• Food & Recipe
    ငါးဖယ်အစာသွပ်လုပ်နည်း
Thiha Htun
[Unicode Version]
ချဉ်ချဉ်စပ်စပ် ငါးဖယ်အစာသွပ်လေးတွေက ရုံးဆင်းချိန်မှာ ခံတွင်းလိုက်စေမဲ့ သွားရည်စာလေးတွေပါ။ ငါးဖယ်အစားသွပ်လေး စားလိုက်၊ ရေနွေးကြမ်းပူပူလေးကို ရှူးခနဲ မှုတ်သောက်လိုက် လုပ်လိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်မှာ အသေအချာပါပဲ။ ငါးဖယ်အစာသွပ်လေးတွေကို ကိုယ်တိုင်လုပ်ချင်တဲ့ မမတို့အတွက် ပြုလုပ်နည်းလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
FB_IMG_1519565390642.jpg 
ငါးဖယ် (၂၅) ကျပ်သား၊ ဂေါ်ဖီထုုပ် လက်တဆုုပ်စာ၊ နံနံပင် (cilantro) – ၇ ပင်၊ ပူစီနံ (၁၀) ရွက်၊ ငရုတ်သီးစိမ်း (၂) တောင့်၊ သံပုုရာသီး တစ်စိတ်၊ ဆား အနည်းငယ်၊ ကြော်ရန်ဆီတို့ကို လိုအပ်ပါတယ်။
ပြုလုုပ်နည်း
FB_IMG_1519565361247.jpg 
အရင်ဆုံး ငါးဖယ်ကိုု အလုံးရှည်ရှည်လေးတွေဖြစ်အောင် ပုံဖော်လိုက်ပါ။ ပြီးရင် ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး ဆီပူပေးလိုက်ပါ။ ပြီးရင် ငါးဖယ်လုံးလေးတွေကို ထည့်ကြော်လိုက်ပါ။ ရွှေဝါရောင် သမ်းလာပြီဆိုရင် အိုုးထဲကဆယ်ပြီး ဆီစစ်ပေးလိုက်ပါ။ ပြီးရင် အအေးခံထားပေးလိုက်ပါ။
ဂေါ်ဖီထုပ်၊ နံနံပင်၊ ပူစီနံ၊ ငရုုတ်သီးစိမ်းတိုု့ကိုု ပါးပါးလှီးလိုက်ပါ။ ပြီးရင် ဇလုုံတစ်လုံးထဲကိုု ပါဝင်ပစ္စည်းတွေရယ် သံပုုရာရည် နည်းနည်းရယ်၊ ဆားနည်းနည်းရယ်ထည့်ပြီး နယ်ပေးလိုက်ပါ။ ပြီးရင် ဇလုံကို ဘေးခန ဖယ်ထားပေးလိုက်ပါ။
FB_IMG_1519565383235.jpg 
အအေးခံထားတဲ့ ငါးဖယ်တုံးလေးတွေကိုု ဓါးထက်ထက်နဲ့ အလည်ကနေ အသာလေးခွဲပေးလိုက်ပါ။ ပြီးရင် အလည်က အဟလေးထဲကိုု ခုနက ဇလုံထဲက အစာပလာတွေကို အစာသွပ်ပါ။ ပြီးရင်တော့ လက်ဖက်ခြောက်မွှေးမွှေးလေး ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့အတူ အရသာရှိတဲ့ ငါးဖယ်အစာသွပ်လေးကို မြည်းစမ်းနိုင်ပါပြီနော်။
Source: 196flavor
[Zawgyi Version]
ပါဝင်ပစ္စည်းများ
ငါးဖယ် (၂၅) ကျပ်သား၊ ဂေါ်ဖီထုပ် လက်တဆုပ်စာ၊ နံနံပင် (cilantro) – ၇ ပင်၊ ပူစီနံ (၁၀) ရွက်၊ ငရုတ်သီးစိမ်း (၂) တောင့်၊ သံပုရာသီး တစ်စိတ်၊ ဆား အနည်းငယ်၊ ကြော်ရန်ဆီတို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
Source: 196flavor
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs