• Food & Recipe
    ကြာဇံချက် လုပ်စားကြမယ်
Thiha Htun
[Unicode Version]

မြန်မာ့ရိုးရာ အစားအစာတွေထဲမှာ ရာသီမရွေး လိုက်ဖက်ညီတာကတော့ ရှောက်သီးသုပ်နဲ့ ကြာဇံချက်ပါပဲ။ ရှောက်သီးသုပ်လေး တစ်ဇွန်းစားလိုက်၊ ငရုပ်သီးမှုန့် နိုင်းချင်းဖြူးထားတဲ့ ကြာဇဲံချက်လေး တစ်ဇွန်းခပ်သောက်လိုက် လုပ်ရတာ ဘယ်လောက် အရသာရှိမှန်း အားလုံးသိကြပြီး ဖြစ်မှာပါ။ ဒီတော့ ပိတ်ရက်မှာ လုပ်စားနိုင်စေဖို့ ကြာဆံချက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

17523314_10155181012672579_225418750328710108_n.jpg 

ကြာဇံချက်ချက်ဖို့အတွက် ကြက်သား (၅၀) ကျပ်သား၊ ပဲကြာဇံ (၁၅) ကျပ်သား၊ မှိုခြောက် ပန်းခြောက် (၅) ကျပ်သား၊ အသားတု (၅) ကျပ်သား၊ ငုံးဥ အလုံး (၂၀)၊ ကြက်ဥ (၅) လုံး၊ ကြက်သွန်နီဥ (၁၀) လုံး၊ နံနံပင်အနည်းငယ်၊ ရှောက်သီး (၁) ခြမ်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

72128_1538188187910_1631066947_1329981_6840530_n.jpg

ကြက်သားမကိုင်ခင် ပဲကြာဇံနဲ့ မှိုခြောက် ပန်းခြောက်၊ အသားတုတို့်ကို ဇလုံတစ်လုံးစီမှာ သပ်သပ်စီထည့်ပြီး ရေစိမ်ထားပေးလိုက်ပါ။ ငုံးဥနဲ့ ကြက်ဥကိုလည်း ရေနွေးအိုးထဲ ထည့်ပြုတ်ထားပေးလိုက်ပါ။ ပြီးရင် ကြက်သား (၅၀) ကျပ်သားကို ရေပြောင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေ တုံးပေးရပါမယ်။ ကြက်သားကို အတုံးတုံးပြီးရင်တော့ ဘေးခဏဖယ်ထားလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ငရုတ်သီးမှုန့် (အရောင်တင်မှုန့်) နဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် ဆီသတ်ပြီးရင်တော့ ကြက်သားအိုးကို မီးပိတ်ပြီး မီးဖိုပေါ်က ချနိုင်ပါပြီ။

ဇောက်နက်တဲ့ အိုးတစ်လုံးထဲမှာ ရေ (၃) ပုံ (၂) ပုံခန့်ထည့်ပြီး ရေနွေးအိုးတည်ပေးလိုက်ပါ။ ပြီးရင် ခုနက ကြက်သားဆီသတ်ထားတာကို ရေနွေးအိုးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ခဏလောက် မွှေပေးလိုက်ပါ။ ကြက်သွန်နီဥ ၇လုံးလောက် အိုးထဲ  အခွံနွှာပြီး ထည့်ပေးပါ။

28536872_10211572877061019_753836891_n.jpg 

ကြက်သားအိုး ပွက်ပွက်ဆူလာပြီဆိုရင် ရေစိမ်ထားတဲ့ ပဲကြာဇံဖတ်တွေနဲ့ မှိုခြောက် ပန်းခြောက် အသားတုတွေကိုရေထဲကဆယ်ပြီး အိုးထဲထည့်ပေးလိုက်ပါ။ ပြုတ်ထားတဲ့ ငုံးဥတွေကို အခွံခွာပြီး ကြာဇံချက်အိုးထဲ ထည့်ပေးလိုက်ပါ။ ကြက်ဥကိုတော့ အခွံခွာ၊ လေးခြမ်းခြမ်းပြီး ကြာဇံချက်အိုးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ငရုတ်ကောင်းမှုန့်လေး နည်းနည်း ဖြူးပေးလိုက်ပါဦး။

ပြီးရင်တော့ မီးပျော့ပျော့နဲ့ ခဏလောက် တည်ထားပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲ ခပ်ထည့်လိုက်ပြီး အပေါ်ကနေ ကြက်သွန်နီနဲ့ နံနံပင်ကို ပါးပါးလှီးပြီး ဖြူးပေးလိုက်ပါ။ ရှောက်သီးစိတ်လေးတွေကိုတော့ ကြိုက်တတ်ရင် ညှစ်စားလို့ရအောင် ဘေးမှာ ရံပေးထားလိုက်ပေါ့။ ဒါဆိုရင် အရသာရှိတဲ့ ကြာဇံချက်လေးကို ရုံးပိတ်ရက်မှာ လုပ်စားလို့ရပါပြီနော်။

[Zawgyi Version]

ျမန္မာ့႐ိုးရာ အစားအစာေတြထဲမွာ ရာသီမေ႐ြး လိုက္ဖက္ညီတာကေတာ့ ေ႐ွာက္သီးသုပ္နဲ႔ ၾကာဇံခ်က္ပါပဲ။ ေ႐ွာက္သီးသုပ္ေလး တစ္ဇြန္းစားလိုက္၊ င႐ုပ္သီးမႈန္႔ ႏိုင္းခ်င္းျဖဴးထားတဲ့ ၾကာဇဲံခ်က္ေလး တစ္ဇြန္းခပ္ေသာက္လိုက္ လုပ္ရတာ ဘယ္ေလာက္ အရသာ႐ွိမွန္း အားလံုးသိၾကၿပီး ျဖစ္မွာပါ။ ဒီေတာ့ ပိတ္ရက္မွာ လုပ္စားႏိုင္ေစဖို႔ ၾကာဆံခ်က္ ခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ၾကာဇံခ်က္ခ်က္ဖို႔အတြက္ ၾကက္သား (၅၀) က်ပ္သား၊ ပဲၾကာဇံ (၁၅) က်ပ္သား၊ မႈိေျခာက္ ပန္းေျခာက္ (၅) က်ပ္သား၊ အသားတု (၅) က်ပ္သား၊ ငံုးဥ အလံုး (၂၀)၊ ၾကက္ဥ (၅) လံုး၊ ၾကက္သြန္နီဥ (၁၀) လံုး၊ နံနံပင္အနည္းငယ္၊ ေ႐ွာက္သီး (၁) ျခမ္းတို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

ၾကက္သားမကိုင္ခင္ ပဲၾကာဇံနဲ႔ မႈိေျခာက္ ပန္းေျခာက္၊ အသားတုတို္​႔ကို ဇလံုတစ္လံုးစီမွာ သပ္သပ္စီထည့္ၿပီး ေရစိမ္ထားေပးလိုက္ပါ။ ငံုးဥနဲ႔ ၾကက္ဥကိုလည္း ေရေႏြးအိုးထဲ ထည့္ျပဳတ္ထားေပးလိုက္ပါ။ ၿပီးရင္ ၾကက္သား (၅၀) က်ပ္သားကို ေရေျပာင္ေအာင္ေဆးၿပီး အတံုးေသးေသးေလးေတြ တံုးေပးရပါမယ္။ ၾကက္သားကို အတံုးတံုးၿပီးရင္ေတာ့ ေဘးခဏဖယ္ထားလိုက္ပါ။

ဒယ္အိုးတစ္လံုးထဲမွာ ဆီထည့္ၿပီး အပူေပးလိုက္ပါ။ ၿပီးရင္ င႐ုတ္သီးမႈန္႔ (အေရာင္တင္မႈန္႔) နဲ႔ ၾကက္သားကိုထည့္ၿပီး ဆီသတ္ေပးလိုက္ပါ။ မိနစ္အနည္းငယ္ၾကာေအာင္ ဆီသတ္ၿပီးရင္ေတာ့ ၾကက္သားအိုးကို မီးပိတ္ၿပီး မီးဖိုေပၚက ခ်ႏိုင္ပါၿပီ။

ေဇာက္နက္တဲ့ အိုးတစ္လံုးထဲမွာ ေရ (၃) ပံု (၂) ပံုခန္႔ထည့္ၿပီး ေရေႏြးအိုးတည္ေပးလိုက္ပါ။ ၿပီးရင္ ခုနက ၾကက္သားဆီသတ္ထားတာကို ေရေႏြးအိုးထဲ ထည့္ေပးလိုက္ပါ။ ၿပီးရင္ ခဏေလာက္ ေမႊေပးလိုက္ပါ။ ၾကက္​သြန္​နီဥ ၇လံုး​ေလာက္​ အိုးထဲ  အခြံႏႊာၿပီး ထည္​့​ေပးပါ။

 

ၾကက္သားအိုး ပြက္ပြက္ဆူလာၿပီဆိုရင္ ေရစိမ္ထားတဲ့ ပဲၾကာဇံဖတ္ေတြနဲ႔ မႈိေျခာက္ ပန္းေျခာက္ အသားတုေတြကို​ေရထဲကဆယ္ၿပီး အိုးထဲထည့္ေပးလိုက္ပါ။ ျပဳတ္ထားတဲ့ ငံုးဥေတြကို အခြံခြာၿပီး ၾကာဇံခ်က္အိုးထဲ ထည့္ေပးလိုက္ပါ။ ၾကက္ဥကိုေတာ့ အခြံခြာ၊ ေလးျခမ္းျခမ္းၿပီး ၾကာဇံခ်က္အိုးထဲ ထည့္ေပးလိုက္ပါ။ ၿပီးရင္ င႐ုတ္ေကာင္းမႈန္႔ေလး နည္းနည္း ျဖဴးေပးလိုက္ပါဦး။

ၿပီးရင္ေတာ့ မီးေပ်ာ့ေပ်ာ့နဲ႔ ခဏေလာက္ တည္ထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပန္းကန္လံုးတစ္လံုးထဲ ခပ္ထည့္လိုက္ၿပီး အေပၚကေန ၾကက္သြန္နီနဲ႔ နံနံပင္ကို ပါးပါးလွီးၿပီး ျဖဴးေပးလိုက္ပါ။ ေ႐ွာက္သီးစိတ္ေလးေတြကိုေတာ့ ႀကိဳက္တတ္ရင္ ညွစ္စားလို႔ရေအာင္ ေဘးမွာ ရံေပးထားလိုက္ေပါ့။ ဒါဆိုရင္ အရသာ႐ွိတဲ့ ၾကာဇံခ်က္ေလးကို ႐ံုးပိတ္ရက္မွာ လုပ္စားလို႔ရပါၿပီေနာ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs