အိန္ဒိယ အစားအစာတွေက မြန်မာ့လျှာနဲ့ ရင်းနှီးပြီးသားပါ။

အိန္ဒိယ အစားအစာတွေက မြန်မာ့လျှာနဲ့ ရင်းနှီးပြီးသားပါ။ တစ်ခါတလေ ခံတွင်းပျက်နေရင် ချစ်တီးထမင်းဆိုင်သွားပြီး ပဲဟင်းလေး၊ ငရုပ်သီးထောင်းလေးနဲ့ အိန္ဒိယဟင်းလျာတွေကို နယ်ဖတ်စားသောက်ရတာ အရသာတစ်ခုပါ။ အိန္ဒိယအစားအစာတွေကို နှစ်သက်သူများအတွက် အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ချက်ပြုတ်စားသောက်ကြတဲ့ ကြက်ဥဟင်းချက်နည်းလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။



ပါဝင်ပစ္စည်းများ

south-indian-style-egg-curry-recipe.1024x1024.jpg 

ကြက်ဥ (၄) လုံး၊ စားအုန်းဆီ (၃) ဇွန်း၊ မုန်ညင်းနက်စေ့ အနည်းငယ်၊ Whole spices (ဟင်းခတ်အမွှေးအကြိုင် အစုံ)၊ ငရုပ်သီးစိမ်း (၂) တောင့်ရယ်၊ ကြက်သွန်ဖြူ (၂) တက်၊ ဂျင်းတက် လက်မဝက်ခန့်၊ ကြက်သွန်နီ (၂) လုံး၊ ခရမ်းချဉ်သီး (၂) လုံး၊ အရောင်တင်မှုန့် (၂) ဇွန်း၊ နံနံပင်မှုန့် (၁) ဇွန်း၊ နနွင်းမှုန့် (၁) ဇွန်း၊ ဆားအနည်းငယ်၊ မန်ကျည်းသီးအနှစ်ရည် (၁) ဇွန်း၊ အုန်းနို့ (၂) ခွက်၊ ဟင်းမွှေးရွက်အနည်းငယ်တို့ ဖြစ်ပါတယ်။

ပြုလုပ်နည်း

south-indian-style-egg-curry-recipe.1024x1024-2.jpg 

အရင်ဆုံး ကြက်ဥ အကြီး (၄) လုံးခန့်ကို ရေနွေးအိုးထဲမှာ ထည့်ပြုတ်ပေးလိုက်ပါ။ ကြက်ဥပြုတ်ကျက်လောက်ရင် အိုးထဲကဆယ်ပြီး ရေဇလုံတစ်လုံးထဲမှာ စိမ်ထားပေးလိုက်ပါ။ စားအုန်းဆီ (၃) ဇွန်း၊ မုန်ညင်းနက်စေ့ အနည်းငယ်၊ Whole spices (ဟင်းခတ်အမွှေးအကြိုင် အစုံ)၊ ငရုပ်သီးစိမ်း (၂) တောင့်ရယ်၊ ကြက်သွန်ဖြူကို ထောင်းထားတာရယ်၊ ဂျင်းတက်ကို ထောင်းထားတာရယ်ကို ဒယ်အိုးပြားထဲထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။ တစ်မိနစ်ခန့် မွှေပေးပြီးရင် ကြက်သွန်နီ (၂) လုံးခန့်ကို ဓားနဲ့ အစိတ်စိတ်လေးတွေဖြစ်အောင် လှီးထားတာကိုပါ ထည့်ပြီး မွှေပေးလိုက်ပါ။

 

ကြက်သွန်နီပါ ထည့်ပြီး မိနစ်ဝက်လောက် ကြာရင် ပါဝင်ပစ္စည်းလေးတွေ အရောင်ပြောင်းလာပါလိမ့်မယ်။ ဒါဆိုရင် ခရမ်းချဉ်သီး အရွယ်တော် (၂) လုံးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးစိတ်ထားတာကိုလည်း ဒယ်အိုးထဲကို ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင် အရောင်တင်မှုန့်ရယ်၊ နံနံပင်မှုန့်ရယ်၊ နနွင်းမှုန့်ရယ်၊ ဆားရယ်ကိုလည်း ဒယ်အိုးထဲထည့်ပေးလိုက်ပါ။ ခဏလောက် မွှေပေးပြီးရင် အဖုံးပြန်အုပ်ထားပေးလိုက်ပါ။

(၃) မိနစ်ခန့်ကြာရင် အဖုံးပြန်လှပ်ပြီး မန်ကျည်းသီးအနှစ်ရည် (၁) ဇွန်းရယ်၊ အုန်းနို့ (၁) ခွက်ရယ်ကို လောင်းထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် (၂) မိနစ်ခန့် အဖုံးလှပ်ထားပေးလိုက်ပါ။ ပြီးရင် ဟင်းမွှေးရွက်နည်းနည်းနဲ့ အုန်းနို့ (၁) ခွက်ထပ်ထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ ရေစိမ်ထားတဲ့ ကြက်ဥပြုတ်ကို အခွံခွာ၊ ထက်ခြမ်းခြမ်းပြီး ဟင်းအနှစ်ထဲကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ အိန္ဒိယတောင်ပိုင်း စတိုင်လ် ကြက်ဥဟင်းလေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က