• Food & Recipe
    ရုံးပိတ်ရက်မှာ ငါးသံပုရာပေါင်း လုပ်စားကြမယ်
Thiha Htun
[Unicode Version]

ကဲ... ရုံးပိတ်ရက်လေးမှာ ဘယ်ကိုမှလည်း ခရီးမသွားချင်၊ အိမ်မှာပဲ မိသားစုနဲ့ အေးအေးလူလူ အပန်းပြေသူများအတွက် ထမင်းနဲ့ပဲစားစား၊ ဘီယာနဲ့ပဲ မြည်းမြည်း အဆင်ပြေစေမဲ့ ဟင်းလျာလေးတစ်မည်နဲ့ မိတ်ဆက်ပေးပါရစေနော်။ အဲဒါကတော့ အားလုံးနှစ်ခြိုက်ကြတဲ့ ငါးသံပုရာပေါင်းပါပဲ။ ပြုလုပ်နည်းက လွယ်ကူတဲ့အတွက် လိုက်လုပ်ရ အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်းများ

maxresdefault.jpg 

ငါးသံပုရာပေါင်း ပြုလုပ်ဖို့အတွက် တီလားဗီးယားငါး (သို့) ကက်ကတစ်ငါး တစ်ကောင်၊ ဆားအနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ငါးငံပြာရည် (၁) ဇွန်း၊ ဂျင်း တစ်တက်၊ ကြက်သွန်ဖြူ (၃) တောင့်၊ နံနံပင် (၁) စည်း၊ ငရုတ်သီးစိမ်း (၇) တောင့်ခန့်၊ ကော်မှုန့် (၁) ဇွန်း၊ သကြား (၂) ဇွန်း၊ သံပုရာသီး (၃) လုံး တို့ကို လိုအပ်ပါတယ်။ 

ပြုလုပ်နည်း

SSWF-FishGarlicLimeChilies.jpg 

အရင်ဆုံး တီလားဗီးယားငါး ဒါမှမဟုတ် ကတ်ကတစ် ငါး ကို ရေနဲ့သန့်စင်အောင် ဆေးကြောပေးလိုက်ပါ။ ပြီးရင် အကြေးခွံတွေကိုလည်း ဓားနဲ့ခြစ်ခွာပေးလိုက်ပါ။ ရေဆေးသန့်စက်ပြီးတဲ့ ငါးကို ဆား၊ အရသာမှုန့်၊ ငါးငံပြာရည် တို့နဲ့ သမအောင် ရောနယ်ပေးလိုက်ပါ။

ရောနယ်ပြီးသားငါးကို ဂျင်း၊ ကြက်သွန်ဖြူ ထည့်ထားတဲ့ အိုးထဲမှာ ရေနဲ့ နူးအောင်ပြုတ်ထားပေးလိုက်ပါ။

Thai-Steamed-Fish-with-Lime-and-Garlic.jpg 

ငါးပြုတ်ထားချိန်မှာ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ကို ကြိတ်စက်ထဲထည့်ပြီး ရောကြိတ်ပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ ပါဝင်ပစ္စည်းတွေကို ပန်းကန်အလွတ်တစ်ချပ်ထဲ ထည့်ထားပေးလိုက်ပါ။

ကော်မှုန့် (၁)ဇွန်းကို ရေဆတူရောပြီး ဖျော်ပေးလိုက်ပါ။ ရလာတဲ့ ကော်ရည်ပျစ်ပျစ်ထဲကို သကြား (၂) ဇွန်းရယ်၊ သံပုရာသီး (၂) လုံးကို အရည်ညှစ်ထားတဲ့ သံပုရာရည်ကို ရောထည့်ပေးပြီး သမအောင် မွှေပေးလိုက်ပါ။ ပြီးမှ ခုနက ရောကြိတ်ထားတဲ့ အဆာပလာတွေကို ကော်ရည်ထဲကို ထည့်မွှေပေးလိုက်ပါ။

thai-steamed-fish-recipe-18-600x400.jpg 

ငါးနူးရင်တော့ ငါးကို ဒယ်အိုးထဲကဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင် ကော်ရည်နဲ့ အဆာပလာအရောကို ငါးအပေါ်ကနေ ဖြူးပေးလိုက်ပါ။ ပြီးရင် သံပုရာသီး အကွင်းလေးတွေလှီးပြီး အလှဆင်ပေးနိုင်ပါသေးတယ်။ ဒါဆိုရင် ပူပူစပ်စပ် ငါးသံပုရာပေါင်းလေးကို တရှူးရှူးတရှဲရှဲ အဝဆွဲနိုင်ပါပြီနော်။

[Zawgyi Version]

ကဲ... ႐ံုးပိတ္ရက္ေလးမွာ ဘယ္ကိုမွလည္း ခရီးမသြားခ်င္၊ အိမ္မွာပဲ မိသားစုနဲ႔ ေအးေအးလူလူ အပန္းေျပသူမ်ားအတြက္ ထမင္းနဲ႔ပဲစားစား၊ ဘီယာနဲ႔ပဲ ျမည္းျမည္း အဆင္ေျပေစမဲ့ ဟင္းလ်ာေလးတစ္မည္နဲ႔ မိတ္ဆက္ေပးပါရေစေနာ္။ အဲဒါကေတာ့ အားလံုးႏွစ္ၿခိဳက္ၾကတဲ့ ငါးသံပုရာေပါင္းပါပဲ။ ျပဳလုပ္နည္းက လြယ္ကူတဲ့အတြက္ လုိက္လုပ္ရ အဆင္ေျပမွာပါ။

ပါဝင္ပစၥည္းမ်ား

maxresdefault.jpg 

ငါးသံပုရာေပါင္း ျပဳလုပ္ဖို႔အတြက္ တီလားဗီးယားငါး (သို႔) ကက္ကတစ္ငါး တစ္ေကာင္၊ ဆားအနည္းငယ္၊ အရသာမႈန္႔ အနည္းငယ္၊ ငါးငံျပာရည္ (၁) ဇြန္း၊ ဂ်င္း တစ္တက္၊ ၾကက္သြန္ျဖဴ (၃) ေတာင့္၊ နံနံပင္ (၁) စည္း၊ င႐ုတ္သီးစိမ္း (၇) ေတာင့္ခန္႔၊ ေကာ္မႈန္႔ (၁) ဇြန္း၊ သၾကား (၂) ဇြန္း၊ သံပုရာသီး (၃) လံုး တို႔ကို လိုအပ္ပါတယ္။ 

ျပဳလုပ္နည္း

SSWF-FishGarlicLimeChilies.jpg 

အရင္ဆံုး တီလားဗီးယားငါး ဒါမွမဟုတ္​ ကတ္​ကတစ္​ ငါး ကို ​ေရနဲ႔သန္​႔စင္​​ေအာင္​ ​ေဆး​ေၾကာေပးလိုက္ပါ။ ၿပီးရင္ အေၾကးခြံေတြကိုလည္း ဓားနဲ႔ျခစ္ခြာေပးလိုက္ပါ။ ေရေဆးသန္႔စက္ၿပီးတဲ့ ငါးကို ဆား၊ အရသာမႈန္႔၊ ငါးငံျပာရည္​ တို႔န႔ဲ သမ​ေအာင္​ ​ေရာနယ္​ေပးလိုက္ပါ။

ေရာနယ္​ၿပီးသားငါးကို ဂ်င္​း၊ ၾကက္​သြန္​ျဖဴ ထည္​့ထား​တဲ့ အိုးထဲမွာ ​ေရန႔ဲ ႏူး​ေအာင္​ျပဳတ္​ထားေပးလိုက္ပါ။

ငါးျပဳတ္ထားခ်ိန္မွာ ဂ်င္​း၊ ၾကက္​သြန္​ျဖဴ၊ နံနံပင္​၊ င႐ုတ္​သီးစိမ္​း တို႔ကို ႀကိတ္​စက္ထဲထည့္ၿပီး ေရာႀကိတ္​​ေပးလိုက္ပါ။ ၿပီးရင္ ရလာတဲ့ ပါဝင္ပစၥည္းေတြကို ပန္းကန္အလြတ္တစ္ခ်ပ္ထဲ ထည့္ထားေပးလိုက္ပါ။

ေကာ္​မႈန္​႔ (၁)ဇြန္းကို ေရဆတူေရာၿပီး ​ေဖ်ာ္ေပးလိုက္​ပါ။ ရလာတ့ဲ ​ေကာ္​ရည္​ပ်စ္​ပ်စ္​ထဲကို သၾကား (၂) ဇြန္းရယ္၊ သံပုရာသီး (၂) လံုး​ကို အရည္​ညႇစ္​ထားတဲ့ သံပုရာရည္ကို ေရာထည့္ေပးၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ၿပီးမွ ခုနက ​ေရာႀကိတ္​ထားတဲ့ အဆာပလာ​ေတြကို ေကာ္ရည္ထဲကို ထည့္​​ေမႊေပးလိုက္ပါ။

ငါးႏူးရင္​ေတာ့ ငါးကို ဒယ္​အိုးထဲကဆယ္​ၿပီး ပန္းကန္ျပားတစ္ခ်ပ္ထဲ ေျပာင္းထည့္ေပးလိုက္ပါ။ ၿပီးရင္ ေကာ္ရည္နဲ႔ အဆာပလာအေရာကို ငါး​အေပၚကေန ျဖဴးေပးလိုက္ပါ။ ၿပီးရင္ သံပုရာသီး အကြင္​း​ေလး​ေတြလွီးၿပီး အလွဆင္​ေပးႏိုင္ပါေသးတယ္။ ဒါဆိုရင္ ပူပူစပ္စပ္ ငါးသံပုရာေပါင္းေလးကို တ႐ွဴး႐ွဴးတ႐ွဲ႐ွဲ အဝဆြဲႏိုင္​ပါၿပီေနာ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us