သင်္ကြန်တွင်းမှာအိမ်မှာ ထူးထူးခြားခြားတစ်ခုခုလုပ်စားချင်သူတွေအတွက်အဆင်ပြေမှာပါ။

သင်္ကြန်တွင်းမှာအိမ်မှာ ထူးထူးခြားခြားတစ်ခုခုလုပ်စားချင်တယ်။ ဘာလုပ်စားရမှန်းလည်း စဉ်းစားမရသေးဘူး ဖြစ်နေသူတွေအတွက် ဝီစကီစိမ်ကြက်တောင်ပံကင်လုပ်နည်းလေးဖော်ပြပေးချင်ပါတယ်။ ဒီဝီစကီစိမ်ကြက်တောင်ပံကင် ကို သြစတြေးလျ AUSTRALIAN CABERNET SAUVIGNON ဝိုင်နဲ့တွဲဖက်သုံးဆောင်မယ်ဆိုရင်အထူးပဲလိုက်ဖက်မှာပါ။


ပါဝင်ပစ္စည်းများ (လူ ၄ ဦးစာအတွက်)


- ကြက်တောင်ပံ ၁ ကီလိုဂရမ်

- ဝီစကီ ၁၀၀ မီလီလီတာ

- သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

- နောက်ထပ် ဝီစကီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ

- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

- သံပရာသီး ၁ လုံး အရည်ညှစ်ထားရန်

- ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားရန်)

- ဂေါ်ဖီထုပ် ၁ စိတ် (လှီးထားရန်)

- သင်္ဘောသီး ၁ စိတ် (အနေတော်လှီးထားရန်)

- ထောပတ်သီး ၁ လုံး ( ခပ်သေးသေးစိတ်ထားရန်)

- တရုတ်နံနံ လက်တစ်ဆုပ်စာ ( လှီးထားရန်)

- ငရုတ်သီးစိမ်း ၁ တောင့် (လှီးထားရန်)

- သံပရာသီး ၁ လုံး အရည်ညှစ်ထားရန်

- ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

- ကြက်သွန်ဖြူ ၁ မွှာ (လှီးထားရန်)

- ကောင်းစွာလှီးထားသော တရုတ်နံနံ နှင့် နံနံပင် ခွက်တဝက်စီ

- သံလွင်ဆီအနည်းငယ်

- ဆား


ပြုလုပ်ပုံ

၁။ ကြက်တောင်ပံကို အိုးထဲတွင်ထည့်ပြီး ဝီစကီ၊ သကြား၊ ပဲငံပြာရည်တို့ထည့်ကာ ပါဝင်ပစ္စည်းများကြက်တောင်ပံတွင် နှံ့အောင်နယ်ပေးပါ။ ထို့နောက်ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီခန့် ထည့်ထားပါ။ တစ်ညလုံးထည့်ထားနိုင်ရင် ပိုကောင်းပါ တယ်။

၂။ မီးဖိုကို အပူချိန် 180C ထားပါ။

၃။ ကြက်တောင်ပံကို မီးဖိုပေါ်တင်ပြီး တစ်ဖက်လျှင် ၁၅ မိနစ်ခန့်ကင်ပါ။

၄။ အဲဒီလိုကင်နေချိန်မှာ ဝီစကီအချဉ် လုပ်ထားပါမယ်။ ဝီစကီ၊ သကြား၊ သံပုရာရည် နဲ့ ကြက်သွန်နီတို့ကိုအတူတူထည့်ပြီး ခလောက်ပါ။

၅။ ဂေါ်ဖီထုပ်၊ သင်္ဘောသီး၊ ထောပတ်သီး နဲ့ ငရုတ်သီးတို့ကို ဇလုံတစ်ခုထဲထည့်ပြီး နှယ်ကာ ပန်းကန်ပြားထဲထည့်ထားပါ။

၆။ တွဲဖက်ပြင်ဆင်ရန်အတွက် သံပုရာရည်၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊တရုတ်နံနံ၊ နံနံပင် တို့ကို သံလွင်ဆီဆမ်းပြီး ငရုတ်စုံထဲထည့်ကာ သမအောင်ထောင်းပါ။ အရသာကောင်းအောင် ဆားသင့်တင့်ရုံထည့်ပါ။

၇။ အဲဒီလိုပြင်ဆင်ထားတဲ့အသီးအရွက်တွေကို ပန်းကန်ပြားထဲလှပအောင်ထည့်ပြီးအပေါ်မှ ကြက်တောင်ပံကင်တွေ တင်ပါ။ အဲဒီနောက်ဝီစကီချဉ်ကို အပေါ်ကနေဆမ်းလိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

ဒီ ဝီစကီစိမ်ကြက်တောင်ပံကင်ကို ကွန်နာဝါးရားဒေသတစ်ခုတည်းကထွက်တဲ့ အရည်အသွေးမြင့် စပျစ်သီးတွေကနေ ဖောက်လုပ်ထားလို့ သက်တမ်းရင့်ပြီးအရသာကောင်းလှတဲ့ Jacob’s Creek Reserve Cabernet Sauvignon ဝိုင်နဲ့ တွဲဖက်သုံးဆောင်ကြည့်မယ်ဆိုရင် အလွန်တရာလိုက်ဖက်တဲ့အရသာကိုခံစားကြရမှာပါ။ ဒီ Jacob’s Creek Reserve ဝိုင်ဟာဆိုရင်ကွန်နာဝါးရားဒေသရဲ့မူလ Cabernet Sauvignon အရသာစစ်စစ်ကိုသောက်သုံးသူတွေကွဲကွဲပြားပြားသိ နိုင်အောင် ပေးစွမ်းနိုင်တဲ့စံချိန်မီဝိုင်ကောင်းတစ်မျိုးပဲဖြစ်ပါတယ်။



Jacob's Creek ဝိုင်အကြောင်း လိုရင်း၊တိုရှင်း မိတ်ဆက်

 - သြစတြေးလျရဲ့ နံပါတ်တစ် ဝိုင်

 - ကမ္ဘာပေါ်က ဝိုင်ဈေးကွက် ၁၇ ခုမှာ လူကြိုက်အများဆုံးသြစတြေးလျဝိုင်အမှတ်တံဆိပ်

- ကမ္ဘာတဝမ်းမှာနေ့စဉ် Jacob's Creek ဝိုင်ခွက်ပေါင်း ၁ သန်းခန့်သောက်သုံးလျက်ရှိ

- ၁၀ နှစ်တာအတွင်း ဆုတံဆိပ်ပေါင်း ၇၀၀၀ ကျော်ဆွတ်ခူးထားတဲ့ဝိုင်

- Jacob's Creek ဝိုင်ကိုနိုင်ငံပေါင်း ၇၀ ကိုတင်ပို့လျက်ရှိ

- The World Association of Wine Writers and Journalists ရဲ့အဆင့်သတ်မှတ်ချက်အရ ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ဆုတံဆိပ် ဆွတ်ခူးနိုင်မှုအများဆုံး ဝိုင်

Share

Loading Next Article...
က္က