• Food & Recipe
    ကော်ဖီပူတင်း မွှေးမွှေးလေး
Thiha Htun
[Unicode Version]

လူငယ်လူကြီးမရွေး ကော်ဖီကို မနှစ်သက်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့ ကော်ဖီကို ဖျော်သောက်ရုံ တစ်ခုတည်းမဟုတ်ဘဲ အစားအစာအဖြစ် ပူတင်းလိုပါ ဖုတ်စားလို့ရမယ်ဆိုရင် စိတ်ဝင်စားကြမှာလား။ ယနေ့မှာတော့ ကော်ဖီပူတင်း မွှေးမွှေးလေးကို အလွယ်တကူပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(1).png 

ရယ်ဒီမိတ် ဗနီလာပူတင်းမှုန့် (၃.၄) အောင်စ၊ ဘလက်ခ်ကော်ဖီ ဖန်ခွက်ရှည် (၁) ခွက်၊ နွားနို့ (၁/၂) ခွက်၊ သကာရည်ထုတ်ပြီးသား Whipped Cream (၈) အောင်စ၊ ချောကလက်အရသာ Oreo ကွတ်ကီး (၂၅) ခု၊ ထောပတ် (၅) ဇွန်း၊ Whipped Cream (၁) ဘူး၊ ချောကလက်လုံး (Chocolate Beans) (၉) လုံးခန့် တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ရယ်ဒီမိတ် ဗနီလာပူတင်းမှုန့် (၃.၄) အောင်စခန့်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် (၂) နာရီခန့် ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ဘလက်ခ်ကော်ဖီအေး ဖန်ခွက်ရှည်တစ်ခွက်စာခန့်ကိုလည်း လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် နွားနို့ (၁/၂) ခွက်ကိုလည်း ထည့်ပြီး ကြက်ဥခလောက်တံနဲ့ သမအောင်မွှေပေးလိုက်ပါ။

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(2).png 

ရလာတဲ့ ကော်ဖီပူတင်းအနှစ်ထဲကို သကာရည်ထုတ်ပြီးသား Whipped Cream (၈) အောင်စကို ရောထည့်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခဏအအေးခံထားလိုက်ပါ။

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(3).png 

Oreo ကွတ်ကီးမုန့်ခွံ ပြုလုပ်ဖို့အတွက် ချောကလက်အရသာ Oreo ကွတ်ကီး (၂၅) ခုကို မွှေစက်ထဲမှာ ထည့်မွှေပေးလိုက်ပါ။ ပြီးရင် ကွတ်ကီးမှုန့်တွေနဲ့ ထောပတ် (၅) ဇွန်းကို ပန်းကန်လုံးအကြီး (၁) လုံးထဲမှာ ရောမွှေပေးလိုက်ပါ။ ဒီနေရာမှာ ကွတ်ကီးမှုန့်နဲ့ ထောပတ်အရော မုန့်နှစ်ကို ပန်းကန်လုံးရဲ့နှုတ်ခမ်းသားနားထိ ထိအောင် စောင်းပြီး မွှေပေးရမှာပါ။ ပြီးရင်တော့ ပန်းကန်လုံးကို မုန့်ဖို (Oven) ထဲမှာ (၈) မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ ပြီးရင် ခဏအအေးခံပေးလိုက်ပါ။

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(4).png 

ပြီးရင်တော့ Oreo ကွတ်ကီးမုန့်ခွံထည့်ထားတဲ့ ပန်းကန်လုံးထဲကို ခုနကဖယ်ထားတဲ့ ကော်ဖီပူတင်းအနှစ်ကို လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မလေး (၁) ချောင်းနဲ့ မျက်နှာပြင် ညှိပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညသိပ်ထားပေးလိုက်ပါ။

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(5).png

နောက်နေ့မနက်ရောက်ရင်တော့ ပိုင်မုန့်ရဲ့ နှုတ်ခမ်းသားမှာ Whipped Cream လေး လိုက်ဆမ်းပေးလိုက်ပြီး အဲဒီအပေါ်ကမှ ချောကလက်လုံးလေးတွေ လိုက်တင်ပေးလိုက်ပါ။ ပြီးရင် ဓားနဲ့ခွဲခြမ်းပြီး တစ်အိမ်သားလုံး မြိန်ရည်ယှက်ရည် စားသုံးနိုင်မဲ့ ကော်ဖီပူတင်းလေးကို ရရှိပါပြီနော်။

Source: Shared Foods

[Zawgyi Version]

