• Food & Recipe
    ယိုးဒယားစတိုင်လ် သီးစုံကျောက်ကျော သာကူဖာလူဒါ
Thiha Htun
[Unicode Version]

နွေရောက်ခါနီးပြီဆိုတော့ လူစိတ်အဝင်စားဆုံး အစားအစာတွေက ရင်အေးစေမဲ့ အအေးလေးတွေ၊ အစားအစာလေးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာတော့ ယိုးဒယားစတိုင်လ် သီးစုံကျောက်ကျော သာကူဖာလူဒါ လုပ်နည်းလေးကို ဖော်ပြပေးမှာဆိုတော့ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါဦး။

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(4).png 

ပါဝင်ပစ္စည်းများ

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube.png

သာကူ (၁/၄) ခွက်၊ သစ်သီးကော့တေးလ် (၁) ဘူး၊ ကျောက်ကျောမှုန့် (၁၀) ဂရမ်၊ ရေ (၂) ခွက်၊ သကြား (၁/၄) ခွက်၊ အစိမ်းရောင် food coloring အနည်းငယ်၊ ဂျယ်လီ (၁) ထုပ်၊ နို့ဆီ (၁/၂) ခွက်၊ နွားနို့ (၁) ခွက်ခွဲ၊ ခရင်မ် (၁/၂) ခွက် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(1).png 

အရင်ဆုံး သာကူကျိုရပါမယ်။ ဒယ်အိုးတစ်လုံးထဲမှာ သာကူကိုထည့်ပြီး အရင်ကျိုပေးလိုက်ပါ။ သာကူကျိုကျက်ရင် ရေစစ်ပြီး အိုးအလွတ်တစ်လုံးထဲ လှယ်ထည့်ပြီး ဘေးခနဖယ်ထားလိုက်ပါ။ ပြီးရင်တော့ ကျောက်ကျောမှုန့်ကို အဲဒီဒယ်အိုးထဲထည့်ပြီး ရေလိုအပ်သလောက်နဲ့ (၁၅) မိနစ်ခန့် ကျိုပေးလိုက်ပါ။ ပြီးရင် သကြားနဲ့ food coloring ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ ကျောက်ကျောကျိုပြီးရင် လင်ပန်းတစ်ချပ်ထဲလောင်းထည့်ပြီး နာရီအနည်းငယ်ကြာ အအေးခံထားပေးလိုက်ပါ။

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(2).png 

ဂျယ်လီမှုန့်ကိုတော့ ပန်းကန်တစ်လုံးထဲကို အရင်ဖောက်ထည့်ပေးလိုက်ပါ။ ပြီးရင် ရေနွေးလောင်းထည့်ပြီး မွှေပေးလိုက်ပါ။ သူ့ကိုလည်း ပန်းကန်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံပေးလိုက်ပါ။ ကျောက်ကျောကော၊ ဂျယ်လီကော ခဲသွားပြီဆိုရင် အတုံးသေးသေးလေးတွေ လှီးပေးလိုက်ပါ။

Fruit Cocktail (သစ်သီးကော့တေးလ်) ဘူးတစ်ဘူးကိုဖောက်ပြီး သစ်သီးဖတ်လေးတွေကိုပဲ ယူလိုက်ပါ။ သစ်သီးဖတ်လေးတွေကိုလည်း သစ်သားဘုတ်ပြားပေါ်တင်ပြီး အတုံးသေးလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(3).png 

ပန်းကန်လုံးအကြီး တစ်လုံးထဲမှာတော့ နွားနို့ရယ်၊ ခရင်မ်ရယ်၊ နို့ဆီရယ်ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် နို့ပန်းကန်ထဲကို သာကူနဲ့ သစ်သီးထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးမှ အပေါ်ကနေ ကျောက်ကျောနဲ့ ဂျယ်လီဖတ်လေးတွေကို အုပ်ပေးလိုက်ပါ။ အုန်းသီးရှိရင် အုန်းသီးဖတ်နုနုလေးတွေကိုပါ ဖြူးပေးလိုက်ပါဦး။ ဒါဆိုရင် အရသာရှိတဲ့ သီးစုံကျောက်ကျော သာကူဖာလူဒါအေးအေးလေးကို သုံးဆောင်နိုင်ပါပြီနော်။

Source: Yummytummy

[Zawgyi Version]

ေႏြေရာက္ခါနီးၿပီဆိုေတာ့ လူစိတ္အဝင္စားဆံုး အစားအစာေတြက ရင္ေအးေစမဲ့ အေအးေလးေတြ၊ အစားအစာေလးေတြပဲ ျဖစ္ပါလိမ့္မယ္။ ဒီေန႔မွာေတာ့ ယိုးဒယားစတိုင္လ္ သီးစံုေက်ာက္ေက်ာ သာကူဖာလူဒါ လုပ္နည္းေလးကို ေဖာ္ျပေပးမွာဆိုေတာ့ စိတ္ဝင္စားရင္ ဖတ္ၾကည့္ၾကပါဦး။

ပါဝင္ပစၥည္းမ်ား

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube.png

သာကူ (၁/၄) ခြက္၊ သစ္သီးေကာ့ေတးလ္ (၁) ဘူး၊ ေက်ာက္ေက်ာမႈန္႔ (၁၀) ဂရမ္၊ ေရ (၂) ခြက္၊ သၾကား (၁/၄) ခြက္၊ အစိမ္းေရာင္ food coloring အနည္းငယ္၊ ဂ်ယ္လီ (၁) ထုပ္၊ ႏို႔ဆီ (၁/၂) ခြက္၊ ႏြားႏို႔ (၁) ခြက္ခြဲ၊ ခရင္မ္ (၁/၂) ခြက္ တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္း

Screenshot-2018-2-23 (3) Desert Soup Recipe - Sago Agar Agar Desert Recipe - YouTube(1).png 

အရင္ဆံုး သာကူက်ိဳရပါမယ္။ ဒယ္အိုးတစ္လံုးထဲမွာ သာကူကိုထည့္ၿပီး အရင္က်ိဳေပးလိုက္ပါ။ သာကူက်ိဳက်က္ရင္ ေရစစ္ၿပီး အိုးအလြတ္တစ္လံုးထဲ လွယ္ထည့္ၿပီး ေဘးခနဖယ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေက်ာက္ေက်ာမႈန္႔ကို အဲဒီဒယ္အိုးထဲထည့္ၿပီး ေရလိုအပ္သေလာက္နဲ႔ (၁၅) မိနစ္ခန္႔ က်ိဳေပးလိုက္ပါ။ ၿပီးရင္ သၾကားနဲ႔ food coloring ထည့္ၿပီး သမေအာင္ေမႊေပးလိုက္ပါ။ ေက်ာက္ေက်ာက်ိဳၿပီးရင္ လင္ပန္းတစ္ခ်ပ္ထဲေလာင္းထည့္ၿပီး နာရီအနည္းငယ္ၾကာ အေအးခံထားေပးလိုက္ပါ။

ဂ်ယ္လီမႈန္႔ကိုေတာ့ ပန္းကန္တစ္လံုးထဲကို အရင္ေဖာက္ထည့္ေပးလိုက္ပါ။ ၿပီးရင္ ေရေႏြးေလာင္းထည့္ၿပီး ေမႊေပးလိုက္ပါ။ သူ႔ကိုလည္း ပန္းကန္တစ္လံုးထဲထည့္ၿပီး ေရခဲေသတၱာထဲမွာ အေအးခံေပးလိုက္ပါ။ ေက်ာက္ေက်ာေကာ၊ ဂ်ယ္လီေကာ ခဲသြားၿပီဆိုရင္ အတံုးေသးေသးေလးေတြ လွီးေပးလိုက္ပါ။

Fruit Cocktail (သစ္သီးေကာ့ေတးလ္) ဘူးတစ္ဘူးကိုေဖာက္ၿပီး သစ္သီးဖတ္ေလးေတြကိုပဲ ယူလိုက္ပါ။ သစ္သီးဖတ္ေလးေတြကိုလည္း သစ္သားဘုတ္ျပားေပၚတင္ၿပီး အတံုးေသးေလးေတြရေအာင္ လွီးျဖတ္ေပးလိုက္ပါ။

ပန္းကန္လံုးအႀကီး တစ္လံုးထဲမွာေတာ့ ႏြားႏို႔ရယ္၊ ခရင္မ္ရယ္၊ ႏို႔ဆီရယ္ေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ ၿပီးရင္ ႏို႔ပန္းကန္ထဲကို သာကူနဲ႔ သစ္သီးထည့္ၿပီး ေမႊေပးလိုက္ပါဦး။ ၿပီးမွ အေပၚကေန ေက်ာက္ေက်ာနဲ႔ ဂ်ယ္လီဖတ္ေလးေတြကို အုပ္ေပးလိုက္ပါ။ အုန္းသီး႐ွိရင္ အုန္းသီးဖတ္ႏုႏုေလးေတြကိုပါ ျဖဴးေပးလိုက္ပါဦး။ ဒါဆိုရင္ အရသာ႐ွိတဲ့ သီးစံုေက်ာက္ေက်ာ သာကူဖာလူဒါေအးေအးေလးကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

Source: Yummytummy


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs