုက်ပါ။

အအေးခံပြီးရင်တော့ လင်ပန်းကို ရေခဲသေတ္တာထဲကထုတ်ပြီး ဘေးအနားသားတွေကို အရင်လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် စတုရန်းပုံ အတုံးလေးတွေ တုံးပေးလိုက်ပါ။ နို့တော်ဖီတုံးလေးတွေရဲ့ အပေါ်မှာ ငွေမှုန်လေးတွေဖြူးပေးပြီးရင်တော့ စားလို့လည်းကောင်း၊ ကလေးတွေရဲ့ ထမင်းဘူးထဲမှာ သွားရည်စာအဖြစ် ထည့်သွင်းပေးဖို့လည်း သင့်တော်တဲ့ ရေသူမတော်ဖီလေးတွေကို ရရှိပါပြီနော်။

Source: sidechef

[Zawgyi Version]

ကေလးဆိုတဲ့ အမ်ိဳးက အာဟာရ႐ွိတဲ့ အစားအစာေတြထက္ မုန္႔ပဲသြားရည္စာေတြကို ပိုၿပီးခံုမင္တတ္ၾကတဲ့ အမ်ိဳးပါ။ ေက်ာင္းနားမွာေရာင္းတဲ့ မုန္႔ပဲသြားရည္စာေတြက ဓာတုပစၥည္းေတြ၊ ေဆးသၾကားေတြမ်ားလို႔ ကေလးေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြအတြက္လည္း စားခ်င့္စဖြယ္ျဖစ္မဲ့၊ အာဟာရတန္ဖိုးလည္း ျပည့္ဝတဲ့ ႏို႔ေတာ္ဖီ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။ အဲဒါကေတာ့ ေရသူမ ေတာ္ဖီပါပဲ။

ပါဝင္ပစၥည္းမ်ား

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (4).png 

ေရသူမေတာ္ဖီ ျပဳလုပ္ဖို႔အတြက္ ႏို႔ဆီ (၂၄) ေအာင္စ၊ ႏို႔ေခ်ာကလက္ (၂) ေပါင္၊ ပက္ပါးမင့္ဆီ (၂) ဇြန္း၊ Food Coloring အစိမ္းပုပ္ေရာင္ (၁) ပုလင္း၊ Food Coloring စိမ္းျပာေရာင္ (၁) ပုလင္း၊ Food Coloring မိုးျပာေရာင္ (၁) ပုလင္း၊ Food Coloring ပုလဲျဖဴေရာင္ (၁) ပုလင္း၊ စားလို႔ရတဲ့ ေငြမႈန္ေလးေတြကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Screenshot-2018-2-22 White Chocolate Peppermint Mermaid Fudge (3).png 

အရင္ဆံုး ဒယ္အိုးတစ္လံုးထဲမွာ ႏို႔ဆီ (၁၄) ေအာင္စနဲ႔ အျဖဴေရာင္ႏို႔ေခ်ာကလက္တို႔ကို ေရာထည့္လိုက္ပါ။ ၿပီးရင္ မီးေပ်ာ့ေပ်ာ့နဲ႔ အရည္ေပ်ာ္ေအာင္ မီးတိုက္လိုက္ၿပီး ပက္ပါးမင့္အဆီကို ေရာထည့္ေပးလိုက္ပါ။ ခနေလာက္ေမႊေပးၿပီးရင္ မုန္႔ဖုတ္စကၠဴခံထားတဲ့ ေၾကြလင္ပန္း (သို႔) ေက်ာက္ေက်ာလင္ပန္းထဲမွာ ေျပာင္းထည့္ေပးလိုက္ပါ။ Food Coloring အစိမ္းပုပ္ေရာင္၊ Food Coloring စိမ္းျပာေရာင္၊ Food Coloring မိုးျပာေရာင္တို႔ကို (၂) စက္ (၃) စက္စီ ထည့္ေပးလိုက္ပါ။

ၿပီးရင္ေတာ့ သစ္သားေယာက္မတစ္ေခ်ာင္းနဲ႔ သမေအာင္ေမႊေပးလိုက္ပါ။ ေမႊေပးၿပီးရင္ လင္ပန္းကို ေရခဲေသတၱာ အေအးခန္းထဲမွာ (၄၅) မိနစ္ခန႔္ထည့္ၿပီး အေအးခံထားေပးလိုက္ပါ။

အေအးခံၿပီးရင္ေတာ့ လင္ပန္းကို ေရခဲေသတၱာထဲကထုတ္ၿပီး ေဘးအနားသားေတြကို အရင္လွီးျဖတ္ေပးလိုက္ပါ။ ၿပီးရင္ စတုရန္းပံု အတံုးေလးေတြ တံုးေပးလိုက္ပါ။ ႏို႔ေတာ္ဖီတံုးေလးေတြရဲ႕ အေပၚမွာ ေငြမႈန္ေလးေတြျဖဴးေပးၿပီးရင္ေတာ့ စားလို႔လည္းေကာင္း၊ ကေလးေတြရဲ႕ ထမင္းဘူးထဲမွာ သြားရည္စာအျဖစ္ ထည့္သြင္းေပးဖို႔လည္း သင့္ေတာ္တဲ့ ေရသူမေတာ္ဖီေလးေတြကို ရ႐ွိပါၿပီေနာ္။

Source: sidechef


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us