ရှမ်းထမင်းချဉ်က အိမ်မှာအလွယ်တကူလုပ်စားလို့ရပေမယ့် ငါးထမင်းနယ်လို နေရာတိုင်းမှာတော့ ရရှိဖို့ခက်ခဲပြီး ရှမ်းပြည်ဒေသစားသောက်ဆိုင်အများစုမှာသာ ရရှိနိုင်တဲ့ အစားအစာတစ်ခုပါ။

ရှမ်းပြည်နယ်ရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပေမယ့် နေရာဒေသအသီးအသီးက လူမျိုးမရွေး ရှမ်းထမင်းချဉ်ကို နှစ်သက်ကြပါတယ်။

Photo: Myanmar Food

ရှမ်းပြည်နယ် တောင်ပိုင်းဒေသရှိ စားသောက်ဆိုင်အများစုမှာ ရောင်းချတတ်ပြီး ပွဲတော်ရာသီတွေဆိုရင်တော့ နေရာတိုင်းလိုလိုမှာ ဖောဖောသီသီစားရလေ့ရှိတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှာလည်း အလွယ်တကူချက်ပြုတ်စားသောက်နိုင်ပါသေးတယ်။ အိမ်မှာလည်း အလွယ်တကူ လုပ်စားလို့ရတဲ့ အစားအစာလေးတစ်ခုဖြစ်တာကြောင့် ရှမ်းထမင်းချဉ်ကို အိမ်မှာလုပ်စားနိုင်မယ့် ပြုလုပ်နည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Photo: Myanmar Food

လူကြိုက်များတဲ့ ရှမ်းရိုးရာအစားအစာများ

ရှမ်းအစားအစာတွေ အဖြစ် ရှမ်းထမင်းချဉ် ၊ အားလူးထမင်းနယ်၊ ငါးထမင်းနယ် အပါအဝင် ဟင်းထုပ်စတဲ့ အစားအသောက်တွေဟာလည်း လူကြိုက်များတဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။ ထူးထူးဆန်းဆန်း လူနေမှု ဓလေ့နဲ့ အင်းလေးကိုပဲသွားမလား၊ ရာသီဥတုအေးအေးချမ်းချမ်းရှိလှတဲ့ ကလော၊ တောင်ကြီးကိုပဲသွားမလား ဒီနေရာတွေရောက်ရင်တော့ မဖြစ်မနေ စားသုံးကြတဲ့ ဒေသအစားအစာတစ်မျိုးပါ။ ရှမ်းထမင်းချဉ်ဆိုတာက ငါးထမင်းနယ်လိုမျိုးမဟုတ်ဘဲ သားသတ်လွတ်ပါ။ ကြက်သွန်နီ ဆီချက်လည်းပါတယ်၊ ပြီးတော့ အပေါ်ကနေ ခရမ်းချဉ်သီး အနှစ်နဲ့အုပ်လိုက်တော့ နာမည်နဲ့လိုက်အောင် အရသာက နည်းနည်းချဉ်တဲ့ဘက်ကို ပါပါတယ်။ 

Photo: Sofia

ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ

ပါဝင်ပစ္စည်းတွေကတော့ ရှမ်းဆန်၊ ခရမ်းချဉ်သီး ၊ အာလူး၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်တို့က အဓိကလိုအပ်တဲ့ ပစ္စည်းတွေပါ။ အရင်ဆုံး ရှမ်းဆန်နဲ့ ထမင်းချက်ထားပြီး လိုအပ်တဲ့ အစာပလာတွေအတွက်ပြင်ဆင်ထားပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး ဆီချက် ချက်မယ်။ ပြီးရင်တော့ ကြက်သွန်တွေနဲ့ ဆီချက်ကို သန့်သန့်ဆီခွဲထားပါမယ်။

အာလူးပြုတ်မယ် အာလူးပြုတ်တဲ့အခါမှာ အာလူးကို နူးအိနေအောင် ပြုတ်ဖို့တော့လိုပါတယ်။ ရှမ်းထမ်းချဉ်ရဲ့ အဓိက အရသာတစ်ခုဖြစ်တဲ့ အချဉ်ဓာတ်အတွက် ခရမ်းချဉ်သီးကိုပြုတ်ပါမယ် ။ ခရမ်းချဉ်သီပြုတ်တဲ့အခါ ဟင်းခတ်မှုန့်အနည်းငယ်၊ နနွင်းနဲ့ ငံပြာရည်တို့ကို ထည့်ပြုတ်ပါ။ ရေ အနည်းငယ်ကျန်ပြီး ခရမ်းချဉ်သီး အနှစ်ပြဲသွားရင်တော့ မီးပူပေါ်က ချလို့ရပါပြီ။ ထမင်းလည်းချက်ပြီ လိုအပ်တဲ့ အစာပလာတွေအတွက်လည်းပြင်ဆင်ပြီးပြီဆိုရင်တော့ ရှမ်းထမင်းချဉ်ကို စတင်ပြုလုပ်ပါမယ်။

ဇလုံတစ်ခုထဲမှာ ထမင်းထည့်၊ အာလူးကိုချေပြီးထည့်၊ ခရမ်းချဉ်သီးအနှစ်၊ ဆီချက်၊ ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး သမအောင် နယ်ပါမယ်။ ကိုယ်နှစ်သက်တဲ့ အရသာလေးရပြီဆိုရင်တော့ ပန်းကန်ပြားလေးထဲ လှပအောင်ထည့်ပြီး အဆင်သင့်ကြော်ထားတဲ့ ကြက်သွန်ကြော်လေးနဲ့ ကြက်သွန်မြိတ်လေးဖြူးကာ အရသာရှိတဲ့ ရှမ်းထမင်းချဉ်လေးကို စားသုံးနိုင်ပြီဖြစ်ပါတယ်။

ဘာနဲ့တွဲစားမလဲ

အရသာရှိတဲ့ ရှမ်းထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ၊ ဝက်ခေါက်ကြော်တို့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ အခုပြောပြခဲ့တာလေးကတော့ ရှမ်းရိုရာအစားအစ ရှမ်းထမင်းချဉ် ပြုလုပ်တဲ့ ရိုးရှင်းလွယ်ကူတဲ့နည်းလေးပါ။ သားသတ်လွတ် ပုံစံလည်းဖြစ်တယ်။ သားသတ်လွတ်မစားချင်တဲ့သူတွေအတွက်ကျတော့ ဝက်သားနဲ့စားချင်ရင် ဝက်သားနဲ့ ၊ ကြက်သားနဲ့ဆိုရင်လည်း ကြက်သားနဲ့ ငါးနဲ့လည်း ရောနှပ်စားလို့ရပါတယ်။ ရှမ်းထမင်းချဉ်က အိမ်မှာအလွယ်တကူလုပ်စားလို့ရပေမယ့် ငါးထမင်းနယ်လို နေရာတိုင်းမှာတော့ ရရှိဖို့ခက်ခဲပြီး ရှမ်းပြည်ဒေသစားသောက်ဆိုင်အများစုမှာသာ ရရှိနိုင်တဲ့ အစားအစာတစ်ခုပါ။ ရှမ်းပြည်နယ်ဘက် အလည်တစ်ခေါက်သွားရောက်ခဲ့တဲ့အခါကျရင်တော့ ရှမ်းထမင်းချဉ်လေးကို စားခဲ့ဖို့ မမေ့ကြပါနဲ့ဦးနော်။



က္က