ဂျပန်လူမျိုးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အထူးဂရုစိုက်တတ်တဲ့ လူမျိုးတွေဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အထူးဂရုစိုက်တတ်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ သူတို့ရဲ့ ရေနွေးကြမ်းသောက်ပွဲတို့၊ ဆူရှီပြုလုပ်ခြင်း ယဉ်ကျေးမှုတို့ကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ အရသာရှိတဲ့ အစားအစာမျိုးစုံ ရှိပေမဲ့ ဂျပန်ရောက်တိုင်း မဖြစ်မနေစားသင့်ပြီး ကမ္ဘာတဝှမ်းက အစားအစာချစ်သူတွေ စိတ်ထဲမှာ စွဲထင်ကျန်နေတဲ့ အစားအစာလေးတွေ ရှိပါတယ်။ အဲဒါတွေကတော့...



၁။ ဆူရှီ

rawpixel-com-455994-unsplash.jpg 

ဆူရှီဆိုတာက ထမင်းကိုပေါင်းပြီးမှ ရှာလကာရည်နဲ့နယ်ပြီး ငါးအစိမ်းနဲ့ ရောလိပ်ထားတဲ့ ရေညှိထမင်းလိပ်ပါ။ ဆူရှီအမျိုးအစား အများကြီးရှိပြီး အရသာနဲ့ ပါဝင်ပစ္စည်းတွေလည်း ကွဲပြားကြပါတယ်။ အရသာစူးစူး၊ ခရင်မ်များတဲ့အရသာ၊  စိမ့်တဲ့အရသာ စသည်ဖြင့် အရသာမျိုးစုံ ရှိပါတယ်။

ဆူရှီလိပ်တာက ပညာပါသလို အတွေ့အကြုံရင့်ကျက်တဲ့ စားဖိုမှူးတွေရဲ့ လက်ထဲမှာဆိုရင် အရသာပိုရှိသွားပါတယ်။ ဆူရှီကို ဂျပန်နိုင်ငံရဲ့ အထိန်းအမှတ်တစ်ခုအဖြစ် သတ်မှတ်ထားကြပေမဲ့ ဆူရှီက ဂျပန်မှာတော့ လမ်းဘေးစာ (street food) တစ်မျိုးပါပဲ။

၂။ ရာမင်ခေါက်ဆွဲ

alison-marras-323018-unsplash.jpg 

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခေါက်ဆွဲကို ပုံစံအမျိုးမျိုး၊ ချက်ပြုတ်နည်းပေါင်းစုံနဲ့ ချက်ပြုတ်စားသောက်ကြပေမဲ့ ဂျပန်ရာမင် ခေါက်ဆွဲကတော့ လုံးဝပြိုင်စံရှားပါတယ်။ အငန်အရသာကဲတဲ့ စွပ်ပြုတ်ရည်ထဲမှာ ကြက်ဥခေါက်ဆွဲဖတ်လေးတွေကို ဂဏန်းသားပြားတို့၊ ရေညှိတို့၊ ပဲပင်ပေါက်တို့၊ ဝက်သားပြားတို့ ရောထည့်ထားတဲ့ ဂျပန်ရာမင်ခေါက်ဆွဲကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ စားသုံးကြပါတယ်။

တရုတ်ခေါက်ဆွဲကနေ အိုင်ဒီယာဆင့်ပွား ယူထားတယ်ဆိုပေမဲ့ ဂျပန်တွေက သူတို့ရဲ့ချက်ပြုတ်နည်းကို တမူကွဲပြားအောင် ဖန်တီးလိုက်နိုင်ပါတယ်။ ရာမင်ခေါက်ဆွဲ အမျိုးအစား (၄) မျိုး ရှိပါတယ်။ Tonkotsu (ဝက်ရိုးပြုတ်ရည်)၊ Miso (ရေညှိပြုတ်ရည်)၊ ပဲငံပြာရည်စွပ်ပြုတ် ခေါက်ဆွဲနဲ့ အငန်ခေါက်ဆွဲတို့ပဲ ဖြစ်ပါတယ်။

၃။ Unagi (ငါးရှဉ့်ကင်)

unagi.jpg 

Unagi ဆိုတာကတော့ မြစ်ငါးရှဉ့်ကို မီးသွေးမီးဖိုပေါ်မှာ ကင်ထားပြီး ဘာဘီကျူးဆော့စ် အချိုတစ်မျိုးနဲ့ သုတ်လိမ်းထားတဲ့ အကင်တစ်မျိုး ဖြစ်ပါတယ်။ အရပ်စကားတွေ အရဆိုရင် Unagi ဟာ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ အပူချိန်နဲ့ စိုထိုင်းမှုတွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံး အစားအစာတစ်မျိုး ဖြစ်ပါသတဲ့။ Unagi ဟာ ရှေးဟောင်းဂျပန်ပြည်ရဲ့ အရသာရှိတဲ့ အစားအသောက် ချက်ပြုတ်နည်းတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

၄။ တမ်ပူရာကြော်

124258572-56a2f6f73df78cf7727b5122.jpg 

ကမ္ဘာ့နေရာအနှံ့အပြားမှာ ဆီကြော်မုန့်တွေကို နှစ်သက်စွာ စားသုံးနေကြချိန်မှာ ဂျပန်ကလည်း နောက်ချန်မနေခဲ့ပါဘူး။ ပင်လယ်စာတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မုန့်နှစ်လူးပြီး နှမ်းဆီထဲမှာ ထည့်ကြော်ပြီး အထူးပြုလုပ်ထားတဲ့ ဆော့စ်နဲ့တို့စားရတဲ့ တမ်ပူရာကြော်ဟာလည်း ဂျပန်ရောက်တိုင်း မဖြစ်မနေစားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါပဲ။

၅။ Shabu-Shabu ဟော့ပေါ့

2017_11_13_35762_1510548782._large.jpg 

Shabu-Shabu ဟော့ပေါ့ဆိုတာကတော့ အရသာမှုန့်မျိုးစုံ ထည့်ထားတဲ့ စွပ်ပြုတ်ရည်အိုးထဲမှာ အမဲသား၊ ဝက်သား အစရှိတဲ့ အသားဖတ်လေးတွေကို ထည့်ပြုတ်ပြီး ဆယ်စားရတဲ့ အစားအစာမျိုးပါ။ များသောအားဖြင့် Shabu-Shabu ဟော့ပေါ့တွေဟာ အသားနဲ့ တခြားပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ထယူပြီး ပြုတ်စားရတာပါ။

Source: BBCGoodFoods


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က