ရောင်ရမ်းတဲ့နေရာကို အုန်းဆီလိမ်းနှိပ်နယ်ပေးရင် သက်သာလာပါတယ်။

အုန်းဆီဟာ ဆံပင်ကို နက်မှောင်သန်စွမ်းစေပြီး အသားအရေကိုလည်း စိုပြေစေတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ အုန်းသီးရင့်ရင့်ကိုမှ အဆီထုတ် ကျိုချက်ထားတာမို့ အုန်းဆီရဲ့အနံ့ကလည်း မွှေးလှပါတယ်။ ယခုနောက်ပိုင်းမှာတော့ သန့်စင်တဲ့အုန်းဆီစစ်စစ်ကို သောက်သုံးခြင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကောင်းတယ်လို့ ယူဆကြပြီး သောက်သုံးလာကြပါတယ်။ အုန်းဆီကို ဆေးလိုအသုံးပြုမယ်ဆိုရင်လည်း ရနိုင်ပါသေးတယ်။



၁။ အရိုးကြံ့ခိုင်စေ

အစားစားတဲ့အခါ သန့်စင်ပြီး အရောအနှောကင်းတဲ့ အုန်းဆီစစ်စစ်ကို ထည့်စားပါ။ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ်တစ်ခုက ဆိုထားပါတယ်။ ကြွက်တွေရဲ့အစားထဲကို အုန်းဆီပါထည့်သွင်းကျွေးမွေးကြည့်ပြီး သီတင်းပတ် ၆ ပတ်အကြာမှာ ပြန်လည်စစ်ဆေးကြည့်တဲ့အခါ အရိုးထုထည်ပိုကြီးလာပြီး အခြားသော အရိုးအတွက်ကောင်းတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ အဆစ်အမြစ်နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါသေးတယ်။ ရောင်ရမ်းတဲ့နေရာကို အုန်းဆီလိမ်းနှိပ်နယ်ပေးရင် သက်သာလာပါတယ်။

 

၂။ ထိခိုက်ရှနာတွေ အကျက်မြန်စေ

ပွန်းပဲ့ ရှနာ အသေးစားတွေဟာ အုန်းဆီလိမ်းလိုက်ရုံနဲ့ မြန်မြန်ဆန်ဆန် ပျောက်သွားပါတယ်။ အနာကို သန့်ရှင်းအောင်ထားပြီး အုန်းဆီလိမ်းမယ့် ကိရိယာတန်ဆာပလာကိုလည်း သန့်အောင်ထားဖို့တော့ အရေးကြီးတာပေါ့။

 

အလှအပအတွက် ပြောရမယ်ဆိုရင်တော့ အုန်းဆီဟာ ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေကို စိုပြေကြည်လင်စေပါတယ်။ ဆံပင်ကို နက်မှောင်သန်စွမ်းစေပြီး ဗောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

Source : Urbo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က