လူငယ္လူႀကီးမေ႐ြး ေကာ္ဖီကို မႏွစ္သက္တဲ့သူ ႐ွိမယ္မထင္ပါဘူး။ ကမၻာေပၚမွာ လူႀကိဳက္အမ်ားဆံုး အေဖ်ာ္ယမကာတစ္မ်ိဳး ျဖစ္တဲ့ ေကာ္ဖီကို ေဖ်ာ္ေသာက္႐ံု တစ္ခုတည္းမဟုတ္ဘဲ အစားအစာအျဖစ္ ပူတင္းလိုပါ ဖုတ္စားလို႔ရမယ္ဆိုရင္ စိတ္ဝင္စားၾကမွာလား။ ယေန႔မွာေတာ့ ေကာ္ဖီပူတင္း ေမႊးေမႊးေလးကို အလြယ္တကူျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ရယ္ဒီမိတ္ ဗနီလာပူတင္းမႈန္႔ (၃.၄) ေအာင္စ၊ ဘလက္ခ္ေကာ္ဖီ ဖန္ခြက္႐ွည္ (၁) ခြက္၊ ႏြားႏို႔ (၁/၂) ခြက္၊ သကာရည္ထုတ္ၿပီးသား Whipped Cream (၈) ေအာင္စ၊ ေခ်ာကလက္အရသာ Oreo ကြတ္ကီး (၂၅) ခု၊ ေထာပတ္ (၅) ဇြန္း၊ Whipped Cream (၁) ဘူး၊ ေခ်ာကလက္လံုး (Chocolate Beans) (၉) လံုးခန္႔ တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

ရယ္ဒီမိတ္ ဗနီလာပူတင္းမႈန္႔ (၃.၄) ေအာင္စခန္႔ကို ပန္းကန္လံုးအႀကီး တစ္လံုးထဲမွာ ထည့္လိုက္ပါ။ ၿပီးရင္ (၂) နာရီခန္႔ ေရခဲေသတၱာထဲမွာ အေအးခံထားတဲ့ ဘလက္ခ္ေကာ္ဖီေအး ဖန္ခြက္႐ွည္တစ္ခြက္စာခန္႔ကိုလည္း ေလာင္းထည့္ေပးလိုက္ပါ။ ၿပီးရင္ ႏြားႏို႔ (၁/၂) ခြက္ကိုလည္း ထည့္ၿပီး ၾကက္ဥခေလာက္တံနဲ႔ သမေအာင္ေမႊေပးလိုက္ပါ။

 

ရလာတဲ့ ေကာ္ဖီပူတင္းအႏွစ္ထဲကို သကာရည္ထုတ္ၿပီးသား Whipped Cream (၈) ေအာင္စကို ေရာထည့္ၿပီး သစ္သားေယာက္မတစ္ေခ်ာင္းနဲ႔ ေမႊေပးလိုက္ပါ။ ၿပီးရင္ ေရခဲေသတၱာထဲမွာ ခဏအေအးခံထားလိုက္ပါ။

 

Oreo ကြတ္ကီးမုန္႔ခြံ ျပဳလုပ္ဖို႔အတြက္ ေခ်ာကလက္အရသာ Oreo ကြတ္ကီး (၂၅) ခုကို ေမႊစက္ထဲမွာ ထည့္ေမႊေပးလိုက္ပါ။ ၿပီးရင္ ကြတ္ကီးမႈန္႔ေတြနဲ႔ ေထာပတ္ (၅) ဇြန္းကို ပန္းကန္လံုးအႀကီး (၁) လံုးထဲမွာ ေရာေမႊေပးလိုက္ပါ။ ဒီေနရာမွာ ကြတ္ကီးမႈန္႔နဲ႔ ေထာပတ္အေရာ မုန္႔ႏွစ္ကို ပန္းကန္လံုးရဲ႕ႏႈတ္ခမ္းသားနားထိ ထိေအာင္ ေစာင္းၿပီး ေမႊေပးရမွာပါ။ ၿပီးရင္ေတာ့ ပန္းကန္လံုးကို မုန္႔ဖို (Oven) ထဲမွာ (၈) မိနစ္ခန္႔ ထည့္ဖုတ္ေပးလိုက္ပါ။ ၿပီးရင္ ခဏအေအးခံေပးလိုက္ပါ။

 

ၿပီးရင္ေတာ့ Oreo ကြတ္ကီးမုန္႔ခြံထည့္ထားတဲ့ ပန္းကန္လံုးထဲကို ခုနကဖယ္ထားတဲ့ ေကာ္ဖီပူတင္းအႏွစ္ကို ေလာင္းထည့္ေပးလိုက္ပါ။ ၿပီးရင္ သစ္သားေယာက္မေလး (၁) ေခ်ာင္းနဲ႔ မ်က္ႏွာျပင္ ညွိေပးလိုက္ပါ။ ၿပီးရင္ ေရခဲေသတၱာ အေအးခန္းထဲမွာ တစ္ညသိပ္ထားေပးလိုက္ပါ။

ေနာက္ေန႔မနက္ေရာက္ရင္ေတာ့ ပိုင္မုန္႔ရဲ႕ ႏႈတ္ခမ္းသားမွာ Whipped Cream ေလး လိုက္ဆမ္းေပးလိုက္ၿပီး အဲဒီအေပၚကမွ ေခ်ာကလက္လံုးေလးေတြ လိုက္တင္ေပးလိုက္ပါ။ ၿပီးရင္ ဓားနဲ႔ခြဲျခမ္းၿပီး တစ္အိမ္သားလံုး ၿမိန္ရည္ယွက္ရည္ စားသံုးႏိုင္မဲ့ ေကာ္ဖီပူတင္းေလးကို ရ႐ွိပါၿပီေနာ္။

Source: Shared Foods


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs