• Food & Recipe
    ကျန်းမာရေးမထိခိုက်စေဘဲ ဘူဖေးဆိုင်မှာ အများကြီးစားမယ်
Su Yee Moe
[Unicode Version]

လက်ထဲ ပိုက်ဆံရှိလာရင် စားဖို့လောက်ပဲ တွေးနေတဲ့ ကိုယ်လိုလူတွေအတွက် သိထားတာလေးတွေ share လိုက်ဦးမယ်။ အစားဆို နည်းနည်း နည်းနည်းနဲ့ အစုံအစိ အများကြီးစားချင်တဲ့လူတွေအတွက် ဘူဖေးစားနည်းလေးတွေ ပြောမလို့ပါ။ ဘူဖေးဆိုင်တွေကလည်း အများကြီးပဲဆိုတော့ ထမင်းပဲဖြစ်ဖြစ်၊ ဟော့ပေါ့အကင်၊ ဆူရှိ ဘာကိုပဲ အဝစားစား ဘူဖေးဆိုင် သွားတော့မယ်ဆို ဒါလေးတွေဖတ်လိုက်ဦးနော်။ များများစားပြီး ကျန်းမာရေးလေးလည်း မထိခိုက်ရအောင်ပေါ့။

p-45770-151798658171021-2182247-n_54_990x660_201406020242.jpg 

၁။ ရေသောက်

ညနေ ဘူဖေးသွားစားမယ် ကြံထားရင် တစ်နေကုန် ရေပိုသောက်ထားရတယ်သိလား။ အစာအိမ် ပိုကျယ်သွားအောင်လေ။ အစာအိမ်လေ့ကျင့်ခန်းဆိုလည်း မမှားဘူး။

၂။ အစာအိမ်ကိုပြင်ဆင်

အသားတို့ ပင်လယ်စာတို့လို အစာခြေရခက်တာတွေကို အရင်ဆုံး မစားပါနဲ့။ အစာကြေလွယ်မယ့် ခပ်ပျော့ပျော့အစာတွေကို နည်းနည်းလောက်အရင်စားပြီး အစာအိမ်ကို ပြင်ဆင်ပါ။ အသားတစ်ပန်းကန်လောက်စားပြီး ဗိုက်အင့်သွားရင် မတန်ဘူး။ ခေါက်ဆွဲတွေ ထမင်းတွေလည်း မစားနဲ့။ တစ်ခါမှမစားဖူးတဲ့ဟာလောက်ကို နည်းနည်းလောက်ယူမြည်းဖို့လည်း အကြံပေးလိုက်တယ်နော်။

၃။ တစ်ထိုင်တည်းမစားနဲ့

ခဏခဏ ထယူရမှာ မရှက်နဲ့သိလား။ ထိုင်လိုက် ထလိုက် လမ်းလေးပတ်လျှောက်လိုက်တော့ အစာအိမ်ပိုကျယ်သွားပြီး ပိုစားနိုင်သွားမယ်။ တစ်ခါတည်း အများကြီးယူလာပြီး မကုန်လို့ ပိုက်ဆံပြန်ပေးနေရတာမျိုးလည်း မဖြစ်ရအောင်လေ။

၄။ ရွေးပါ

gallery-harvest-buffet-entree.jpg 

အကုန်လျှောက်ယူမယ့်အစား ပထမဆုံး ဘာတွေစားရမလဲဆိုတာ အရင်ကြည့်ထားလိုက်။ နောက်တော့မှ ကိုယ်စားချင်တာတွေ ပန်းကန်ထဲထည့်တာ ပိုကောင်းပါတယ်။ ပန်းကန်ထဲမှာ လျှံမနေတော့ဘူးပေါ့။

၅။ ဖြည်းဖြည်းချင်းစား

အချိန်မကန့်သတ်ထားတဲ့ ဆိုင်တွေမှာဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အချိန်ကန့်သတ်ထားတဲ့ ဆိုင်တွေမှာ ဆိုရင်လည်း အနည်းဆုံး တစ်နာရီခွဲ အချိန်ပေးထားတော့ စားလို့လောက်မှာပါ။ အစားကို အလောတကြီးမစားဘဲ ဖြည်းဖြည်းချင်းစားတာ အကောင်းဆုံးပါ။ ကိုယ့်ကျန်းမာရေးက အဓိကပဲလေ။

၆။ နောက်တစ်ကျော့

ပထမတစ်ခေါက် ယူထားတာတွေ စားလို့ ဗိုက်အင့်သလိုလိုဖြစ်လာပြီ၊ ကုန်လည်းကုန်သွားပြီဆိုရင် နောက်တစ်ကျော့ ထပ်ရွေးပါ။ ကိုယ်တိုင်ထပြီး ရွေးပါ။ ထလိုက်တော့ ရင်ပြည့်နေတာသက်သာသွားမယ်။ နောက်တစ်ခေါက်ထပ်ဆွဲလို့ရမယ်။

၇။ ဗိုက်ပြည့်သွားပြီဆိုရင်

best-buffet-in-macau-1200.jpg 

အချိုပွဲချိန် ရောက်လာပြီ။ ရေခဲမုန့်လေး သစ်သီးလေးတွေ ယူစားလိုက်တော့နော်။ သကြားပါတဲ့ အချိုရည်တွေကို မသောက်တာအကောင်းဆုံးပါပဲ။ ကိုယ်စားထားတာထက်တောင် ကယ်လိုရီပိုတက်မယ့် အချိုရည်တွေကမှ ကျန်းမာရေးကို တကယ်ထိခိုက်စေမှာပါ။

[Zawgyi Version]

လက္ထဲ ပိုက္ဆံ႐ွိလာရင္ စားဖုိ႔ေလာက္ပဲ ေတြးေနတဲ့ ကိုယ္လိုလူေတြအတြက္ သိထားတာေလးေတြ share လိုက္ဦးမယ္။ အစားဆို နည္းနည္း နည္းနည္းနဲ႔ အစံုအစိ အမ်ားႀကီးစားခ်င္တဲ့လူေတြအတြက္ ဘူေဖးစားနည္းေလးေတြ ေျပာမလို႔ပါ။ ဘူေဖးဆုိင္ေတြကလည္း အမ်ားႀကီးပဲဆုိေတာ့ ထမင္းပဲျဖစ္ျဖစ္၊ ေဟာ့ေပါ့အကင္၊ ဆူ႐ွိ ဘာကိုပဲ အဝစားစား ဘူေဖးဆိုင္ သြားေတာ့မယ္ဆို ဒါေလးေတြဖတ္လိုက္ဦးေနာ္။ မ်ားမ်ားစားၿပီး က်န္းမာေရးေလးလည္း မထိခိုက္ရေအာင္ေပါ့။

၁။ ေရေသာက္

ညေန ဘူေဖးသြားစားမယ္ ၾကံထားရင္ တစ္ေနကုန္ ေရပိုေသာက္ထားရတယ္သိလား။ အစာအိမ္ ပိုက်ယ္သြားေအာင္ေလ။ အစာအိမ္ေလ့က်င့္ခန္းဆိုလည္း မမွားဘူး။

၂။ အစာအိမ္ကိုျပင္ဆင္

အသားတို႔ ပင္လယ္စာတုိ႔လို အစာေျခရခက္တာေတြကို အရင္ဆံုး မစားပါနဲ႔။ အစာေၾကလြယ္မယ့္ ခပ္ေပ်ာ့ေပ်ာ့အစာေတြကို နည္းနည္းေလာက္အရင္စားၿပီး အစာအိမ္ကို ျပင္ဆင္ပါ။ အသားတစ္ပန္းကန္ေလာက္စားၿပီး ဗိုက္အင့္သြားရင္ မတန္ဘူး။ ေခါက္ဆြဲေတြ ထမင္းေတြလည္း မစားနဲ႔။ တစ္ခါမွမစားဖူးတဲ့ဟာေလာက္ကို နည္းနည္းေလာက္ယူျမည္းဖုိ႔လည္း အၾကံေပးလိုက္တယ္ေနာ္။

၃။ တစ္ထိုင္တည္းမစားနဲ႔

ခဏခဏ ထယူရမွာ မ႐ွက္နဲ႔သိလား။ ထိုင္လိုက္ ထလိုက္ လမ္းေလးပတ္ေလွ်ာက္လိုက္ေတာ့ အစာအိမ္ပိုက်ယ္သြားၿပီး ပိုစားႏိုင္သြားမယ္။ တစ္ခါတည္း အမ်ားႀကီးယူလာၿပီး မကုန္လို႔ ပိုက္ဆံျပန္ေပးေနရတာမ်ိဳးလည္း မျဖစ္ရေအာင္ေလ။

၄။ ေရြးပါ

gallery-harvest-buffet-entree.jpg 

အကုန္ေလွ်ာက္ယူမယ့္အစား ပထမဆံုး ဘာေတြစားရမလဲဆုိတာ အရင္ၾကည့္ထားလိုက္။ ေနာက္ေတာ့မွ ကိုယ္စားခ်င္တာေတြ ပန္းကန္ထဲထည့္တာ ပိုေကာင္းပါတယ္။ ပန္းကန္ထဲမွာ လွ်ံမေနေတာ့ဘူးေပါ့။

၅။ ျဖည္းျဖည္းခ်င္းစား

အခ်ိန္မကန္႔သတ္ထားတဲ့ ဆုိင္ေတြမွာဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမဲ့ အခ်ိန္ကန္႔သတ္ထားတဲ့ ဆုိင္ေတြမွာ ဆုိရင္လည္း အနည္းဆံုး တစ္နာရီခြဲ အခ်ိန္ေပးထားေတာ့ စားလို႔ေလာက္မွာပါ။ အစားကို အေလာတႀကီးမစားဘဲ ျဖည္းျဖည္းခ်င္းစားတာ အေကာင္းဆံုးပါ။ ကိုယ့္က်န္းမာေရးက အဓိကပဲေလ။

၆။ ေနာက္တစ္ေက်ာ့

ပထမတစ္ေခါက္ ယူထားတာေတြ စားလို႔ ဗိုက္အင့္သလိုလိုျဖစ္လာၿပီ၊ ကုန္လည္းကုန္သြားၿပီဆုိရင္ ေနာက္တစ္ေက်ာ့ ထပ္ေရြးပါ။ ကိုယ္တိုင္ထၿပီး ေရြးပါ။ ထလိုက္ေတာ့ ရင္ျပည့္ေနတာသက္သာသြားမယ္။ ေနာက္တစ္ေခါက္ထပ္ဆြဲလုိ႔ရမယ္။

၇။ ဗိုက္ျပည့္သြားၿပီဆုိရင္

best-buffet-in-macau-1200.jpg 

အခ်ိဳပြဲခ်ိန္ ေရာက္လာၿပီ။ ေရခဲမုန္႔ေလး သစ္သီးေလးေတြ ယူစားလိုက္ေတာ့ေနာ္။ သၾကားပါတဲ့ အခ်ိဳရည္ေတြကို မေသာက္တာအေကာင္းဆံုးပါပဲ။ ကိုယ္စားထားတာထက္ေတာင္ ကယ္လိုရီပိုတက္မယ့္ အခ်ိဳရည္ေတြကမွ က်န္းမာေရးကို တကယ္ထိခိုက္ေစမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs