တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဘင်္ဂလားဒေ့၊ ဂျပန်၊ ဘရာဇီး၊ ဂျာမနီနဲ့ ဖိလစ်ပိုင်တို့ဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်း အများဆုံးနိုင်ငံတွေဖြစ်ပါတယ်။
 

ကမ္ဘာတစ်ဝန်းရှိ လူသေဆုံးမှုဖြစ်စဉ် ၁၀ ခုတိုင်းမှာ ၁ ခုက ဆေးလိပ်ကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ ပညာရှင်တွေရဲ့ တွက်ချက်မှုအသစ်များအရ သိရပါတယ်။ ဒါဟာ နှစ်စဉ် ဆေးလိပ်ကြောင့်လူသေဆုံးမှု ၆.၄ သန်း နဲ့ ညီမျှနေတဲ့ သဘောပါပဲ။

ဒီခန့်မှန်းတွက်ချက်မှုအတွက် အချက်အလက်တွေကို အကြမ်းဖက်မှုဖြစ်ပွားလေ့ရှိတဲ့နိုင်ငံတွေနဲ့ ဆေးလိပ်သောက်သုံးမှုများပြားတဲ့နိုင်ငံ စုစုပေါင်း ၁၉၅ နိုင်ငံရဲ့ ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကြား သေဆုံးမှုတွေကို ခြေရာခံခဲ့ရပါတယ်။ အချက်အလက်တွေအရ ဆေးလိပ်သောက်သုံးခြင်းကြောင့် လူသေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်သွားနိုင်ခြေ များစွာမြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။

 

၂၀၁၅ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဘင်္ဂလားဒေ့၊ ဂျပန်၊ ဘရာဇီး၊ ဂျာမနီနဲ့ ဖိလစ်ပိုင်တို့ဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ကြပြီး ကမ္ဘာတစ်ဝန်းရှိ ဆေးလိပ်သောက်သူအရေအတွက်ရဲ့ ၆၃.၆ ရာခိုင်နှုန်းဟာ အဆိုပါနိုင်ငံတွေရှိ ဆေးလိပ်သောက်သူဦးရေနဲ့ ညီမျှပါတယ်။ ယင်းနိုင်ငံတွေထဲမှာမှ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆေးလိပ်သောက်သုံးမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ အရွယ်မတိုင်မီသေဆုံးမှုနဲ့ မသန်စွမ်းဖြစ်နိုင်ခြေ အမြင့်ဆုံးစာရင်းတွေထဲမှာ ဒုတိယနေရာမှာရှိနေတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဆေးရွက်ကြီးသုံးစွဲမှုကို မထိန်းချုပ်နိုင်သမျှ ဆေးရွက်ကြီးကြောင့် သေဆုံးမှုဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ပိုမိုပျံ့နှံ့လာနေဦးမှာဖြစ်ကြောင်း လေ့လာသူ ပညာရှင်တွေက သတိပေးခဲ့ကြောင်း အမေရိကန်ဆေးပညာဂျာနယ် Lancent က ဖော်ပြခဲ့ပါတယ်။

Source : Huffpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က