• Food & Recipe
    ပြုလုပ်ချိန် (၁၅) မိနစ်ပဲကြာမဲ့ မှို စပါဂတ်တီခေါက်ဆွဲ
Thiha Htun
[Unicode Version]

အီတလီရဲ့ စပါဂတ်တီခေါက်ဆွဲဟာ တရုတ်မှာ ပေါက်စီ၊ အိန္ဒိယမှာ စမူဆာ၊ ဂျပန်မှာ ဆူရှီတို့လို လူသိများတဲ့ အထိန်းအမှတ် အစားအစာတစ်မျိုးပါ။ စပါဂတ်တီ ခေါက်ဆွဲ အမျိုးအစားများစွာရှိပြီး ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းကိုလိုက်ပြီး အရသာနဲ့ ပုံပန်းသွင်ပြင် ကွဲပြားခြားနားပါတယ်။

 aglioeolio4.jpg

ဒီနေ့မှာတော့ သက်သတ်လွတ်သမားတွေအတွက်လည်း အဆင်ပြေစေမဲ့ မှို စပါဂတ်တီခေါက်ဆွဲ ချက်နည်းလေးအကြောင်း တင်ဆက်ပေးသွားမှာပါ။ ပြုလုပ်ချိန်အားဖြင့်လည်း (၁၅) မိနစ်ဝန်းကျင်သာ အချိန်ကြာမြင့်မှာဖြစ်ပြီး အရသာကောင်းမွန်တဲ့ ခေါက်ဆွဲလေးတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ

15-minute-mushroom-spaghetti-aglio-olio.1024x1024-2.jpg 

စပါဂတ်တီ ခေါက်ဆွဲခြောက် (၂၅၀) ဂရမ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ မှို (၂၀၀) ဂရမ်၊ ကြက်သွန်ဖြူ (၅) တောင့်၊ ငရုပ်သီးမှုန့် ဇွန်းဝက်ခန့်၊ တရုပ်နံနံ (၁) ဇွန်းခွဲ၊ ထောပတ် (၁) ဇွန်း၊ အီတလီဒိန်ခဲမာ အမှုန့် (၂) ဇွန်း၊ (၃) ဇွန်းခန့်၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

15-minute-mushroom-spaghetti-aglio-olio.1024x1024-1.jpg 

အရင်ဆုံး စပါဂတ်တီခေါက်ဆွဲခြောက်တွေကို ရေနွေးပူပူထဲမှာ ထည့်ပြုတ်ပေးရပါမယ်။ (စပါဂတ်တီ ခေါက်ဆွဲခြောက်ကို Market Place မှာ ဝယ်လို့ရပါတယ်။) ခေါက်ဆွဲပြုတ်ထားတုန်းမှာ မှိုဟင်းအနှစ်ကို ပြင်ဆင်ချက်ပြုတ်ရပါမယ်။

ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီနည်းနည်းကို ထည့်လိုက်ပါ။ ပြီးရင် ရေဆေးသန့်စင်ပြီး ထက်ခြမ်းခြမ်းထားတဲ့ မှိုဖတ်လေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် medium high အပူချိန်မှာ မိနစ်အနည်းငယ်ကြာ ချက်ပြုတ်ပေးလိုက်ပါ။ ရွှေအိုရောင်သမ်းလာရင်တော့ မှိုဖတ်လေးတွေကို ဒယ်အိုးဘေးတစ်ဖက်ကို ကပ်ထားပေးလိုက်ပါ။

15-minute-mushroom-spaghetti-aglio-olio.1024x1024-4.jpg 

လွတ်သွားတဲ့အခြမ်းမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နောက်တစ်ဇွန်းကို ထည့်လိုက်ပြီး ကြက်သွန်ဖြူထောင်း၊ ငရုပ်သီး အကျက်မှုန့်တို့ကို ဆီသတ်ပေးလိုက်ပါ။ တစ်မိနစ်ခန့် ယောက်မနဲ့ မွှေပေးပြီးရင်တော့ ခုနက ပြုတ်ထားတဲ့ စပါဂတ်တီခေါက်ဆွဲဖတ်တွေကို ထည့်ပေးလိုက်ပါ။

ခေါက်ဆွဲအပေါ်ကမှ တရုပ်နံနံ (အခြောက်) မှုန့်ရယ်၊ ဆားရယ်၊ ထောပတ်ရယ်ထည့်ပြီးတော့ ရောမွှေပေးလိုက်ပါ။ မှိုဖတ်လေးတွေနဲ့ စပါဂတ်တီ ခေါက်ဆွဲဖတ်တွေ သမသွားပြီဆိုတော့မှ မီးပိတ်ပြီး ပန်းကန်တစ်လုံးထဲကို လှယ်ထည့်ပေးလိုက်ပါ။ အပေါ်ကနေ ပေါင်မုန့်ခြောက်မှုန့်လေး နည်းနည်းဖြူးပေးလိုက်ရင် အရသာရှိတဲ့ အီတလီစတိုင်လ် မှိုစပါဂတ်တီ ခေါက်ဆွဲလေးကို စားသုံးနိုင်ပါပြီ။

Source: Myfoodstory

[Zawgyi Version]

အီတလီရဲ႕ စပါဂတ္တီေခါက္ဆြဲဟာ တ႐ုတ္မွာ ေပါက္စီ၊ အိႏၵိယမွာ စမူဆာ၊ ဂ်ပန္မွာ ဆူ႐ွီတို႔လို လူသိမ်ားတဲ့ အထိန္းအမွတ္ အစားအစာတစ္မ်ိဳးပါ။ စပါဂတ္တီ ေခါက္ဆြဲ အမ်ိဳးအစားမ်ားစြာ႐ွိၿပီး ျပဳလုပ္နည္းနဲ႔ ပါဝင္ပစၥည္းကိုလိုက္ၿပီး အရသာနဲ႔ ပံုပန္းသြင္ျပင္ ကြဲျပားျခားနားပါတယ္။

 aglioeolio4.jpg

ဒီေန႔မွာေတာ့ သက္သတ္လြတ္သမားေတြအတြက္လည္း အဆင္ေျပေစမဲ့ မႈိ စပါဂတ္တီေခါက္ဆြဲ ခ်က္နည္းေလးအေၾကာင္း တင္ဆက္ေပးသြားမွာပါ။ ျပဳလုပ္ခ်ိန္အားျဖင့္လည္း (၁၅) မိနစ္ဝန္းက်င္သာ အခ်ိန္ၾကာျမင့္မွာျဖစ္ၿပီး အရသာေကာင္းမြန္တဲ့ ေခါက္ဆြဲေလးတစ္မ်ိဳးပါ။

ပါဝင္ပစၥည္းမ်ား

15-minute-mushroom-spaghetti-aglio-olio.1024x1024-2.jpg 

စပါဂတ္တီ ေခါက္ဆြဲေျခာက္ (၂၅၀) ဂရမ္၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ မႈိ (၂၀၀) ဂရမ္၊ ၾကက္သြန္ျဖဴ (၅) ေတာင့္၊ င႐ုပ္သီးမႈန္႔ ဇြန္းဝက္ခန္႔၊ တ႐ုပ္နံနံ (၁) ဇြန္းခြဲ၊ ေထာပတ္ (၁) ဇြန္း၊ အီတလီဒိန္ခဲမာ အမႈန္႔ (၂) ဇြန္း၊ (၃) ဇြန္းခန္႔၊ ဆားအနည္းငယ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

15-minute-mushroom-spaghetti-aglio-olio.1024x1024-1.jpg 

အရင္ဆံုး စပါဂတ္တီေခါက္ဆြဲေျခာက္ေတြကို ေရေႏြးပူပူထဲမွာ ထည့္ျပဳတ္ေပးရပါမယ္။ (စပါဂတ္တီ ေခါက္ဆြဲေျခာက္ကို Market Place မွာ ဝယ္လို႔ရပါတယ္။) ေခါက္ဆြဲျပဳတ္ထားတုန္းမွာ မႈိဟင္းအႏွစ္ကို ျပင္ဆင္ခ်က္ျပဳတ္ရပါမယ္။

ဒယ္အိုးျပားတစ္လံုးထဲမွာ သံလြင္ဆီနည္းနည္းကို ထည့္လိုက္ပါ။ ၿပီးရင္ ေရေဆးသန္႔စင္ၿပီး ထက္ျခမ္းျခမ္းထားတဲ့ မႈိဖတ္ေလးေတြကို ထည့္ေပးလိုက္ပါ။ ၿပီးရင္ medium high အပူခ်ိန္မွာ မိနစ္အနည္းငယ္ၾကာ ခ်က္ျပဳတ္ေပးလိုက္ပါ။ ေ႐ႊအိုေရာင္သမ္းလာရင္ေတာ့ မႈိဖတ္ေလးေတြကို ဒယ္အိုးေဘးတစ္ဖက္ကို ကပ္ထားေပးလိုက္ပါ။

လြတ္သြားတဲ့အျခမ္းမွာ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ေနာက္တစ္ဇြန္းကို ထည့္လိုက္ၿပီး ၾကက္သြန္ျဖဴေထာင္း၊ င႐ုပ္သီး အက်က္မႈန္႔တို႔ကို ဆီသတ္ေပးလိုက္ပါ။ တစ္မိနစ္ခန္႔ ေယာက္မနဲ႔ ေမႊေပးၿပီးရင္ေတာ့ ခုနက ျပဳတ္ထားတဲ့ စပါဂတ္တီေခါက္ဆြဲဖတ္ေတြကို ထည့္ေပးလိုက္ပါ။

ေခါက္ဆြဲအေပၚကမွ တ႐ုပ္နံနံ (အေျခာက္) မႈန္႔ရယ္၊ ဆားရယ္၊ ေထာပတ္ရယ္ထည့္ၿပီးေတာ့ ေရာေမႊေပးလိုက္ပါ။ မႈိဖတ္ေလးေတြနဲ႔ စပါဂတ္တီ ေခါက္ဆြဲဖတ္ေတြ သမသြားၿပီဆိုေတာ့မွ မီးပိတ္ၿပီး ပန္းကန္တစ္လံုးထဲကို လွယ္ထည့္ေပးလိုက္ပါ။ အေပၚကေန ေပါင္မုန္႔ေျခာက္မႈန္႔ေလး နည္းနည္းျဖဴးေပးလိုက္ရင္ အရသာ႐ွိတဲ့ အီတလီစတိုင္လ္ မႈိစပါဂတ္တီ ေခါက္ဆြဲေလးကို စားသံုးႏိုင္ပါၿပီ။

Source: Myfoodstory


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs