(၂) အလွယ်စားလို့ရမယ့် စားဖွယ်လေးတွေကြိုတင်ပြင်ဆင်ထားပါ
Phyo Min Thant

ခရစ္စမတ်ကလည်းနီးပြီဆိုတော့ ချစ်ရခင်ရတဲ့ဆွေမျိုးတွေ၊သူငယ်ချင်းတွေနဲ့ကိုယ်အိမ်မှာ မမေ့နိုင်စရာခရစ္စမတ်ပါတီပွဲလေး တစ်ခု သူသူကိုယ်ကိုယ်ကျင်းပချင်ကြမှာပါပဲ။ဒါကြောင့်ငွေတွေအများကြီးကုန်ကျစရာမလိုသလို အချိန်အများကြီး ပေးပြီးလူလည်းအရမ်းမပင်ပန်းဘဲနဲ့ မမေ့နိုင်စရာခရစ္စမတ်ပါတီလေးဖြစ်စေမယ့် အကြံပြုချက် ၄ ချက်ကိုဖော်ပြပေးချင်ပါတယ်။

(၁) ကော့တ်တေးလ်နဲ့ကြိုပါ

ဧည့်သည်တွေဝင်လာခါစမှာ ကော့တ်တေးလ်လေးနဲ့ကြိုလိုက်တာက ပါတီကိုအသက်ဝင်သွားစေမှာဖြစ်ပြီး စကားပြောလို့ ကောင်းကာရင်းနှီးနွေးထွေးမှုတွေတိုးပွားစေမှာပါ။ ဒီအတွက်ကော့တ်တေးလ်ဖျော်စပ်ဖို့ ကျွမ်းကျင်တဲ့သူတစ်ယောက်ငှား ထားဖို့ထိမလိုအပ်ပါဘူး။ အသင့်ဖျော်စပ်ပြီးသား ရိုးရိုးရှင်းရှင်းကော့တ်တေးလ်နဲ့လည်းအဆင်ပြေပါတယ်။

အကြံပေးချင်တာကတော့ Jacob's Creek Sparkling Moscato Rose လိုအသီးအရသာကဲတဲ့ ဝိုင်ချိုချိုလေးနဲ့ကြိုလိုက်ဖို့ ပါပဲ။

(၂) အလွယ်စားလို့ရမယ့် စားဖွယ်လေးတွေကြိုတင်ပြင်ဆင်ထားပါ

ပါတီပွဲချိန်ရောက်မှတစ်နေကုန်ချက်၊ပြုတ်နေရမယ်ဆိုရင် အရမ်းပင်ပန်းပြီးပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဓိကစားသောက်ဖွယ်တွေမဟုတ်ဘဲ ကြာကြာခံပြီး အလွယ်တကူယူစားလို့ရမယ့်စားဖွယ်လေးတွေကို ပွဲမတိုင်မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့အကြံပေးချင်ပါတယ်။ အဲဒီလိုကြိုတင်ပြင်ဆင်ထားတဲ့ စားဖွယ်လေးတွေကို ပန်းကန်ပြားလေးတွေနဲ့ထည့်ပြီး ဧည့်သည်တွေအလွယ်တကူလက်လှမ်းမီအောင် ပြင်ဆင်ပေးထားမယ်ဆိုရင် ရောက်လာတဲ့သူတွေအားလုံးအတွက်စိတ်ကျေနပ်စရာဖြစ်စေမှာပါ။

(၃) ဧည့်သည်တွေအကူအညီနဲ့ရွေးချယ်စရာဝိုင်တွေများနေအောင်စီစဉ်ပါ

ကိုယ်ကအိမ်ရှင်ဆိုပြီး အရာအားလုံးကိုကိုယ်တစ်ယောက်တည်းလုပ်စရာမလိုပါဘူး။ ဖိတ်ထားတဲ့ဧည့်သည်တွေကို ဝိုင်တစ်မျိုးစီလောက်ယူလာခိုင်းမယ်ဆိုရင်သင့်ပါတီမှာ ဝိုင်အမျိုးအစားစုံစုံလင်လင်ရှိနေမှာဖြစ်ပြီးဧည့်သည်တွေအတွက် ရွေးချယ်စရာဝိုင်တွေများသွားမှာပဲဖြစ်ပါတယ်။

ပိုပြီးပျော်စရာကောင်းသွားအောင် ဧည့်သည်တွေအကြိုက်ဆုံးဝိုင်အမျိုးအစားကိုမဲပေးခိုင်းပြီး မဲအများဆုံးရတဲ့ ဝိုင်ပုလင်း ယူဆောင်လာသူကိုကြေညာပေးတာ၊ဆုတစ်ခုခုပေးတာမျိုးလည်းလုပ်ဆောင်လို့ရပါသေးတယ်။

(၄) တစ်ဦးချင်းစီကိုဂရုစိုက်ပါ

အလုပ်များလှတဲ့နေ့စဉ်ဘဝမှာ သင်ချစ်ရခင်ရသူတွေကို သူ့တို့ကသင့်အတွက်ဘယ်လောက်အရေးပါကြောင်း ဖော်ပြဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ဒါကြောင့် ခရစ္စမတ်ပါတီလိုပွဲမျိုးကျင်းပချိန်အခွင့်အရေးရတုန်းမှာ သင့်ဆီကိုရောက်လာတဲ့ဧည့်သည်တစ်ယောက်စီတိုင်းကို သူတို့ဟာသင့်အတွက်ဘယ်လောက်အရေးပါပြီး ချစ်ခင်ရတယ်ဆိုတာကိုဂရုတစိုက်ဖော်ပြလိုက်နိုင်ဖို့ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

ဒီအတွက်အကြံပြုချင်တာက လူတိုင်းကို " မင်းနဲ့သူငယ်ချင်းဖြစ်ရတာငါ့အတွက်ကံအရမ်းကောင်းတာပဲ " ဆိုတဲ့စကားလိုမျိုး ယေဘူယျဆန်တဲ့စကားမျိုးနဲ့မဖော်ပြဘဲ တစ်ဦးချင်းစီကိုသူတို့နဲ့သင်နဲ့ကြားသီးခြားအမှတ်တရ အဖြစ်အပျက်လေးတွေအကြောင်း ပြန်ပြောင်းပြောရင်း သူတို့အပေါ်သင့်ရဲ့အလေးထားမှုကိုဖော်ပြတာမျိုး လုပ်ဆောင်သင့်ပါတယ်။

ဒီအချက်တွေအတိုင်းလုပ်ဆောင်ကြည့်မယ်ဆိုရင် နောက်နှစ်တွေမှာလည်းသင့်ရဲ့ပါတီကိုတက်ချင်တဲ့သူတွေ တန်းစီနေမှာ သေချာပါတယ်။


က္က