ခေါင်ရမ်းပန်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါရှိပါသေးတယ်။

ခေါင်ရမ်းပန်းဟာ ခရမ်းရောင်ပန်းပွင့် တစ်မျိုးဖြစ်ပြီး လူတချို့ကတော့ စားလို့ရမှန်းတောင် မသိကြပါဘူး။ တကယ်တော့ ခေါင်ရမ်းပန်းဟာ အစားအသောက်တွေကို ထူးခြားတဲ့ အရောင်အဆင်းရအောင် ပြုလုပ်ပေးနိုင်တဲ့ သဘာဝ food coloring တစ်မျိုးပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခေါင်ရမ်းပန်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါရှိပါသေးတယ်။



 

ခေါင်ရမ်းပန်းကို ရေနွေးနဲ့ကျိုချက်ပြီး ပြုလုပ်ထားတဲ့ ခေါင်ရမ်းလက်ဖက်ရည်ကို သောက်ပေးမယ်ဆိုရင် သွေးတိုးကျစေသလို သွေးတွင်းအချိုဓာတ်ကိုလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် အသည်းကိုလည်း သန့်ရှင်းစေပါတယ်။ အမျိုးသမီးများ ဓမ္မတာလာချိန် နာကျင်မှုကိုလည်း သက်သာစေနိုင်သလို စိတ်ဓာတ်ကျဆင်းမှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ဝိတ်ကျချင်သူတွေလည်း သောက်ပေးသင့်တဲ့ လက်ဖက်ရည်လေးပါ။ ခေါင်ရမ်းလက်ဖက်ရည် ဖျော်နည်းကတော့....

ပါဝင်ပစ္စည်းများ

How-to-make-Hibiscus-Tea-its-Benefits-2.jpg 

ခေါင်ရမ်းလက်ဖက်ရည် ဖျော်ဖို့အတွက် ခေါင်ရမ်းပန်းပွင့် (၂) ခွက်စာ၊ ရေ (၈) ခွက်စာ၊ ပျားရည် (၁/၄) ခွက်စာ၊ လတ်လတ်ဆတ်ဆတ် သံပုရာရည် (၃) ဇွန်းစာတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

How-to-make-Hibiscus-Tea-its-Benefits-3.jpg 

ခေါင်ရမ်းပန်းပွင့်ရဲ့ ပွင့်ပပ်တွေကို အရင်ဖယ်ရှားပေးလိုက်ပါ။ ပန်းပွင့်အလည်ခေါင်က ပွင့်မဝတ်ဆံကိုလည်း ဖယ်ချင် ဖယ်ထုတ်လို့ရပါတယ်။ (ပွင်မဝတ်ဆံက ဒီတိုင်း ထားထားလို့လည်း ရပါတယ်။) ပြီးရင်တော့ ရေ (၈) ခွက်စာကို ဒယ်အိုးတစ်လုံးထဲကို အရင်ထည့်ပေးရပါမယ်။ ပြီးရင် ခေါင်ရမ်းပန်းတွေကိုလည်း ရေနွေးအိုးထဲ ထည့်ပြီး ပွက်ပွက်ဆူသည်အထိ တည်ပေးလိုက်ပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင်တော့ မီးဖိုကိုမီးပိတ်ပြီး ဒယ်အိုးကို အဖုံးပြန်ဖုံးပေးနိုင်ပါပြီ။ လက်ဖက်ရည်ကို (၁၅) မိနစ်ခန့် ဒီတိုင်းနှပ်ထားပေးလိုက်ပါ။

 

(၁၅) မိနစ်၊ မိနစ် (၂၀) လောက်ကြာပြီဆိုရင်တော့ အိုးထဲကို သံပုရာရည်နဲ့ ပျားရည်ထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးရင်တော့ လက်ဖက်ရည်ကို ဇကာနဲ့ စစ်ထုတ်ပေးလိုက်ပါ။

ရလာတဲ့ ခေါင်ရမ်းလက်ဖက်ရည်ကို နွေးနွေးလေးသောက်လို့ရသလို ရေခဲသေတ္တာထဲမှာ အအေးခံပြီး သောက်လို့လည်း ရပါတယ်။ ရရှိမဲ့ အာနိသင်နဲ့ အရသာကတော့ တူတူပါပဲ။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က