• Food & Recipe
    ကြက်သွန်ဖြူဆော့စ် ဝက်သားကင် (Pork Chop) ပြုလုပ်နည်း
Thiha Htun
[Unicode Version]

ဝက်သားကင် (Pork Chop) တို့၊ အမဲကင် (Beef Steak) တို့ကို ကောင်းကောင်းစားချင်ရင် ဆိုင်တော်တော်ရွေးမှ တော်ကာကျတာပါ။ ရန်ကုန်မှာ ဥရောပအစားအစာဆိုင်တွေ ပေါလာပေမဲ့ Onyx တို့၊ Astons တို့မှာလောက်ပဲ အရသာကောင်းကောင်း စားရတာပါ။

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube.png 

Pork Chop ကို အိမ်မှာ လုပ်စားချင်သူတွေအတွက် ကြက်သွန်ဖြူဆော့စ် Pork Chop လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(2).png 

ပါဝင်ပစ္စည်းတွေကတော့ ပျားရည် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) (၁) ဇွန်းခွဲ၊ ရေ (၁) ခွက်၊ ခရမ်းချဉ်သီးဆော့စ် (၁) ခွက်၊ ငရုပ်သီးဆော့စ် (၁) ခွက်၊ ကြက်သွန်ဖြူထောင်း (၃) ဇွန်း၊ အဆီမပါတဲ့ ဝက်ဝမ်းပျဉ်းသား (၃) တုံး (လက်တစ်ဝါးစာခန့်) တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(1).png 

ပျားရည် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) (၁) ဇွန်းခွဲ၊ ရေ (၁) ခွက်၊ ခရမ်းချဉ်သီးဆော့စ် (၁) ခွက်၊ ငရုပ်သီးဆော့စ် (၁) ခွက်၊ ကြက်သွန်ဖြူထောင်း (၃) ဇွန်းတို့ကို ပန်းကန်လုံး (၁) လုံးထဲထည့်ပြီး ရောမွှေပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ ဆော့စ်ကို ဘေးခန ဖယ်ထားလိုက်ပါ။

အဆီမပါတဲ့ ဝက်ဝမ်းပျဉ်းသား (၃) တုံး (လက်တစ်ဝါးစာခန့်) ကို လေလုံ ပလတ်စတစ်အိတ် (Ziploc bag) ထဲကို ထည့်ထားပေးလိုက်ပါ။ ခုနက ဘေးဖယ်ထားတဲ့ ကြက်သွန်ဖြူဆော့စ်ကိုတော့ ziploc အိတ်ထဲကို လောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပေးလိုက်ပါ။

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(3).png 

နောက်နေ့ကျရင် ဒယ်အိုးကို ဆီနည်းနည်းထည့်ပြီး အပူပေးပြီး ziploc အိတ်ထဲက ဝက်သားတုံးတွေကို ဒယ်အိုးထဲ ထည့်ပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြော်ပေးပြီး အရောင်ပြောင်းလာရင် ထက်အောက်လှန်ပေးလိုက်ပါ။ ဝက်သားပြားတွေ ကျက်လောက်ပြီဆိုရင် ဒယ်အိုးထဲက ယူထုတ်လိုက်ပြီး ပန်းကန်ပြား (၁) ချပ်ထဲ ထည့်ပေးလိုက်ပါ။

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(4).png 

ခုနက ziploc အိတ်ထဲမှာ ကျန်ခဲ့တဲ့ ကြက်သွန်ဖြူဆော့စ်ကို ဒယ်အိုးထဲ ပြန်လောင်းထည့်လိုက်ပါ။ ခနအပူပေးလိုက်ပြီး ဆော့စ်ပူလာပြီဆိုရင် ဝက်သားပြားတွေကို ဒယ်အိုးထဲ ပြန်ထည့်ပေးလိုက်ပါ။ ဝက်သားကင် (Pork Chop) ထဲမှာ ကြက်သွန်ဖြူဆော့စ်တွေ ကောင်းကောင်းစိမ့်ဝင်သွားပြီဆိုရင် ဆယ်ထုတ်ပြီး ထမင်းဖြူပန်းကန်ထဲ ထည့်ပုံပေးလိုက်ပါ။

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(5).png 

ပြီးရင်တော့ ချိုချဉ်မွှေး အရသာလေးတွေ ပေါင်းစပ်ထားတဲ့ ကြက်သွန်ဖြူဆော့စ် ဝက်သားကင် (Pork Chop) လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Shared Food

[Zawgyi Version]

ဝက္သားကင္ (Pork Chop) တို႔၊ အမဲကင္ (Beef Steak) တို႔ကို ေကာင္းေကာင္းစားခ်င္ရင္ ဆိုင္ေတာ္ေတာ္ေ႐ြးမွ ေတာ္ကာက်တာပါ။ ရန္ကုန္မွာ ဥေရာပအစားအစာဆိုင္ေတြ ေပါလာေပမဲ့ Onyx တို႔၊ Astons တို႔မွာေလာက္ပဲ အရသာေကာင္းေကာင္း စားရတာပါ။

 

Pork Chop ကို အိမ္မွာ လုပ္စားခ်င္သူေတြအတြက္ ၾကက္သြန္ျဖဴေဆာ့စ္ Pork Chop လုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ့ ပ်ားရည္ (၂) ဇြန္း၊ ပန္းသီး႐ွာလကာရည္ (၂) ဇြန္း၊ ပဲငံျပာရည္ (အေနာက္) (၁) ဇြန္းခြဲ၊ ေရ (၁) ခြက္၊ ခရမ္းခ်ဥ္သီးေဆာ့စ္ (၁) ခြက္၊ င႐ုပ္သီးေဆာ့စ္ (၁) ခြက္၊ ၾကက္သြန္ျဖဴေထာင္း (၃) ဇြန္း၊ အဆီမပါတဲ့ ဝက္ဝမ္းပ်ဥ္းသား (၃) တံုး (လက္တစ္ဝါးစာခန္႔) တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

ပ်ားရည္ (၂) ဇြန္း၊ ပန္းသီး႐ွာလကာရည္ (၂) ဇြန္း၊ ပဲငံျပာရည္ (အေနာက္) (၁) ဇြန္းခြဲ၊ ေရ (၁) ခြက္၊ ခရမ္းခ်ဥ္သီးေဆာ့စ္ (၁) ခြက္၊ င႐ုပ္သီးေဆာ့စ္ (၁) ခြက္၊ ၾကက္သြန္ျဖဴေထာင္း (၃) ဇြန္းတို႔ကို ပန္းကန္လံုး (၁) လံုးထဲထည့္ၿပီး ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ ရလာတဲ့ ေဆာ့စ္ကို ေဘးခန ဖယ္ထားလိုက္ပါ။

အဆီမပါတဲ့ ဝက္ဝမ္းပ်ဥ္းသား (၃) တံုး (လက္တစ္ဝါးစာခန္႔) ကို ေလလံု ပလတ္စတစ္အိတ္ (Ziploc bag) ထဲကို ထည့္ထားေပးလိုက္ပါ။ ခုနက ေဘးဖယ္ထားတဲ့ ၾကက္သြန္ျဖဴေဆာ့စ္ကိုေတာ့ ziploc အိတ္ထဲကို ေလာင္းထည့္ၿပီး ေရခဲေသတၱာထဲမွာ တစ္ညသိပ္ထားေပးလိုက္ပါ။

 

ေနာက္ေန႔က်ရင္ ဒယ္အိုးကို ဆီနည္းနည္းထည့္ၿပီး အပူေပးၿပီး ziploc အိတ္ထဲက ဝက္သားတံုးေတြကို ဒယ္အိုးထဲ ထည့္ေပးလိုက္ပါ။ မိနစ္အနည္းငယ္ ေၾကာ္ေပးၿပီး အေရာင္ေျပာင္းလာရင္ ထက္ေအာက္လွန္ေပးလိုက္ပါ။ ဝက္သားျပားေတြ က်က္ေလာက္ၿပီဆိုရင္ ဒယ္အိုးထဲက ယူထုတ္လိုက္ၿပီး ပန္းကန္ျပား (၁) ခ်ပ္ထဲ ထည့္ေပးလိုက္ပါ။

 

ခုနက ziploc အိတ္ထဲမွာ က်န္ခဲ့တဲ့ ၾကက္သြန္ျဖဴေဆာ့စ္ကို ဒယ္အိုးထဲ ျပန္ေလာင္းထည့္လိုက္ပါ။ ခနအပူေပးလိုက္ၿပီး ေဆာ့စ္ပူလာၿပီဆိုရင္ ဝက္သားျပားေတြကို ဒယ္အိုးထဲ ျပန္ထည့္ေပးလိုက္ပါ။ ဝက္သားကင္ (Pork Chop) ထဲမွာ ၾကက္သြန္ျဖဴေဆာ့စ္ေတြ ေကာင္းေကာင္းစိမ့္ဝင္သြားၿပီဆိုရင္ ဆယ္ထုတ္ၿပီး ထမင္းျဖဴပန္းကန္ထဲ ထည့္ပံုေပးလိုက္ပါ။

 

ၿပီးရင္ေတာ့ ခ်ိဳခ်ဥ္ေမႊး အရသာေလးေတြ ေပါင္းစပ္ထားတဲ့ ၾကက္သြန္ျဖဴေဆာ့စ္ ဝက္သားကင္ (Pork Chop) ေလးကို အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Shared Food


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs