• Food & Recipe
    ဝက်ခေါက်သား ခဲပတ်ကင် ကြွပ်ကြွပ်လေး
Thiha Htun
[Unicode Version]

တစ်ခါတလေ အဆီများတဲ့ အစားအစာတွေကို လျှာအလိုလိုက်ပြီး စားပေးခြင်းက စိတ်ကိုကျေနပ်မှု ရရှိစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါဆိုရင် ဝက်ခေါက်သားကို ကြွပ်ရွနေအောင် ကင်ထားတဲ့ ဝက်ခေါက်သား ခဲပတ်ကင်လေးကိုလည်း စိတ်ဝင်စားကြမှာပေါ့။ စိတ်ဝင်စားရင် ပြုလုပ်နည်းကို အောက်မှာဆက်ဖတ်ပေးနော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-27 Crispy Pork Belly.png 

ဝက်ဝမ်းပျဉ်းသား (၅၀၀) ဂရမ်၊ ဆားအနည်းငယ်၊ ဟင်းချက်ဝိုင် (၂) ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (လိုအပ်သလောက်)၊ ပဲငံပြာရည်အကြည် (၁) ဇွန်း၊ မုန့်ဖုတ်ပေါင်ဒါ ဇွန်းဝက်၊ ကြက်သွန်မြိတ် (၁) ပင်၊ ဂျင်း (၃) ဖတ်၊ ဆား (၁) ဇွန်း၊ သကြား (၁) ဇွန်း၊ Chinese Five Spice Powder (၁) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-27 Crispy Pork Belly(1).png 

အရင်ဆုံး ဝက်ဝမ်းပျဉ်သားကို ရေသေချာဆေးကြောပြီး အိုးအကြီး တစ်လုံးထဲမှာ ရေ၊ ဂျင်းတက်၊ ကြက်သွန်မြိတ်၊ ဆန်ဝိုင်တို့နဲ့အတူ ရောထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို ဆူပွက်အောင် ချက်ပြုတ်ပေးလိုက်ပြီး နောက်ထပ် (၁၅) မိနစ်ခန့် မီးဖိုပေါ်မှာ အပူပေးထားလိုက်ပါဦး။ ပြီးရင် အိုးထဲကထုတ်ပြီး ရေစစ်ထားလိုက်ပါ။

Screenshot-2018-2-27 Crispy Pork Belly(2).png 

ပြီးရင် သွားကြားထိုးတံလေးတွေကို ဝက်အခေါက်ပေါ်မှာ လိုက်စိုက်ပြီး အပေါက်လေးတွေဖြစ်အောင် ဖန်တီးပေးလိက်ပါ။ အပေါက်ရေ များလေလေ ပိုကောင်းလေလေပါပဲ။ ပြီးရင် ဝက်သားတုံး မျက်နှာပြင်ကို ဆားနဲ့လိုက်ပွတ်ပေးလိုက်ပါ။ ခဏကြာရင် မုန့်ဖုတ်ပေါင်ဒါမှုန့်နဲ့ပါ ပွတ်ပေးလိုက်ပါ။

ဝက်ခေါက်သားကို ဆားနဲ့ မုန့်ဖုတ်ပေါင်ဒါ ပွတ်ပေးပြီးရင် ပြောင်းပြန်လှန်ပေးလိုက်ပြီး ပဲငံပြာရည်အကြည်နဲ့ အရင်ကပွတ်ပေးလိုက်ပါ။ ပြီးရင် ဆားရယ်၊ သကြားရယ်၊ Chinese Five Spice Powder ရယ်ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ အေးတဲ့နေရာ တစ်နေရာမှာ (၂) နာရီခန့် ထားပေးလိုက်ပါ။

Screenshot-2018-2-27 Crispy Pork Belly(3).png 

ဝက်သားကို ခဲပတ်စက္ကူနဲ့ ပတ်ပေးလိုက်ပြီး အခေါက်သားဘက်ကိုပဲ လှပ်ထားပေးလိုက်ပါ။ ဒါမှသာ အသားမီးကျွမ်း မသွားမှာပါ။ မုန့်ဖုတ်မီးဖို (oven) ကို (၂၅၀) ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်ခန့် အပူပေးလိုက်ပြီး ဝက် (၃) ထပ်သား ခဲပတ်ကို မိနစ် (၃၀) (၄၀) ခန့် ထည့်ကင်ပေးလိုက်ပါ။ ပြီးရင် ကြွပ်ရွတဲ့ ဝက်ခေါက်သားကင်လေးကို ရရှိပါပြီ။ ပဲငပိအနှစ် (သို့) နှစ်သက်ရာ ငရုပ်ချဉ်နဲ့ တွဲဖက်ပြီး စားသုံးပေးနိုင်ပါပြီနော်။

Source: sidechef

[Zawgyi Version]

တစ္ခါတေလ အဆီမ်ားတဲ့ အစားအစာေတြကို လွ်ာအလိုလိုက္ၿပီး စားေပးျခင္းက စိတ္ကိုေက်နပ္မႈ ရ႐ွိေစတဲ့အျပင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အဆီဓာတ္ကိုလည္း ျပည့္ဝေစႏိုင္ပါတယ္။ ဒါဆိုရင္ ဝက္ေခါက္သားကို ၾကြပ္႐ြေနေအာင္ ကင္ထားတဲ့ ဝက္ေခါက္သား ခဲပတ္ကင္ေလးကိုလည္း စိတ္ဝင္စားၾကမွာေပါ့။ စိတ္ဝင္စားရင္ ျပဳလုပ္နည္းကို ေအာက္မွာဆက္ဖတ္ေပးေနာ္။

ပါဝင္ပစၥည္းမ်ား

Screenshot-2018-2-27 Crispy Pork Belly.png 

ဝက္ဝမ္းပ်ဥ္းသား (၅၀၀) ဂရမ္၊ ဆားအနည္းငယ္၊ ဟင္းခ်က္ဝိုင္ (၂) ဇြန္း၊ ဟင္းသီးဟင္း႐ြက္ဆီ (လိုအပ္သေလာက္)၊ ပဲငံျပာရည္အၾကည္ (၁) ဇြန္း၊ မုန္႔ဖုတ္ေပါင္ဒါ ဇြန္းဝက္၊ ၾကက္သြန္ၿမိတ္ (၁) ပင္၊ ဂ်င္း (၃) ဖတ္၊ ဆား (၁) ဇြန္း၊ သၾကား (၁) ဇြန္း၊ Chinese Five Spice Powder (၁) ဇြန္း တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Screenshot-2018-2-27 Crispy Pork Belly(1).png 

အရင္ဆံုး ဝက္ဝမ္းပ်ဥ္သားကို ေရေသခ်ာေဆးေၾကာၿပီး အိုးအႀကီး တစ္လံုးထဲမွာ ေရ၊ ဂ်င္းတက္၊ ၾကက္သြန္ၿမိတ္၊ ဆန္ဝိုင္တို႔နဲ႔အတူ ေရာထည့္လိုက္ပါ။ ပါဝင္ပစၥည္းအားလံုးကို ဆူပြက္ေအာင္ ခ်က္ျပဳတ္ေပးလိုက္ၿပီး ေနာက္ထပ္ (၁၅) မိနစ္ခန္႔ မီးဖိုေပၚမွာ အပူေပးထားလိုက္ပါဦး။ ၿပီးရင္ အိုးထဲကထုတ္ၿပီး ေရစစ္ထားလိုက္ပါ။

ၿပီးရင္ သြားၾကားထိုးတံေလးေတြကို ဝက္အေခါက္ေပၚမွာ လိုက္စိုက္ၿပီး အေပါက္ေလးေတြျဖစ္ေအာင္ ဖန္တီးေပးလိက္ပါ။ အေပါက္ေရ မ်ားေလေလ ပိုေကာင္းေလေလပါပဲ။ ၿပီးရင္ ဝက္သားတံုး မ်က္ႏွာျပင္ကို ဆားနဲ႔လိုက္ပြတ္ေပးလိုက္ပါ။ ခဏၾကာရင္ မုန္႔ဖုတ္ေပါင္ဒါမႈန္႔နဲ႔ပါ ပြတ္ေပးလိုက္ပါ။

ဝက္ေခါက္သားကို ဆားနဲ႔ မုန္႔ဖုတ္ေပါင္ဒါ ပြတ္ေပးၿပီးရင္ ေျပာင္းျပန္လွန္ေပးလိုက္ၿပီး ပဲငံျပာရည္အၾကည္နဲ႔ အရင္ကပြတ္ေပးလိုက္ပါ။ ၿပီးရင္ ဆားရယ္၊ သၾကားရယ္၊ Chinese Five Spice Powder ရယ္ကို ျဖဴးေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေအးတဲ့ေနရာ တစ္ေနရာမွာ (၂) နာရီခန္႔ ထားေပးလိုက္ပါ။

ဝက္သားကို ခဲပတ္စကၠဴနဲ႔ ပတ္ေပးလုိက္ၿပီး အေခါက္သားဘက္ကိုပဲ လွပ္ထားေပးလိုက္ပါ။ ဒါမွသာ အသားမီးကြ်မ္း မသြားမွာပါ။ မုန္႔ဖုတ္မီးဖို (oven) ကို (၂၅၀) ဒီဂရီ ဆဲလ္စီးယပ္စ္ အပူခ်ိန္ခန္႔ အပူေပးလိုက္ၿပီး ဝက္ (၃) ထပ္သား ခဲပတ္ကို မိနစ္ (၃၀) (၄၀) ခန္႔ ထည့္ကင္ေပးလိုက္ပါ။ ၿပီးရင္ ၾကြပ္႐ြတဲ့ ဝက္ေခါက္သားကင္ေလးကို ရ႐ွိပါၿပီ။ ပဲငပိအႏွစ္ (သို႔) ႏွစ္သက္ရာ င႐ုပ္ခ်ဥ္နဲ႔ တြဲဖက္ၿပီး စားသံုးေပးႏိုင္ပါၿပီေနာ္။

Source: sidechef


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs