တချို့အစားအစာတွေကတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးရင် လူကို ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။

အလုပ်များတဲ့ ရုံးသမား အိမ်ရှင်မတွေအတွက်တော့ နေ့ဖို့ညစာကို တစ်ခါတည်း ချက်ပြုတ်ရတာ အဆန်းတော့မဟုတ်ပါဘူး။ ရုံးကနေ မောကြီးပန်းကြီးနဲ့ ပြန်လာရင် ဟင်းချက်ဖို့ အချိန်မရလို့ ရှိတဲ့ဟင်းတွေကိုပဲ ပြန်နွှေးစားကြရတာပါ။ အဲဒီမှာ မိုက်ခရိုဝေ့ဖ် မီးဖိုသုံးတဲ့ အိမ်ရှင်မတွေဆိုရင် ဟင်းပန်းကန်လေးတွေကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး ခလုတ်နှိပ်လိုက်ရုံပဲဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမဲ့ တချို့အစားအစာတွေကတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးရင် လူကို ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့...



၁။ အစိမ်းရောင်ဟင်းသီးဟင်းရွက်

20170210-vegan-creamed-spinach-15-1500x1125.jpg 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (အထူးသဖြင့် ဟင်းနုနွယ်ရွက်တို့၊ တရုပ်နံနံကြီးတို့) နဲ့ နိုက်ထရိတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ပြန်နွှေးပြီးမစားသုံးသင့်ပါဘူး။ အိမ်မှာ မိုက်ခရိုဝေ့ဖ် မီးဖိုရှိတယ်ဆိုရင် အေးစက်နေတဲ့ဟင်းတွေကို ပြန်နွှေးတာက ထုံးစံပါပဲ။ ဘယ်သူမဆို အလုပ်ကပင်ပန်းပြီး ပြန်လာချိန် ပူပူနွေးနွေးအစားအစာလေးတွေကို စားချင်မှာပါပဲ။

ဒါပေမဲ့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်ကြော်တွေကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်ပြီး ပြန်နွှေးတယ်ဆိုတာ ဓာတုဓာတ်ပြုမှုအရ ပြောင်းလဲမှုတွေကို ကြုံတွေ့ရမှာပါ။ အဲဒီအချိန်မှာ ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ နိုက်ထရိတ် (nitrate) တွေဟာလည်း နိုက်ထရိုက် (nitrite) ဖြစ်သွားပြီး လူကိုအန္တရာယ်ပေးနိုင်ပါတယ်။

၂။ ကြက်ဥ

fried-egg-avocado-toast-4.jpg 

ကြက်ဥတွေဟာလည်း ပရိုတိန်းဓာတ်ကြွယ်ဝပြီး အပူချိန်အမျိုးမျိုးနဲ့ချက်ပြုတ်ခြင်းဟာ သူတို့ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါကြောင့် ကြက်ဥ/ ဘဲဥတွေကို ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။ နောက်ပြီး ကြက်ဥတွေကို ပြန်နွှေးမယ်ဆိုရင် အစာလမ်းကြောင်းမှာလည်း ပိတ်ဆို့မှုတွေဖြစ်ပွားနိုင်ပါတယ်။

နောက်ပြီး ယေဘုယျအားဖြင့်ပြောရရင် ကြက်ဥတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး အပူပေးတာကိုက အန္တရာယ်များလှပါပြီ။ ကြက်ဥကို အခွံမခွာဘဲ မီးဖိုထဲမှာအပူပေးလိုက်တာက အတွင်းထဲမှာ ဖိအားတွေမြင့်တက်လာစေပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်။ ဘယ်သူမှတော့ ကြက်ဥကို အခွံမခွာဘဲ မီးဖိုထဲ ထည့်ပြုတ်ရလောက်အောင်တော့ နမော်နမဲ့မနိုင်လောက်ပါဘူး။ ဟုတ်တယ်ဟုတ်။

၃။ ဆီ

punjabi-crunchy-beef-samosa-5.jpg 

စမူဆာတို့၊ ပလာတာတို့ကြော်ရင် ကြော်တဲ့ဆီကို ဘယ်လိုသုံးတယ်ထင်ပါသလဲ။ ဆိုင်တွေမှာတော့ ကြော်ပြီးသားဆီတွေကိုပဲ ပြန်သုံးကြတာပါ။ ဒါတွေကို ပြန်ကြော်ဆီလို့ ခေါ်ပါတယ်။ ပြန်ကြော်ဆီနဲ့ကြော်တဲ့ ဆီကြော်မုန့်တွေကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောတာလည်း ကြားဖူးကြမှာပါ။ ပြန်ကြော်ဆီတွေကိုသုံးမယ်ဆိုရင် ဖက်တီးအက်ဆစ်တွေဖြစ်လာစေနိုင်တဲ့အတွက် ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

၄။ အာလူး

Leftover-Mashed-Potato-Ham-Cakes-2.jpg 

အာလူးကိုပြုတ်ပြီး (သို့) ချက်ပြုတ်ပြီး အခန်းအပူချိန်မှာပဲထားခဲ့မယ်ဆိုရင်တောင် အဆိပ်ရှိတဲ့ဘက်တီးရီးယားတွေ လျင်မြန်စွာဆပွားလာနိုင်ခြေများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်တီးရီးယားတွေဟာ အခန်းအပူချိန်မှာ ရှင်သန်နိုင်လို့ပါပဲ။ မိုက်ခရိုဝေ့မီးဖိုထဲမှာ ပြန်နွှေးလိုက်မယ်ဆိုရင် cold spot လို့ခေါ်တဲ့ အကျက်မညီတဲ့နေရာတွေကျန်ခဲ့နိုင်ပါမယ်။ အဲဒီနေရာတွေမှာ ဘက်တီးရီးယားတွေ ဆက်လက်နေထိုင်၊ ပွားများနိုင်ပါတယ်။ အဲဒီကနေ အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်တာပါ။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က