• Food & Recipe
    ဗီယက်နမ် ကြက်ဥကော်ဖီ လုပ်သောက်ကြမယ်
Thiha Htun
[Unicode Version]

ဗီယက်နမ်နိုင်ငံဟာ လျှိုမြောင်တောင်တန်းတွေနဲ့ လှပတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို ဗီယက်နမ် အစားအစာတွေကလည်း နာမည်ကျော်ကြားပါတယ်။ ဗီယက်နမ် ဖိုခေါက်ဆွဲက စားစရာတွေထဲမှာ နာမည်ကြီးသလို ဗီယက်နမ် ကြက်ဥကော်ဖီကလည်း သောက်စရာတွေထဲမှာ နာမည်ကြီးပါပဲ။ အားလည်းရှိစေပြီး သောက်လို့လည်းကောင်းတဲ့ ကြက်ဥကော်ဖီကို ကိုယ်တိုင်လုပ်သောက်ချင်သူတွေအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screen-Shot-2017-06-26-at-11.50.20-AM-Social.jpg 

ကော်ဖီမှုန့် (၃) ဇွန်း (Illy တံဆိပ် ကော်ဖီမှုန့် သုံးရင်ပိုကောင်း) ၊ နို့ဆီ (၂) ဇွန်း၊ ကြက်ဥအနှစ် (၂) လုံး တို့ကိုလိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ဗီယက်နမ် ကော်ဖီပြုလုပ်ဖို့အတွက် အရင်ဆုံး ဗီယက်နမ်လို Phin လို့ခေါ်တဲ့ coffee maker ခွက်လေးတစ်လုံးကို လိုအပ်ပါတယ်။ တကယ်လို့ ဗီယက်နမ် coffee maker မရှိရင်လည်း Market Place မှာ ဝယ်လို့ရတဲ့ ရိုးရိုး coffee maker ကိုပဲ သုံးလို့ရပါတယ်။ Coffee maker ရဲ့ အပေါ်က filter ခွက်လေးကို အသာလေးလှပ်လိုက်ပြီး ကော်ဖီမှုန့်တွေကို သိပ်ထည့်ပေးလိုက်ပါ။ ပြီးရင် filter ခွက်လေးကို ပြန်တပ်လိုက်ပြီး အပေါ်ကနေ ရေနွေးနည်းနည်း လောင်းပေးလိုက်ပါ။ ရေနွေးပမာဏက filter ထဲကို ရေစိမ့်ဝင်သွားပြီး ကော်ဖီမှုန့်လေးတွေ နည်းနည်းစိုထိုင်း သွားရုံလောက်ပါပဲ။ ပြီးရင် အဖုံးပြန်အုပ်ပြီး (၂) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။

(၂) မိနစ်ပြည့်ရင် ရေနွေးကို ခွက်ရဲ့ (၂) ပုံ (၃) ပုံခန့်အထိ ပြည့်အောင် ဖြည့်ပေးလိုက်ပါ။ ပြီးရင် အဖုံးပြန်ပိတ်ပြီး ကော်ဖီရည်လေးတွေ filter မှတဆင့် ခွက်ထဲကို ဖြည်းဖြည်းချင်း ဆင်းသွားစေလိုက်ပါ။

Screen-Shot-2017-06-26-at-11.50.47-AM-Social-1135x500.jpg 

ကော်ဖီရည်ကို နှပ်ထားချိန်မှာ ခွက် (၂) ခွက်ယူပြီး ကြက်ဥ (၂) လုံးကို အနှစ်နဲ့အကာ ခွဲပေးလိုက်ပါ။ ပြီးရင် ကြက်ဥအနှစ် (၂) လုံးကို ခွက်တစ်လုံးထဲမှာ နို့ဆီ (၂) ဇွန်းနဲ့ရောပြီး ကြက်ဥခေါက်တံနဲ့ မွှေပေးလိုက်ပါ။ (၅) မိနစ်ခန့်မွှေပေးပြီး ကြက်ဥအနှစ်အရောင် (အဝါရောင်) မှ နို့နှစ်ရောင်သို့ ပြောင်းသွားသည်အထိ ခလောက်ပေးလိုက်ပါ။

Coffee Maker မှတဆင့် ခွက်ထဲမှာ ကော်ဖီပေါင်းခံရည်လေးတွေ ခွက်ရဲ့ (၃) ပုံ (၁) ပုံခန့် စုဆောင်းမိသွားပြီဆိုရင် ကော်ဖီခွက်ထဲကို ကြက်ဥအမြှုပ်လေး လောင်းထည့်ပေးလိုက်ပါ။ ကြက်ဥအမြှုပ် ထည့်ရာမှာ ဝေါခနဲ လောင်းထည့်တာမျိုး မလုပ်ဘဲ ဇွန်းလေးတစ်ချောင်းနဲ့ ခံပြီးမှ ဖြည်းဖြည်းချင်း စီးကျတဲ့ပုံမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အရသာပိုကောင်းစေချင်ရင်တော့ နို့စိမ်းလေး တစ်ပေါက်၊ နှစ်ပေါက်ပါ ဘေးကနေ ဆမ်းပေးလိုက်ပေါ့။ ပြီးရင်တော့ ဇွန်းတစ်ချောင်းနဲ့မွှေပြီး အရသာလည်းရှိ၊ အားလည်းရှိစေမဲ့ ဗီယက်နမ် ကြက်ဥကော်ဖီလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။

Source: Steve's Kitchen

[Zawgyi Version]

ဗီယက္နမ္ႏိုင္ငံဟာ လွ်ိဳေျမာင္ေတာင္တန္းေတြနဲ႔ လွပတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သလို ဗီယက္နမ္ အစားအစာေတြကလည္း နာမည္ေက်ာ္ၾကားပါတယ္။ ဗီယက္နမ္ ဖိုေခါက္ဆြဲက စားစရာေတြထဲမွာ နာမည္ႀကီးသလို ဗီယက္နမ္ ၾကက္ဥေကာ္ဖီကလည္း ေသာက္စရာေတြထဲမွာ နာမည္ႀကီးပါပဲ။ အားလည္း႐ွိေစၿပီး ေသာက္လို႔လည္းေကာင္းတဲ့ ၾကက္ဥေကာ္ဖီကို ကိုယ္တိုင္လုပ္ေသာက္ခ်င္သူေတြအတြက္ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

Screen-Shot-2017-06-26-at-11.50.20-AM-Social.jpg 

ေကာ္ဖီမႈန္႔ (၃) ဇြန္း (Illy တံဆိပ္ ေကာ္ဖီမႈန္႔ သံုးရင္ပိုေကာင္း) ၊ ႏို႔ဆီ (၂) ဇြန္း၊ ၾကက္ဥအႏွစ္ (၂) လံုး တို႔ကိုလိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

ဗီယက္နမ္ ေကာ္ဖီျပဳလုပ္ဖို႔အတြက္ အရင္ဆံုး ဗီယက္နမ္လို Phin လို႔ေခၚတဲ့ coffee maker ခြက္ေလးတစ္လံုးကို လိုအပ္ပါတယ္။ တကယ္လို႔ ဗီယက္နမ္ coffee maker မ႐ွိရင္လည္း Market Place မွာ ဝယ္လို႔ရတဲ့ ႐ိုး႐ိုး coffee maker ကိုပဲ သံုးလို႔ရပါတယ္။ Coffee maker ရဲ႕ အေပၚက filter ခြက္ေလးကို အသာေလးလွပ္လိုက္ၿပီး ေကာ္ဖီမႈန္႔ေတြကို သိပ္ထည့္ေပးလိုက္ပါ။ ၿပီးရင္ filter ခြက္ေလးကို ျပန္တပ္လိုက္ၿပီး အေပၚကေန ေရေႏြးနည္းနည္း ေလာင္းေပးလိုက္ပါ။ ေရေႏြးပမာဏက filter ထဲကို ေရစိမ့္ဝင္သြားၿပီး ေကာ္ဖီမႈန္႔ေလးေတြ နည္းနည္းစိုထိုင္း သြား႐ံုေလာက္ပါပဲ။ ၿပီးရင္ အဖံုးျပန္အုပ္ၿပီး (၂) မိနစ္ခန္႔ ႏွပ္ထားေပးလိုက္ပါ။

(၂) မိနစ္ျပည့္ရင္ ေရေႏြးကို ခြက္ရဲ႕ (၂) ပံု (၃) ပံုခန္႔အထိ ျပည့္ေအာင္ ျဖည့္ေပးလိုက္ပါ။ ၿပီးရင္ အဖံုးျပန္ပိတ္ၿပီး ေကာ္ဖီရည္ေလးေတြ filter မွတဆင့္ ခြက္ထဲကို ျဖည္းျဖည္းခ်င္း ဆင္းသြားေစလိုက္ပါ။

ေကာ္ဖီရည္ကို ႏွပ္ထားခ်ိန္မွာ ခြက္ (၂) ခြက္ယူၿပီး ၾကက္ဥ (၂) လံုးကို အႏွစ္နဲ႔အကာ ခြဲေပးလိုက္ပါ။ ၿပီးရင္ ၾကက္ဥအႏွစ္ (၂) လံုးကို ခြက္တစ္လံုးထဲမွာ ႏို႔ဆီ (၂) ဇြန္းနဲ႔ေရာၿပီး ၾကက္ဥေခါက္တံနဲ႔ ေမႊေပးလိုက္ပါ။ (၅) မိနစ္ခန္႔ေမႊေပးၿပီး ၾကက္ဥအႏွစ္အေရာင္ (အဝါေရာင္) မွ ႏို႔ႏွစ္ေရာင္သို႔ ေျပာင္းသြားသည္အထိ ခေလာက္ေပးလိုက္ပါ။

Coffee Maker မွတဆင့္ ခြက္ထဲမွာ ေကာ္ဖီေပါင္းခံရည္ေလးေတြ ခြက္ရဲ႕ (၃) ပံု (၁) ပံုခန္႔ စုေဆာင္းမိသြားၿပီဆိုရင္ ေကာ္ဖီခြက္ထဲကို ၾကက္ဥအျမွဳပ္ေလး ေလာင္းထည့္ေပးလိုက္ပါ။ ၾကက္ဥအျမွဳပ္ ထည့္ရာမွာ ေဝါခနဲ ေလာင္းထည့္တာမ်ိဳး မလုပ္ဘဲ ဇြန္းေလးတစ္ေခ်ာင္းနဲ႔ ခံၿပီးမွ ျဖည္းျဖည္းခ်င္း စီးက်တဲ့ပံုမ်ိဳး လုပ္ေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ အရသာပိုေကာင္းေစခ်င္ရင္ေတာ့ ႏို႔စိမ္းေလး တစ္ေပါက္၊ ႏွစ္ေပါက္ပါ ေဘးကေန ဆမ္းေပးလိုက္ေပါ့။ ၿပီးရင္ေတာ့ ဇြန္းတစ္ေခ်ာင္းနဲ႔ေမႊၿပီး အရသာလည္း႐ွိ၊ အားလည္း႐ွိေစမဲ့ ဗီယက္နမ္ ၾကက္ဥေကာ္ဖီေလးကို အသင့္သံုးေဆာင္ႏိုင္ပါၿပီ။

Source: Steve's Kitchen


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs