အိမ်လုပ်ကွတ်ကီးမုန့်လေးတွေ ဖုတ်စားချင်ပြီး အိမ်မှာ မုန့်ဖုတ်မီးဖို (oven) မရှိသူများအတွက် Oven မလိုဘဲ ပြုလုပ်နိုင်မဲ့ ချောကလက်ကွတ်ကီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

မနက်မနက်ဆို မနက်စာ ဘာစားရမလဲ စဉ်းစားရတာလည်း အလုပ်တစ်လုပ်ပါပဲ။ အိမ်လုပ်ကွတ်ကီးမုန့်လေးတွေ ဖုတ်စားချင်ပြီး အိမ်မှာ မုန့်ဖုတ်မီးဖို (oven) မရှိသူများအတွက် Oven မလိုဘဲ ပြုလုပ်နိုင်မဲ့ ချောကလက်ကွတ်ကီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

အုတ်ဂျုံမှုန့်ကို သုံးထားတဲ့အတွက် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အချိန်အားဖြင့်လည်း နာရီဝက်ထက် ပိုမကြာတဲ့အတွက် သားသား၊ မီးမီးလေးတွေအတွက် မနက်စာစီစဉ်ပေးချင်တဲ့ မေမေတွေအတွက်လည်း အဆင်ပြေစေမှာပါ။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-12 (7) No Bake Chocolate Oatmeal Cookies - YouTube(1).png 

ထောပတ် (၁/၂) ခွက်၊ သကြား (၂) ခွက်၊ နွားနို့ (၁/၂) ခွက်၊ ကိုကိုးမှုန့် (ချောကလက်မှုန့်) လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ မြေပဲထောပတ်အနှစ် (၁/၂) ခွက်၊ ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ အသင့်စား ရယ်ဒီမိတ် အုတ်ဂျုံမှုန့် (၃) ခွက်ခွဲတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-12 (7) No Bake Chocolate Oatmeal Cookies - YouTube(2).png 

အရင်ဆုံး ထောပတ် (၁/၂) ခွက်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။ ထောပတ်အရည်ပျော်လာပြီဆိုရင် သကြား (၂) ခွက် ထည့်ပြီးမွှေပေးလိုက်ပါ။ ပြီးရင် နွားနို့ (၁/၂) ခွက်ရယ်၊ ကိုကိုးမှုန့် (ချောကလက်မှုန့်) လက်ဖက်ရည်ဇွန်း (၄) ဇွန်းရယ်ကို ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေပေးလိုက်ပါ။

 

(၃) မိနစ်ခန့်ကြာရင် ဒယ်အိုးထဲကို မြေပဲထောပတ်အနှစ် (၁/၂) ခွက် ထည့်ပေးလိုက်ပါ။ ပြီးရင် ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းရယ်၊ အသင့်စား ရယ်ဒီမိတ် အုတ်ဂျုံမှုန့် (၃) ခွက်ခွဲရယ်ကို ဒယ်အိုးထဲ ရောထည့်ပေးလိုက်ပါ။ သမအောင်ရောမွှေပြီး မိနစ်အနည်းငယ်ကြာ နှပ်ထားပေးပြီးရင် ရေခဲမုန့်ကော်တဲ့ဇွန်းနဲ့ ကော်ထုတ်လိုက်ပြီး စတီးလ်လင်ပန်းတစ်ချပ်ပေါ်မှာ တစ်ပုံချင်းစီ လိုက်ပုံပေးထားလိုက်ပါ။ ပြီးရင် အခန်းအပူချိန်မှာပဲ (၁၅) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ ချောကလက်အုတ်ဂျုံမှုန့် ကွတ်ကီးလေးတွေကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီနော်။

Source: Shared Foods

Share

Loading Next Article...
က္က