• Food & Recipe
    ကြက်သားပြောင်းဖူး ကော်ရည်စွပ်ပြုတ် မွှေးမွှေးလေး
Thiha Htun
[Unicode Version]

ဒီနေ့မှာတော့ မိသားစုထမင်းဝိုင်းမှာ ထမင်းမြိန်အောင် ကူညီပေးမဲ့ ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ကြက်သားပြောင်းဖူး စွပ်ပြုတ်ပါပဲ။ သူ့အတိုင်း စားလို့လည်း ကောင်းသလို ဟင်းချိုအဖြစ် ထမင်းနဲ့ တွဲဖက်လို့လည်း လိုက်ဖက်ညီပါတယ်။ ချက်နည်းပြုတ်နည်းလေးကို အောက်မှာဆက်ဖတ်ကြည့်ပေးပါဦးနော်။

ပါဝင်ပစ္စည်းများ

Instant-Pot-Chicken-Potato-Corn-Chowder-with-Bacon-Pressure-Cooker-Recipe-3.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဝက်ပေါင်ခြောက် (၈) ချောင်း၊ ကြက်သွန်နီ အရွယ်တော် (၁) လုံး၊ ကြက်သွန်ဖြူ (၄) မွှာ၊ ငရုပ်သီးစိမ်း (၂) တောင့်၊ ပြောင်းဖူးစေ့ (၃) ခွက်၊ အာလူးအရွယ်တော် (၂) လုံး၊ ကြက်ရင်အုပ်သား (၁) ခု၊ ကြက်စွတ်ပြုတ်ရည် (၂) ခွက်၊ စမုန်ဖြူ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ခရင်မ် (၁) ခွက်၊ ဘက်စုံသုံးဂျုံမှုန့် (၃) ဇွန်း၊ ကြက်သွန်မြိတ်အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Instant-Pot-Chicken-Potato-Corn-Chowder-with-Bacon-Pressure-Cooker-Recipe-4.jpg 

ပေါင်းအိုး (Instant Pot) တစ်လုံးမှာ "ဟင်းနွှေးသည်" (saute) ဆက်တင်ကို ချိန်လိုက်ပြီး အထဲကို ပါးပါးလှီးထားတဲ့ ဝက်ပေါင်ခြောက်ပြားလေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် ဝက်ပေါင်ခြောက်ကို ရွှေအိုရောင်သမ်းသည်အထိ ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ဝက်ပေါင်ခြောက်ဖတ်လေးတွေကို ခပ်ထုတ်ပေးလိုက်ပြီး အထဲမှာ ဝက်ဆီလေးတွေကိုပဲ ချန်ထားလိုက်ပါ။ အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့ကို ထည့်ပြီး ကျန်နေတဲ့ ဝက်ဆီနဲ့ ဆီသတ်ပေးလိုက်ပါ။

ကြက်သွန်နီ ဆီသတ်ပြီးရင် ပြောင်းဖူးစေ့လေးတွေရယ်၊ ပါးပါးလှီးထားရယ် အာလူးရယ်၊ ကြက်ရင်အုံသားရယ်ကို ရောထည့်ပေးလိုက်ပါ။ ခနမွှေပေးပြီးရင် ကြက်စွပ်ပြုတ်ရည်၊ စမုန်ဖြူ၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ကိုပါ ထည့်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို ယောက်မနဲ့ သမအောင်မွှေပေးပြီးရင် အဖုံးကိုလုံးအောင်ပိတ်ပြီး (၁၀) မိနစ်ခန့် ပေါင်းလိုက်ပါ။ ပေါင်းအိုးဆက်တင်မှာ "cook" လို့ ပြောင်းပေးဖို့လည်း မမေ့ပါနဲ့ဦး။

Instant-Pot-Chicken-Potato-Corn-Chowder-with-Bacon-Pressure-Cooker-Recipe-1.jpg 

(၁၀) မိနစ်ပြည့်ရင် ပေါင်းအိုးထိပ်ကနေပြီး pressure အရင်ထုတ်ပေးလိုက်ပါ။ Pressure ထုတ်ပြီးရင် "saute" ဆက်တင်ကို ပြန်ပြောင်းပြီး ဟင်းချိုကို နှပ်ထားပေးလိုက်ပါ။ ခနကြာရင် ခရင်မ်နဲ့ ဂျုံမှုန့်ကိုလည်း ရောထည့်ပေးလိုက်ပြီး မွှေပေးလိုက်ပါ။ ဟင်းချိုဆူပွက်လာသည်အထိ မွှေပေးပြီး (၄) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ဟင်းချို ကောင်းကောင်းပျစ်ပြီဆိုရင် မီးပိတ်လို့ရပါပြီ။

အိုးထဲကို ဝက်ပေါင်ခြောက်မီးကင်နည်းနည်းကို အတုံးသေးသေးလေးတွေ ကိုက်ထားတာရယ်၊ ကြက်သွန်မြိတ်နည်းနည်းရယ်ကို အပေါ်က ဖြူးပေးလိုက်ပါဦး။

ပြီးရင်တော့ ပန်းကန်လုံးထဲပြောင်းထည့်ပြီး မိသားစုနဲ့အတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory

[Zawgyi Version]

ဒီေန႔မွာေတာ့ မိသားစုထမင္းဝိုင္းမွာ ထမင္းၿမိန္ေအာင္ ကူညီေပးမဲ့ ဟင္းလ်ာေလးတစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးပါရေစ။ အဲဒါကေတာ့ ၾကက္သားေျပာင္းဖူး စြပ္ျပဳတ္ပါပဲ။ သူ႔အတိုင္း စားလို႔လည္း ေကာင္းသလို ဟင္းခ်ိဳအျဖစ္ ထမင္းနဲ႔ တြဲဖက္လို႔လည္း လိုက္ဖက္ညီပါတယ္။ ခ်က္နည္းျပဳတ္နည္းေလးကို ေအာက္မွာဆက္ဖတ္ၾကည့္ေပးပါဦးေနာ္။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ့ ဝက္ေပါင္ေျခာက္ (၈) ေခ်ာင္း၊ ၾကက္သြန္နီ အ႐ြယ္ေတာ္ (၁) လံုး၊ ၾကက္သြန္ျဖဴ (၄) မႊာ၊ င႐ုပ္သီးစိမ္း (၂) ေတာင့္၊ ေျပာင္းဖူးေစ့့ (၃) ခြက္၊ အာလူးအ႐ြယ္ေတာ္ (၂) လံုး၊ ၾကက္ရင္အုပ္သား (၁) ခု၊ ၾကက္စြတ္ျပဳတ္ရည္ (၂) ခြက္၊ စမုန္ျဖဴ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ဆားအနည္းငယ္၊ င႐ုပ္ေကာင္းမႈန္႔ အနည္းငယ္၊ ခရင္မ္ (၁) ခြက္၊ ဘက္စံုသံုးဂ်ံဳမႈန္႔ (၃) ဇြန္း၊ ၾကက္သြန္ၿမိတ္အနည္းငယ္ တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

ေပါင္းအိုး (Instant Pot) တစ္လံုးမွာ "ဟင္းေႏႊးသည္" (saute) ဆက္တင္ကို ခ်ိန္လိုက္ၿပီး အထဲကို ပါးပါးလွီးထားတဲ့ ဝက္ေပါင္ေျခာက္ျပားေလးေတြကို ထည့္ေပးလိုက္ပါ။ ၿပီးရင္ ဝက္ေပါင္ေျခာက္ကို ေ႐ႊအိုေရာင္သမ္းသည္အထိ ခ်က္ျပဳတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဝက္ေပါင္ေျခာက္ဖတ္ေလးေတြကို ခပ္ထုတ္ေပးလိုက္ၿပီး အထဲမွာ ဝက္ဆီေလးေတြကိုပဲ ခ်န္ထားလိုက္ပါ။ အိုးထဲကို ပါးပါးလွီးထားတဲ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ င႐ုပ္သီးစိမ္းတို႔ကို ထည့္ၿပီး က်န္ေနတဲ့ ဝက္ဆီနဲ႔ ဆီသတ္ေပးလိုက္ပါ။

ၾကက္သြန္နီ ဆီသတ္ၿပီးရင္ ေျပာင္းဖူးေစ့ေလးေတြရယ္၊ ပါးပါးလွီးထားရယ္ အာလူးရယ္၊ ၾကက္ရင္အံုသားရယ္ကို ေရာထည့္ေပးလိုက္ပါ။ ခနေမႊေပးၿပီးရင္ ၾကက္စြပ္ျပဳတ္ရည္၊ စမုန္ျဖဴ၊ ဆားနဲ႔ င႐ုပ္ေကာင္းမႈန္႔တို႔ကိုပါ ထည့္ေပးလိုက္ပါ။ ပါဝင္ပစၥည္းအားလံုးကို ေယာက္မနဲ႔ သမေအာင္ေမႊေပးၿပီးရင္ အဖံုးကိုလံုးေအာင္ပိတ္ၿပီး (၁၀) မိနစ္ခန္႔ ေပါင္းလိုက္ပါ။ ေပါင္းအိုးဆက္တင္မွာ "cook" လို႔ ေျပာင္းေပးဖို႔လည္း မေမ့ပါနဲ႔ဦး။

 

(၁၀) မိနစ္ျပည့္ရင္ ေပါင္းအိုးထိပ္ကေနၿပီး pressure အရင္ထုတ္ေပးလိုက္ပါ။ Pressure ထုတ္ၿပီးရင္ "saute" ဆက္တင္ကို ျပန္ေျပာင္းၿပီး ဟင္းခ်ိဳကို ႏွပ္ထားေပးလိုက္ပါ။ ခနၾကာရင္ ခရင္မ္နဲ႔ ဂ်ံဳမႈန္႔ကိုလည္း ေရာထည့္ေပးလိုက္ၿပီး ေမႊေပးလိုက္ပါ။ ဟင္းခ်ိဳဆူပြက္လာသည္အထိ ေမႊေပးၿပီး (၄) မိနစ္ခန္႔ ႏွပ္ထားေပးလိုက္ပါ။ ဟင္းခ်ိဳ ေကာင္းေကာင္းပ်စ္ၿပီဆိုရင္ မီးပိတ္လို႔ရပါၿပီ။

အိုးထဲကို ဝက္ေပါင္ေျခာက္မီးကင္နည္းနည္းကို အတံုးေသးေသးေလးေတြ ကိုက္ထားတာရယ္၊ ၾကက္သြန္ၿမိတ္နည္းနည္းရယ္ကို အေပၚက ျဖဴးေပးလိုက္ပါဦး။

ၿပီးရင္ေတာ့ ပန္းကန္လံုးထဲေျပာင္းထည့္ၿပီး မိသားစုနဲ႔အတူ အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Myfoodstory



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs