Thiha Htun

ဘာလိုလိုနဲ့ မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်တောင် နီးလာပြီနော်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်၊ ရေပက်ရတာကို ကြိုက်တဲ့သူတွေရှိသလို အပေါင်းအသင်းတွေနဲ့ တစ်အိမ်အိမ်မှာစုပြီး နားအေးပါးအေး မုန့်လုပ်စားရတာကို နှစ်သက်သူတွေလည်း ရှိပါတယ်။ သင်္ကြန်ရုံးပိတ်ရက်မှာ အေးအေးလူလူ သောက်စားချင်သူတွေအတွက် ဘော်ဒါတွေနဲ့ စုသောက်လို့ကောင်းတဲ့ ကော့တေးလ်လေး တစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ဖရဲဆိုဂျူး ကော့တေးလ်လေးပါပဲ။

ပါဝင်ပစ္စည်းများ

sojuwatermelon_cocktail-590x355.jpg 

ဖရဲဆိုဂျူး ကော့တေးလ် ပြုလုပ်ဖို့အတွက် အစေ့လွတ်ဖရဲသီး အသေး (၂) လုံး (ဖရဲသီး လုံးလုံးလေး ဖြစ်ဖို့လို)၊ ဆိုဂျူး (၂) လုံး၊ ရေသန့် ရေခဲတုံး (၂) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

watermelon_lid-590x419.jpg 

အရင်ဆုံး ဖရဲသီးထိပ်ပိုင်းကို ဖြတ်တောက်ပေးလိုက်ပါ။ (ပုံမှန်လှီးနေကျလို အလည်က ထက်ခြမ်းမခြမ်းဘဲ ထိပ်ဖျားနေရာလေးကို ပုံပါအတိုင်း လှီးဖြတ်ပေးရမှာပါ။) ပြီးရင်တော့ ဇွန်းရှည်တစ်ချောင်းနဲ့ ဖရဲသီးအသားတွေကို ကော်ထုတ်ပြီး မွှေစက် (blender) ထဲကို ထည့်ပေးလိုက်ပါ။ ဖရဲသီး (၂) လုံး စလုံးကို အသားတွေခပ်ထုတ်ပြီး ဖရဲသီးအခွံခွက်လေးတွေပဲ ကျန်အောင် လုပ်ပေးလိုက်ပါ။

 sojuwatermelon-590x428.jpg

ဖရဲသီးအသားတွေ အပြည့်ထည့်ထားတဲ့ မွှေစက် (blender) ကို တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးပေါ်မှာ ဇကာတစ်လုံးခံပြီး ဖရဲသီးဖျော်ရည်ကို အနှစ်နဲ့ အရည်ခွဲခြားပေးလိုက်ပါ။ ဖရဲသီးအနှစ်တွေ အပေါ်ကနေ ဇွန်းဖင်နဲ့ဖိဖိပေးလိုက်ပါဦး။ ပြီးရင်တော့ ဇကာထဲမှာ ကျန်ခဲ့တဲ့အနှစ်တွေကို လွှင့်ပစ်လိုက်ပါ။ နောက်ပြီးတော့ ဖရဲသီးဖျော်ရည်ပေါ်မှာ ဝေ့တက်နေတဲ့ အမြှုပ်တွေကိုလည်း ဇွန်းနဲ့ခပ်ထုတ်၊ ဖယ်ရှားပေးလိုက်ပါ။

sojuwatermelon_1-590x432.jpg 

ရေခရားအကြီးတစ်လုံးထဲမှာ ရလာတဲ့ ဖရဲသီးဖျော်ရည်ကို ထည့်လိုက်ပါ။ ပြီးရင် ဆိုဂျူး (၂) လုံးကိုလည်း ရောထည့်လိုက်ပါ။ ပြီးရင် ဇွန်းရှည်တစ်ချောင်းနဲ့ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ခုနကဖယ်ထားခဲ့တဲ့ ဖရဲသီးအခွံထဲကို ပြောင်းထည့်ပြီး ပိုက်လေးတပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်္ကြန်မှာ အေးအေးလူလူသောက်ရင်း chill ဖို့ ဖရဲဆိုဂျူကော့တေးလ်လေးကို ရရှိပါပြီနော်။

Source: Maangchi


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က