လက်ဖက်သုပ်ချည်းပဲ စားရတာ ပျင်းလာရင် လက်ဖက်ကို ခရမ်းချဉ်သီးခြမ်းလေးတွေထဲထည့်ပြီးစားကြည့်။

ပူပြင်းတဲ့ နွေနေ့လယ်ခင်းတွေဆိုတာ စားစရာလေးနဲ့ ရေနွေးကြမ်းလေးသောက် စာအုပ်လေးဖတ်ရရင်တော့ လောကနိဗ္ဗာန်ပဲပေါ့။ နေ့လယ်နေ့ခင်းမှာ အဆာပြေစားလို့ကောင်းတဲ့ မြန်မာမုန့်လေးတွေကို ရွေးမယ်ဆို ဘာကိုအကြိုက်ဆုံးလဲ။ အရသာ အက်ဒမင်တွေကတော့ ဝယ်ရလွယ်တဲ့ မြန်မာမုန့်တွေနဲ့ ပိတ်ရက်နေ့လယ်တွေကို ဖြတ်သန်းမယ်စိတ်ကူးထားလို့ပါ။



၁။ မုန့်စိမ်းပေါင်း

16(1).jpg 

ဆန်ကို အခြေခံပြီး ပေါင်းထားတဲ့ မုန့်စိမ်းပေါင်းကို အဖြူနဲ့ အညိုဆိုပြီး နှစ်ခြမ်းရှိတယ်။ အညိုဘက်ခြမ်းကတော့ ထန်းလျက်ထည့်ထားတာပါ။ ထန်းလျက်မပါတဲ့ အဖြူဘက်ခြမ်းကတော့ ဆန်အရသာဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပါတယ်။ မုန့်စိမ်းပေါင်းကို နှမ်းထောင်းလေးဖြူး၊ အုန်းသီးခြစ်လေးဖြူးလိုက်ရင် အရမ်းစားကောင်းတယ်။

၂။ မုန့်ပျားသလက်

19.jpg 

ဆန်နဲ့ကောက်ညှင်းကို ရောကြိတ်ပြီး အရည်စပ်တယ်။ ပြီးရင် အိုးထဲကို မုန့်နှစ်ရည်ထည့်၊ ပဲပြုတ်နဲ့ နံနံပင်လေးတွေအုပ်လိုက်တဲ့ မုန့်ပျားသလက်က အဆာလည်းပြေတယ်လေ။

၃။ အကြော်စုံ

24.jpg 

ဒါကတော့ တစ်မျိုးတည်း မစားချင်ဘူးဆိုရင် အစုံစားဖို့အတွက်လေ။ ဘယာကြော်၊ ကြက်သွန်ကြော်၊ ဘူးသီးကြော်၊ မြင်းခွာရွက်ကြော်တို့ဆိုတာ နွေရာသီမှာစားလို့ အရမ်းကောင်းတာ။ ဆလတ်ရွက်လေးကိုက်ပြီးစားရင် ပိုလိုက်ဖက်ပါတယ်။

၄။ ရွှေရင်အေး

29873515_969830579860327_1082421063696689871_o.jpg 

နာမည်နဲ့လိုက်တဲ့ ရွှေရင်အေးကတော့ အရသာ ချိုချိုအေးအေးလေးမို့ ကလေးတွေအရမ်းကြိုက်ကြတာ။ မုန့်လက်ဆောင်းဖတ်၊ အုန်းနို့ရည်၊ ကျောက်ကျော၊ ကျောက်ကျောချောင်း၊ သာကူစေ့၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်တို့ကို အစုံအစိထည့်ပြီး ရေခဲလေးနဲ့ဆိုတော့ စားလို့သောက်လို့ကောင်းတယ်။

၅။ လက်ဖက်ခရမ်းချဉ်သီးသုပ်

29314717_10204240930940588_4078739349326266368_o.jpg 

" အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" လို့ မြန်မာတွေက ဆိုခဲ့ကြတယ်။ လက်ဖက်သုပ်နဲ့ရေနွေးကြမ်းဆိုတာ ဧည့်သည်တွေကို တည်ခင်းတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီလက်ဖက်သုပ်ကို ထက်ခြမ်း ခြမ်းထားတဲ့ ခရမ်းချဉ်သီးထဲထည့်ပြီး ကိုက်စားရတာတော့ အားပါးတရပဲ။ ခရမ်းချဉ်သီးစားတော့ ရင်ပူလည်း သက်သာတယ်လေ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က