• Health
    လမ်းလျှောက်သင်္ကြန်နွှဲမယ်ဆို ဒါလေးတွေ သိထားဖို့လို
Su Yee Moe
[Unicode Version]

17424925-487627538028311-3630921675571784934-n.jpg

သင်္ကြန်အတက်နေ့ကို ရောက်လာပါပြီ။ နောက်ဆုံးနေ့ဆိုတော့ အိမ်တွင်းပုန်းနေတဲ့လူတွေတောင်မှ အပြင်ကို ထွက်လာကြတယ်လေ။ ရန်ကုန်မှာတော့ လမ်းလျှောက်ဆင်နွှဲမယ့် Splash Walk ရှိပါတယ်။ လမ်းလျှောက်ရင်း အချင်းချင်း ရေပက်မယ်၊ ရေပက်ခံထွက်မယ် ဆိုတော့ ပျော်စရာကြီး။ နည်းနည်းလေးမှ စိတ်မညစ်ရဘဲ ပျော်ရအောင် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေလည်း မှတ်သွားလိုက်ပါဦး။

ဆက်စပ်ဖတ်ရှုနိုင်ရန် --->

၁။ အဝတ်အစား

လမ်းလျှောက်ရင် ဂျင်းဘောင်းဘီရှည်နဲ့ လျှောက်ရတာ ဘယ်လိုမှ အဆင်မပြေဘူးနော်။ ဘောင်းဘီအသားက မာတော့ အသားတွေပွန်းနိုင်တယ်။ ဆွဲသားဂျင်းလေးတွေကို ရွေးမယ်ဆိုရင် မဆိုးဘူးပေါ့။ ရာသီဥတုကလည်း အေးမှာဆိုတော့ အပေါ်ကထပ်ဝတ်ဖို့ အကျႌနဲ့ ဦးထုပ်လည်း မပါမဖြစ်ဆောင်ပါ။ ထပ်ဝတ်မယ့်အကျႌက ဆွယ်တာသားဆိုရင် အကောင်းဆုံးပဲ။ ရေညှစ်လိုက်ပြီး ပြန်ဝတ်ရင် နွေးနေမှာ။ အအေးမပတ်တော့ဘူးပေါ့။

how-to-choose-the-right-walking-shoe.jpg 

၂။ ဖိနပ်

Walking Shoe စီးမယ်ဆိုလည်း သက်တောင့်သက်သာဖြစ်မယ့်ဖိနပ်ကို ရွေးပါ။ လမ်းလျှောက်ရင်း ခြေထောက်ပွန်းတာ သက်သာအောင် ခြေအိတ်လည်း စီးပါ။ အိတ်ထဲမှာ ပလာစတာနှစ်ခုလောက်တော့ လိုရမည်ရ ထည့်သွားပါဦး။ ကင်းဗတ်ဖိနပ်ကတော့ သင်္ကြန်မှာလမ်းလျှောက်လို့ အကောင်းဆုံးပါပဲ။

17424925-487627538028311-3630921675571784934-n.jpg 

၃။ မျက်စိကိုဂရုစိုက်

သွားရင်းလာရင်း မျက်စိထဲ အမှိုက်ဝင်တာမျိုး၊ ရေမသန့်လို့ မျက်စိနာတာမျိုး ဖြစ်တတ်တယ်။ မျက်စိထဲ အမှိုက်ဝင်သွားရင် လက်ကိုသန့်ရှင်းအောင်ဆေးပြီး အမှိုက်စကပ်နေတဲ့နေရာကို သန့်ရှင်းတဲ့ဂွမ်းတံနဲ့ ဖယ်ရှားပါ။ မျက်လုံးပေါ်မှာဆိုရင်တော့ ရေထဲမှာ မျက်တောင်ခတ်ပေးလိုက်ရုံနဲ့ ရပါပြီ။ အမှိုက်အရမ်းကြီးရင် ကိုယ့်ဘာသာမထုတ်ပါနဲ့။ ပွတ်မိရင်လည်း ပိုဆိုးနိုင်ပါတယ်။ မသန့်တဲ့ အရည်တွေ မျက်လုံးထဲဝင်သွားရင်တော့ ဦးခေါင်းကို ရေဘုံဘိုင်အောက်မှာ တစောင်းထားပြီး မျက်လုံးကို ရေတွေဖြတ်သန်းစီးဆင်းသွားပါစေ။

[Zawgyi Version]

သႀကၤန္အတက္ေန႔ကို ေရာက္လာပါၿပီ။ ေနာက္ဆံုးေန႔ဆိုေတာ့ အိမ္တြင္းပုန္းေနတဲ့လူေတြေတာင္မွ အျပင္ကို ထြက္လာၾကတယ္ေလ။ ရန္ကုန္မွာေတာ့ လမ္းေလွ်ာက္ဆင္ႏႊဲမယ့္ Splash Walk ႐ွိပါတယ္။ လမ္းေလွ်ာက္ရင္း အခ်င္းခ်င္း ေရပက္မယ္၊ ေရပက္ခံထြက္မယ္ ဆုိေတာ့ ေပ်ာ္စရာႀကီး။ နည္းနည္းေလးမွ စိတ္မညစ္ရဘဲ ေပ်ာ္ရေအာင္ က်န္းမာေရးနဲ႔သက္ဆိုင္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ေတြလည္း မွတ္သြားလိုက္ပါဦး။

ဆက္စပ္ဖတ္ရႈႏိုင္ရန္ --->

၁။ အဝတ္အစား

လမ္းေလွ်ာက္ရင္ ဂ်င္းေဘာင္းဘီရွည္နဲ႔ ေလွ်ာက္ရတာ ဘယ္လိုမွ အဆင္မေျပဘူးေနာ္။ ေဘာင္းဘီအသားက မာေတာ့ အသားေတြပြန္းႏိုင္တယ္။ ဆြဲသားဂ်င္းေလးေတြကို ေရြးမယ္ဆုိရင္ မဆိုးဘူးေပါ့။ ရာသီဥတုကလည္း ေအးမွာဆုိေတာ့ အေပၚကထပ္ဝတ္ဖုိ႔ အက်ႌနဲ႔ ဦးထုပ္လည္း မပါမျဖစ္ေဆာင္ပါ။ ထပ္ဝတ္မယ့္အက်ႌက ဆြယ္တာသားဆိုရင္ အေကာင္းဆံုးပဲ။ ေရညႇစ္လိုက္ၿပီး ျပန္ဝတ္ရင္ ေႏြးေနမွာ။ အေအးမပတ္ေတာ့ဘူးေပါ့။

 

၂။ ဖိနပ္

Walking Shoe စီးမယ္ဆုိလည္း သက္ေတာင့္သက္သာျဖစ္မယ့္ဖိနပ္ကို ေရြးပါ။ လမ္းေလွ်ာက္ရင္း ေျခေထာက္ပြန္းတာ သက္သာေအာင္ ေျခအိတ္လည္း စီးပါ။ အိတ္ထဲမွာ ပလာစတာႏွစ္ခုေလာက္ေတာ့ လိုရမည္ရ ထည့္သြားပါဦး။ ကင္းဗတ္ဖိနပ္ကေတာ့ သႀကၤန္မွာလမ္းေလွ်ာက္လုိ႔ အေကာင္းဆံုးပါပဲ။

 

၃။ မ်က္စိကိုဂ႐ုစိုက္

သြားရင္းလာရင္း မ်က္စိထဲ အမႈိက္ဝင္တာမ်ိဳး၊ ေရမသန္႔လို႔ မ်က္စိနာတာမ်ိဳး ျဖစ္တတ္တယ္။ မ်က္စိထဲ အမႈိက္ဝင္သြားရင္ လက္ကိုသန္႔ရွင္းေအာင္ေဆးၿပီး အမႈိက္စကပ္ေနတဲ့ေနရာကို သန္႔ရွင္းတဲ့ဂြမ္းတံနဲ႔ ဖယ္ရွားပါ။ မ်က္လံုးေပၚမွာဆုိရင္ေတာ့ ေရထဲမွာ မ်က္ေတာင္ခတ္ေပးလိုက္ရံုနဲ႔ ရပါၿပီ။ အမႈိက္အရမ္းႀကီးရင္ ကိုယ့္ဘာသာမထုတ္ပါနဲ႔။ ပြတ္မိရင္လည္း ပိုဆိုးႏိုင္ပါတယ္။ မသန္႔တဲ့ အရည္ေတြ မ်က္လံုးထဲ၀င္သြားရင္ေတာ့ ဦးေခါင္းကို ေရဘံုဘိုင္ေအာက္မွာ တေစာင္းထားၿပီး မ်က္လံုးကို ေရေတြျဖတ္သန္းစီးဆင္းသြားပါေစ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs